"F1 to F12" ပေါ်က Action Keys တွေကို "fn" keys နဲ့တွဲပြီး မသုံးချင်ရင်...

HP, Compad Notebook တွေအပါအ၀င် အချို့ Notebook ကွန်ပြူတာ အတော်များများမှာ F1 နေ F12 အပေါ်မှာရှိတဲ Screen အလင်းအမှောင်၊ အသံအတိုးအကျယ်၊ Sleep၊ ကီးဘုတ် Lock၊ Wifi စသဖြင့် Action keys တွေကို နှိပ်တဲ့အခါမှာ "fn" key (Function Key)နဲ့ တွဲပြီး သုံးရပါတယ်... အဲဒီလို သုံးရတာကို စိတ်ရှုပ်ပြီး… fn key တွဲမသုံးပဲ Action keys တမျိုးထဲကိုပဲ နှိပ်ပြီးသုံးချင်တယ်ဆိုရင်တော့ BIOS setting (BIOS - Basic Input/output System) ထဲကိုဝင်ပြီး System Configuration ဆိုတဲ့နေရာမှာ ပြန်ပြောင်းလို့ ရပါတယ်…


1. f1 ကနေ f12 ရှိ Action Keys တွေရှိတဲ့နေရာ
2. fn key ရှိတဲ့နေရာ

BIOS setting ထဲကိုဝင်ပြီး Function တွေကို စိတ်တိုင်းကျ ပြောင်းဖို့အတွက်..

ကွန်ပြူတာကို ဖွင့်ပါ… ပြီးရင် window logo မပေါ်ခင် BIOS setting ထဲဝင်ဖို့အတွက် f10 key ကိုနှိပ်ပါ… အဲဒါဆိုရင် အောက်ကအတိုင်း BIOS setup window တခု ပေါ်လာပါမယ်… အဲဒီမှာ arrow key ကို သုံးပြီး System Configuration ကို ရွေးလိုက်ပါ… အဲဒီခေါင်းစဉ်အောက်မှာ Action Keys Mode ဆိုတာကို တွေ့ပါမယ်… အဲဒီမှာ Enabled နဲ့ Disabled ဆိုပြီး Option(၂)ခှုရှိပါတယ်...


Disabled ကိုရွေးထားရင် f1 မှ f12 ပေါ်မှာရှိတဲ့ action keys တွေကို နှိပ်တဲ့အခါ fn key ကိုပါ တွဲပြီးသုံးရပါမယ်…

Enabled ကို ရွေးထားရင်တော့ fn key ကိုတွဲနှိပ်စရာမလိုပဲ f1-f12 keys တွေပေါ်က action keys တမျိုးထဲကိုပဲ နှိပ်ပြီး အသုံးပြုနိုင်ပါပြီ… ဥပမာဆိုရင်… screen အလင်းအမှောင်၊ အသံအတိုးအကျယ် keys တွေကိုနှိပ်တဲ့အခါ fn key ကို တွဲနှိပ်စရာမလိုတော့ပါဘူး… အဲဒီနေရာမှာ မိမိစိတ်တိုင်းကျ ရွေးပြီးတော့ f10 နှိပ် save လုပ်ပြီး ကွန်ပြူတာကို restart ပြန်ချပြီး သုံးပေတော့ဗျို့….

(မှတ်ချက်၊ Notebook ကွန်ပြူတာ Models အမျိုးအစားအလိုက် အပြောင်းအလဲ ရှိကောင်းရှိနိုင်ပါတယ်…)

အဆင်ပြေပါစေ...
ကိုမျိုး
http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...