Pregnancy after tubal ligation သားကြောဖြတ်ပြီး ကလေးပြန်ရချင်တယ် (+18)



ဆရာရှင့် 37yr female, sterilization လုပ်ပြီး ပြွန်ပြန်ဆက်ထားတာ သုံးနှစ်ကျော်ပါပြီ၊ မထူးခြားပါ။ ဘာ ဆက်လုပ်သင့်ပါလဲရှင့်။ tube ပြန်ဆက်ပြီး USG, recheck ရိုက်တာ တဖက်ပွင့်တယ်တဲ့။ ပွင့်တဲ့ဖက် tube က fibrin ဖြတ်ထားတဲ့ဖက် ဖြစ်နေပါတယ်။ ကလေးရနိုင်ပါသေးလားဆရာ။


သားအိမ်ပြွန်တဖက်ပွင့်နေရင် သီအိုရီအရ ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန်ရဘို့ဆိုတာ ပြွန်ကောင်းနေတာ တခုထဲတော့ မကပါ။ မျိုးဥပုံမှန်ထွက်ရမယ်။ အတူနေချိန်ကလဲ မျိုးဥနဲ့တွေမဲရက်ဖြစ်ရမယ်။ ခင်ပွန်းရဲ့ သုက်ရည်ကလဲ အရေအတွက် + အရည်အသွေးကောင်းရမယ်။

Q: ကျွန်မအသက် ၄၆ နှစ်ရှိပါပြီ။ ကလေး ၃ ယောက်ရှိခဲ့ပါတယ်။ သားက ၂ဝဝ၄ မှာ ဆုံးခဲ့ပါတယ်။ ငှက်ဖျားနဲ့ပါ။ အခု ကျွန်မ (့) မှာ နေပါတယ်။ ကျွန်မ သွေးမဆုံးသေးပါဘူး။ ဘာရောဂါမှလဲ မရှိသေးပါ ဘူး။ သားလေး တယောက်လောက် လိုချင်တာပါ။


A: အမျိုးသမီး-သားကြောဖြတ်တယ်ဆိုတာ သားအိမ်ပြွန်ကို ဖြတ်၊ ချည်၊ ချေ တနည်းနည်းနဲ့ လုပ်တာပါ။ သားအိမ်ပြွန်မှာ ပြဿနာရှိလို့ ကလေးမရသူ ၂ဝ-၂၅% ရှိတယ်။ သူတို့ကို ခွဲစိတ်နည်းနဲ့ ဒါမှမဟုတ် In vitro fertilization IVF နည်းနဲ့ ကလေးရအောင် ကြိုးစားပေးရတယ်။ (IVF) နည်းလုပ်ရင် အမေရိကားမှာ ($7,000 - $20,000) + ($2,500 - $3,000) ကုန်ကျတယ်။

ကလေးရဘို့ လိုအပ်တဲ့ အင်္ဂါရပ်တွေ ရှိပါတယ်။
1. Sperm quality ကျား-သုတ်ပိုး အရည်အသွေး၊
2. Tubal status သားအိမ်ပြွန် အခြေအနေ၊
3. Status of any other pelvic conditions တင်ပါးဆုံတွင်း တခြားအင်္ဂါတွေ အခြေအနေ၊
4. Female age အမျိုးသမီးရဲ့ အသက်၊
5. Egg quantity and quality မမျိုးဥ အရေအတွက်-အရည်အသွေး၊

သားကြော ပြန်ဆက်နည်းကို တော်တော့ ခွဲစိတ်ရာဝန် မလုပ်ပါ။ Laparoscopy and Laparotomy ဆိုတဲ့ ဗိုက်မှာ Belly-button အပေါက် သေးသေးလေး ဖေါက်ပြီး၊ ကရိယာနဲ့ လုပ်နည်း ကာင်းတယ်၊ ဒါပေမဲ့ Cases အားလုံးမရဘူး။ မရရင် ထုံးစံခွဲနည်း Laparotomy လုပ်ရတယ်။

ဗဟုသုတအဖြစ် Advanced Fertility Center of Chicago ရဲ့ ကိန်းဂဏန်းတွေပါ ထည့်ပါရစေ။
• Reconstruct damaged end of tube ပျက်စီးသွားတဲ့ သားအိမ်ပြွန် ပြင်ဘို့ Fimbrioplasty လုပ်တာ 50% ကလေးရနိုင်တယ်၊ 12% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Cut away scar tissue on tubes or on ovary သားအိမ်ပြွန် နဲ့ မမျိုးဥအိမ်က အမာရွတ်တွေ ရှင်းတာ အတွက် Salpingolysis Ovariolysis လုပ်တာ 45% ကလေးရနိုင်တယ်၊ 6% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Make opening in blocked tube သားအိမ်ပြွန် ပိတ်နေတာအတွက် Neosalpingostomy လုပ်တာ 25% ကလေးရနိုင်တယ်၊ 25% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• Resonnect tubes after tubal ligation ပြတ်သွားတဲ့ သားအိမ်ပြွန် ပြန်ဆက်တာအောင် Tubal reanastomosis လုပ်တာ 40-70% ကလေးရနိုင်တယ်၊ 4-15% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။
• In vitro fertilization သားအိမ်ပြင်ပမှာ သန္ဓေရအောင် အသက် ၃၅ နှစ်အောက်တွေကို IVF လုပ်တာ 50-60% ကလေးရနိုင်တယ်၊ 1-5% က ပြွန်မှာ သန္ဓေတည်တာ ဖြစ်နိုင်တယ်။

North Carolina မှာရှိတဲ့ Chapel Hill Tubal Reversal Center က Tubal reversal surgery နည်းကို Laparotomy နည်းနဲ့သာ ခွဲတယ်။ ဒါးရာ ၄-၆ လက္မ ရှည်မယ်။ ဆေးရုံတက်ရမယ်။ Major surgery အကြီး စား-ခွဲစိတ်ကုသမှု ဖြစ်တယ်။ ၂-၆ ပါတ်ကြာမှ နလံထမယ်။ အသက် ၃၅ နှစ် အောက်တွေကို လုပ်ရင် ၁-၂ နှစ်အတွင်း ကိုယ်ဝန်ဆောင်တာ 40-75% ရှိတယ်။ 5-15% က ပြွန်ထဲ သန္ဓေတည်တာ ဖြစ်နိုင်တယ်။

Types of tubal surgery ခွဲစိတ်နည်း ၃ မျိုးလုပ်တယ်။ Microsurgical techniques “အနုစိတ်-ခွဲစိတ် နည်း” ဖြစ်တယ်။
1. Microsurgical tubal anastomosis
2. Microsurgical Salpingostomy
3. Microsurgical Tubouterine implantation

သားကြော ဖြတ်ထားသူကို ကလေးပြန်ရအောင်လုပ်ဘို့ အတော်တော့ ခက်ပါတယ်။ ခက်တာကို ရအောင် လုပ်နိုင်သူကို လူတော်လို့ သတ်မှတ်ပါတယ်။ မရနိုင်တော့လို့ သောကများ မနေသူဟာလဲ ပညာရှိပါဘဲ။

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...