နှလုံးသွေးကြောကျဉ်းရောဂါအကြောင်း သိကောင်းစရာ
နှလုံးကြွက်သားများသို့ သွေးပေးနေသည့် သွေးလွှတ်ကြောများ ကျဉ်းမြောင်း ပိတ်ဆို့မူကြောင့် ဖြစ်သော ရောဂါများကို ဆိုလိုသည်။ နှလုံးသွေးကြောကျဉ်းရောဂါ (Ischaemic Heart Disease) ဖြစ်စေတတ်သော အကြောင်းရင်းမှာ သွေးကြောမာခြင်း (Athorosc Lerosis) ကြောင့်ဖြစ်သည်။
သိသင့်သောအချက်များ
၁။ ဖြစ်စေတတ်သော ရောဂါ အမျိုးအစားများမှာ -
(က) သွေးလွှတ်ကြော ၇၀-ရာခိုင်နူန်း ကျဉ်းလာလျှင် လူပ်ရှားတိုင်း ရင်အောင့်တတ်သော
(Angina Pectoris)။
(ခ) ပို၍ ကျဉ်းလာလျှင် အချိန်မရွေး ရင်အောင့်တတ်သော (Unstable Angina)။
(ဂ) သွေးကြော လုံးဝ ပိတ်သွား၍ ကြွက်သား ပျက်စီးခြင်း (Acute Myocardial Infarction)။
(ဃ) တဖြည်းဖြည်း ဖြစ်လာတတ်သော (Chromie Ischaemic Heart Disease)။
(င) ရုတ်တရက် နှလုံးခုံရပ်ခြင်း (Cardiac Arrest)။
၂။ လူ၏ သွေးကြောမာခြင်း (Athorosc Lerosis) ရောဂါသည် သွေးလွှတ်ကြောများကို အကွက်လိုက် မာစေ၍ သွေးကြောကို ကျဉ်းသွားစေနိုင်သည်။ ကျဉ်းနေသော သွေးကြောများ သွေးခဲဖြင့် ပိတ်သွားစေနိုင်သည်။ နှလုံးသွေးလွှတ်ကြာနှင့် ဦးနှောက်သွေးလွှတ်ကြောတို့တွင် အများဆုံး ဖြစ်တတ် သည်။
၃။ သွေးကြောမာခြင်းသည် အသက်(၂၅-၃၀) လောက်တွင် စဖြစ်၍ အသက်(၄၀-၅၀) အ၇ွယ်လောက်ကျမှ ရောဂါအဖြစ် လက္ခဏာပေါ်သည်။ ထို့ကြောင့် သွေးကြောမာခြင်းကို ကာကွယ်ရန်မှာ အသက်ငယ်စဉ်က စ၍ လိုအပ်သည်။
၎။ အသက် (၄၀-၅၀) အရွယ် ယောက်ျားများတွင် ပို၍ ဖြစ်တတ်သည်။ သွေးဆုံးပြီး အမျိုးသမီးများတွင်လည်း အဖြစ်များသည်။
၅။ ရောဂါဖြစ်စေရန် လူံ့ဆော်သော အချက်များ (Risk Factor)
(၁) ဆီးချိုရောဂါ
(၂) သွေးတိုးရောဂါ
(၃) သွေးအတွင်း၌ အဆီ (Cholesterol)
(၄) အ၀လွန်ခြင်း
(၅) ဆေးလိပ်အသောက်များသူ
(၆) စိတ်ပူပန်သောကများသူ
(၇) ပဋိသန္ဓေ တားဆေး သောက်သော အမျိုးသမီးများ။
ရောဂါ၏ လက္ခဏာများ
ရင်အောင့်ခြင်း။ ။ ရင်ညွှန့်ရိုး၏ နောက်မှ ရုတ်တရက် အလွန်ပြင်းထန်စွာ နာခြင်း၊ ဆုပ်ညှစ် စည်းနှောင် ထားသကဲ့သို့ ရင်အောင့်ခြင်းမျိုး ဖြစ်လေ့ရှိသည်။ တချို့တွင် မသိမသာလောက်သာ နာခြင်း၊ အောင့်ခြင်း ဖြစ်တတ်သည်။ ဤရောဂါမျိုး ဖြစ်နိုင်သည့် အရွယ်နှင့် အထက်ဖော်ပြပါ လူံ့ဆော်သော အချက်များ ရှိကြသူများတွင် မည်သည့် နာပုံမျိုးနှင့် မဆို ရင်အောင့်လာပါက သတိပြုရမည်။
