ခြေလေးချောင်းပါသည့် မိန်းကလေးမွေးဖွား
စက်တင်ဘာ ၁၄ ရက် ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာအုပ်စု ရောင်နီဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန် ၆ ဒသမ ၅ ပေါင်ရှိ မွေးကတည်းက ခြေလေးချောင်းပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွားခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါကလေးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာလက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပိန်းဇလုပ်-သိန်းညွန့်
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

- (အရှေ့သို့) Kegel Exercise for Men ယောက်ျားများ စိတ်ဝင်စားကြသည် (+18) ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..
- (အနောကျသို့) မြန်မာဆေးနည်းထဲမှာ ရေချိုးနည်းဆိုပြီး ရှိတယ် ဆေးစွမ်းထက်သော သလဲသီး...Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်မိန်းကလေးတိုင်း သိထားသင့်တဲ့ မိမိခန္ဓာကိုယ်ပေါ်က ယောင်္ကျားလေးများ စိတ်ဝင်စားဆုံးနေရာများ...Jennifer Lawrence..