How Birth Month Matters...

သိပ္ပံပညာရှင်တွေနဲ့ စာရင်းအင်း ပညာရှင်တွေဟာ 'အလုပ်အကိုင် ရွေးချယ်မှုကနေ စိတ်နေ သဘောထား တွေအထိ အရာရာတိုင်းကို မွေးလတွေက လွှမ်းမိုး သက်ရောက်နေတယ်' ဆိုတဲ့ အချက်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ 

 
သင့်မွေးနေ့ကမှ မဟုတ်ပါဘူး။ သင့်မွေးလကလည်း ကျန်ရှိနေသေးတဲ့ သင့်ဘ၀ သက်တမ်းအပေါ် လွှမ်းမိုး သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် ဇူလိုင်လမှာမွေးတဲ့ ကလေးတွေဟာ ဘ၀တလျှောက် မှာ ယေဘုယျ အားဖြင့် အကောင်းမြင် တတ်ကြပါတယ်။ အမြင်အာရုံနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ရှိဖို့လည်း အလားအလာ ပိုများပါတယ်။ "သင်မွေးဖွားတဲ့လက သင့်ဘ၀ အကျိုးပေးတရားတွေ အပေါ်ကို သက်ရောက်မှု ရှိနေတယ် ဆိုတာ ကမောက်ကမ နိုင်လှပါတယ်။ ဒါပေမယ့် သင့်သက်တမ်း၊ သင့်အရပ် အရှည်၊ သင်ကျောင်းမှာ ရတဲ့အဆင့်၊ လူကြီးဘ၀ သင့်အလေးချိန်၊ သင်မနက် နဲ့ညမှာ ဘယ်တစ်ခုကို ပိုကြိုက်လဲ ဆိုတဲ့ အချက်၊ ရောဂါအမျိုးမျိုး ဖြစ်ပေါ် စွဲကပ်ဖို့ အလားအလာ၊ ဒါတွေ အားလုံးဟာ အမိဝမ်းက လွတ်တဲ့ အချိန်ကာလနဲ့ အတိုင်းအတာ တစ်ခုအထိ အပြန်အလှန် ဆက်စပ်မှုတွေ ရှိနေပါတယ်" လို့ Oxford University ကသိပ္ပံပညာရှင် Russell Foster က Telegraph ကိုပြော ပါတယ်။ သင့်မွေးနေ့က သင့်ဘ၀အပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနေလဲ ဆိုတာနဲ့ သင်နဲ့မွေးလတူ မွေးဖွားခဲ့တဲ့ ထင်ရှား ကျော်ကြားသူတွေဟာ ဘယ်သူတွေလဲ ဆိုတာကို သိဖို့ ဆက်ဖတ်ကြည့် လိုက်ပါဦး။

January - ဒီလမှာ မွေးဖွားသူ တွေဟာ စာရင်းဇယား တွေအရ Alzheimer's၊ အူလမ်းကြောင်း ရောဂါ (Crohn's Disease) နဲ့ဝက်ရူးပြန် ရောဂါ (epilepsy) တွေဖြစ်ဖို့ အလားအလာ ပိုများ ပါတယ်။ ဒါဟာ အမိဝမ်းထဲမှာနဲ့ သူတို့ရဲ့ ပထမဆုံး လတွေမှာ နေရောင်ခြည် နည်းနည်းပဲ ရတာကြောင့်လို့ သိပ္ပံပညာရှင် တွေက ယူဆပါတယ်။ UK Office Of National Statistics အဆိုအရ ဒီအချက်ဟာ တချို့ အစိတ်အပိုင်း တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပြီး အထက်ပါ ရောဂါတွေရဲ့ ကူးစက်မှုကို ခံနိုင်ရည် ပိုနည်းလာ စေပါတယ်။

ထင်ရှား ကျော်ကြားသူ။ Kate Middleton



February - ဒီကလေးတွေက အနုပညာရှင် တွေဖြစ်ဖို့ အလားအလာ ကောင်းကြပါတယ်။ သူတို့က အိပ်ခြင်း အစီအစဉ်မကျမှု ရောဂါ (sleep disorder narcolepsy) လည်းအဖြစ် လွယ်ကြပါတယ်။ အမိဝမ်း ထဲမှာနဲ့ မွေးစပထမလတွေမှာ နေရောင်ခြည်ကို ထိတွေ့ခွင့် မရခဲ့တာကြောင့် ညနေပိုင်းအချိန်ကို ပိုကြိုက် နှစ်သက် လာရာက အထက်ပါရောဂါကို ဖြစ်လွယ် လာတာပါ။ ဒီတော့ မနက်၉ ည၅ ဆိုတဲ့ အလုပ်မျိုးက သူတို့အတွက် မဟုတ်ပါဘူး။