ဤအောင့်ခြင်းမျိုးသည် အခြားနေရာများသို့ ပြန့်ပွားလေ့ရှိသည်။ ရင်ညွှန့်နေရာမှ လည်ပင်းနှင့် အောက်မေးရိုးသို့ လည်းကောင်း၊ ဘယ်ဘက် ပခုံးနှင့် ဘယ်လက်မောင်း တစ်လျှောက်သို့ လည်းကောင်း၊ တစ်ခါတစ်ရံ၌ ကျောဘက် လက်ပြင်ရိုး ၂-ခုအကြားနှင့် အောက်ဘက် ရင်ဝဆီသို့လည်း ပြန့်သွားတတ်သည်။
ဤ ရင်အောင့်ခြင်းမျိုးသည် လမ်းမြန်မြန်လျှောက်လျှင်၊ လှေကားတက်လျှင် အားတိုက်ခွန်တိုက် အလုပ်လုပ်သော အခါမျိုးတွင် ပေါ်လာတတ်ပြီး ရပ်နားလိုက်လျှင် ခဏချင်း ပျောက်သွားသည်။ ဤကဲ့သို့ ရင်အောင့်ခြင်းကို (Angina Pectoris) ဟုခေါ်သည်။
နှလုံးသွေးကြောကျဉ်းရောဂါ ဆိုးလာလျှင် အချိန်မရွေး အောင့်နိုင်ခြင်းနှင့် လုံးဝသွေးကြော ပိတ်သွားသော အခါတွင် အချိန်ကြာမြင့်စွာ ဆက်တိုက်အောင့်နေပြီး နှလုံးကြွက်သားပျက်စီခြင်း (Actue Myocardial Infarction) ဖြစ်သွားတတ်သည်။ အရပ်သား အခေါ်တွင် (Heart attack) ရသည်ဟု ခေါ်ကြသည်။
အခြားလက္ခဏာများကိုလ်း တစ်ခါတစ်ရံ တွေ့ရသည်။ ၎င်းတို့မှာ -
- ရုတ်တရက် နှလုံးခုန်မြန်ခြင်း၊
- အမောဆို့ခြင်း၊
- ရုတ်တရက် သတိလစ်သွားခြင်း၊
- တစ်ကိုယ်လုံး အေးစက် သွေးဆုတ်သွားခြင်း (Shock)၊
- ရုတ်တရက် နှလုံးရပ်ခြင်း (Cardiac Arrest)။
လိုက်နာရန် အချက်များ
၁။ (Angina) ရင်အောင့်ခြင်းဖြစ်ဖူးလျှင် ဆရာဝန်နှင့် ပြသစစ်ဆေးပါ၊ (အီးစီဂျီ) နှလုံး စမ်းသပ်စက်ဖြင့် စမ်းသပ်လျှင် ရောဂါရှိကြောင်း တွေ့ရတတ်သည်။
၂။ အပြင်းအထန် ရင်အောင့်နေသူ၊ သွေးဆုတ်နေသူများ တွေ့ရှိပါက လူနာအား ငြိမ်သက်စွာ နေစေပြီး အရေးပေါ် ဆရာဝန်အား ပြသရမည်။ သို့မဟုတ် ရှေးဦးသူနာပြုစုခြင်းကို ပြုလုပ်ပြီး လူနာအခြေအနေ သက်သာလာလျှင် ဆေးရုံသို့ အမြန်ပို့ရမည်။ အိမ်တွင်ထား၍ မကုသင့်ပါ။
၃။ အထက်ဖော်ပြပါ နှလုံးသွေးကြောကျဉ်း အခြေအနေများရှိသော လူနာမျိုးကို သွေးကြောပိတ်သည်အထိ မဖြစ်ရလေအောင် ကာကွယ်ရန် အလွန်အရေးကြီးသည်။ ဆရာဝန်၏ ညွှန့်ကြားချက်၊ အကြံပြုချက်များကို လိုက်နာ၍ ရေရှည်ကုသဖြင်းဖြင့် ကာကွယ်နိုင်သည်။ ရာနူန်းပြည့် မကာကွယ်နိုင်သော်လည်း လူတော်တော်များများတွင် အကျိုးသက်ရောက်မူ ရှိကြောင်းကို ဖွံ့ဖြိုးပြီး နိုင်ငံများက သက်သေပြထားပြီး ဖြစ်သည်။
၎။ နေထိုင် စားသောက်မူကို ပြုပြင်ပါ။ အဆီ၊ အဆိမ့်များသော အစာများကို ရှောင်ကြဉ်ပါ။ (ဥပမာ - မလိုင်၊ ဥ၊ ထောပတ်၊ အဆီပါသောအသားများ)
အ၀မလွန်စေရန် မည်သည့်အစာကိုမဆို လိုသည်ထက် ပိုမစားပါနှင့်။ ကိုယ်အလေးချိန် မတက်အောင် ထိန်းသိမ်းပါ။ ၀လွန်းခြင်းသည် ပျမ်းမျှ အလေးချိန်ထက် ၃၀၊ ၄၀- ရာခိုင်နူန်းများခြင်းကို ဆိုလိုပါသည်။
ဝလွန်းလျှင် -
၁။ အသက်ကို တိုစေ၏။
၂။ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ဆက်နွှယ်နိုင်၏။
၃။ ဆီးချိုနှင့် သွေးတိုးရော၈ါနှင့် ဆက်နွှယ်နိုင်၏။
၎။ နှလုံး အားနည်း ရောဂါနှင့် ဆက်နွှယ်နိုင်၏။
၅။ ခြေထောက် ဖောရောင်တတ်၏။
၆။ သွေး “ကိုလက်စထရော” များတတ်၏။
၇။ ဆန်အိတ်ကို အမြဲတစေ ထမ်းပိုးပြီး အသက်ရှင်နေခြင်းနှင့် တူပေသည်။
(မှတ်ချက်။ ။ ၀တိုင်း နှလုံးသွေးကြော ကျဉ်းပိတ်မည် မဟုတ်ပါ။)
အထူးသဖြင့် အ၀မလွန်စေရန် အချိုနှင့် အဆီများသော အစာများကို သတိပြုပါ။ တန်ဆေးလွန်ဘေး ဆိုရိုးစကား ရှိသည်။ အစာကို အန္တရာယ် ဖြစ်အောင် မစားသင့်ပါ။ အာဟာရလုံလောက်မူ ရှိရန်သာ အဓိက လိုအပ်ချက် ဖြစ်ပါသည်။
၅။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတွင် ပျမ်းမျှအားဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် သေဆုံးသူ (၅၆၅၀၀၀) ဖြစ်သည်။ ယင်းအနက် ဆေးလိပ်သောက်ခြင်းကြောင့် (၁၇၀၀၀၀) နှင့် ကင်ဆာရောဂါကြောင့် သေဆုံးသူ (၄၁၂၀၀၀) ရှိသည်။ ကင်ဆာရောဂါကြောင့် သေဆုံးသူများအနက် ဆေးလိပ်သောက်ခြင်း ကြောင့် (၁၂၅၀၀၀) သေဆုံးရသည်ဟု ဆိုထားပါသည်။
ဆေးလိပ် ၅-၈နှစ် သောက်သူသည် အသက် တိုစေ၏။ ခန့်မှန်းချက်မှာ စီးကရက် တစ်လိပ်လျှင် အသက် ၅-မိနစ်ခွဲ တိုစေသည်။ ၂၅-နှစ် လူတစ်ယောက် တစ်နေ့လျှင် စီးကရက် အလိပ် ၂၀ သောက်လေ့ရှိလျှင် ယင်း လူ၏ အသက်သည် ၄ဒသမ ဂ-နှစ်ခန့် တိုစေသည်ဟု ဆိုပါသည်။
၆။ စိတ်လူပ်ရှားမူ နည်းပါစေ။
စိတ်သောက များခြင်းနှင့် စိတ်မြန်တတ်သော အကျင့်ကို ထိန်းသိမ်းပါ။ အလုပ် လုပ်ချိန်နှင့် အနားယူချိန် မျှပါစေ။
၇။ အချိန်မှန်မှန် ကိုယ်လက်လူပ်ရှားမူ ပြုရမည်။
(ဥပမာ - လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ သင့်လျော်သော အားကစား လူပ်ရှားမူ)
၈။ ဆရာဝန်၏ ညွှန့်ကြားချက်ဖြင့် သွေးကြောဖွင့်ဆေး၊ သွေးခဲခြင်း၊ တားဆီးဆေးများကို လိုသလို သုံးစွဲရမည်။
၉။ ကာကွယ်မူသည် ကုသမူထက် ပို၍ ကောင်းသည်၊ ကုသခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။
လေ့လာသူတစ်ဦး
မေတ္တာရိပ်