ထင်ရှားကျော်ကြားသူ။ Ashton Kutcher



March - ဒီလ မွေးသူတွေ ဖြစ်ဖို့ များတာက ပန်းနာရင်ကျပ် ရောဂါပါ။ သားအိမ်ထဲမှာ နေရာင်ခြည် ကရတဲ့ vitamin D လုံလုံလောက်လောက် မရှိတဲ့ မိခင်တွေကြောင့် သန္ဓေသားရဲ့ အသက်ရှူခြင်းဆိုင်ရာ ဖွံ့ဖြိုးမှု တွေကို နှောင့်နှေးစေရာကနေ ဒီလို ဖြစ်ရတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည် ကြပါတယ်။ vitamin D ချို့တဲ့မှုက ဦးနှောက် ဖွံ့ဖြိုးမှုကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ဒီကလေးတွေဟာ ကျောင်းမှာ အဆင့် ကောင်းကောင်း မရတတ် ကြပါဘူး။ သူတို့ဟာ အနုပညာရှင် တစ်ယောက်အဖြစ်လိုမျိုး သမားရိုးကျ မဟုတ်တဲ့ သက်မွေးမှု လုပ်ငန်းတွေကိုပဲ လိုက်စားလေ့ ရှိကြပါတယ်။

ထင်ရှားကျော်ကြားသူ။ Lady Gaga



April - ဒီလဖွား ကလေးတွေကတော့ အရက်သမား ဖြစ်လာဖို့ များတယ်တဲ့။ မိခင်ဝမ်းထဲမှာ နေရောင်ခြည် မလုံလောက်မှုကိုပဲ ဒီကိစ္စအတွက် အပြစ်ဖို့ ရမှာပါ။ အထူးသဖြင့် မြောက်ကမ္ဘာခြမ်းက သူတွေ အတွက်ပေါ့။ Oxford University ကရာသီဥတု ကျွမ်းကျင်ပညာရှင် George Ebers ရဲ့အဆို ရ ဖြစ်ပါတယ်။ "မိခင်က vitamin D လုံလုံ လောက်လောက် မရရင် ကလေးရဲ့ မျိုးစေ့ဗီဇ အများအပြားဟာ သားအိမ်ထဲမှာ ပုံမှန်ရှိ မနေတော့ပါဘူး။" လို့သူက ပြောပါတယ်။ အရက်စွဲ တာအပြင် သူတို့ဟာ highest levels of autism နဲ့ Seasonal Affective Disorder တွေလည်း ဖြစ်လွယ်ပါတယ်။

ထင်ရှားကျော်ကြားသူ။ Hugh Hefner



May - ဒီလဖွား တွေက ဆီးချိုနဲ့ ရေတိမ် ဖြစ်လွယ် ကြပါတယ်။ ဒီအချက်ဟာ ကိုယ်ဝန်ဆောင်စဉ် နေရောင်ခြည် ထိတွေ့မှုနဲ့ ဆက်စပ် နေတယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည် ကြပါတယ်။ "ဒီလိုလ တွေမှာ နေရောင်ခြည် မထိတွေ့ ရခြင်းဟာ သားအိမ်ထဲက ဖွံ့ဖြိုးမှု အဆင့်အမျိုးမျိုးကို ၀င်ရောက် နှောင့်ယှက် တတ်ပါတယ်။ ဒီအချက်ကြောင့် သူတို့ဟာ လှေနံဓားထစ် ပြုမူတတ်တဲ့ ဥာဏ်ရည် ခပ်နိမ့်နိမ့်တွေ ရှိကြပါတယ်။" လို့ Oxford University ကသိပ္ပံ ပညာရှင်တစ်ဦးဖြစ်သူ Russell Foster ကပြောပါတယ်။

ထင်ရှားကျော်ကြားသူ။ Christina Hendricks



June - ဇွန်လ ကတော့ နိုဘယ်ဆု ပိုင်ရှင်တွေနဲ့ စီအီးအိုတွေကို အများဆုံး မွေးထုတ် ပေးထားပါတယ်။ "ဇွန်ရဲ့ ကလေးငယ် တွေကတော့ မိခင်ဝမ်း ထဲမှာနဲ့ မွေးပြီးချိန်မှာ နေရောင်ခြည် ထိတွေ့မှုကို ပိုရတဲ့ အတွက် နေရောင်ခြည် ပြဿနာကို နောက်ဆုံးမှာ အဆုံးသတ် နိုင်ခဲ့ပါပြီ။" လို့ Ebers ကပြောပါတယ်။ ဒါပေမယ့် မွေးပြီးစ လဖွံ့ဖြိုးမှုတွေမှာ နေရောင်ခြည် မထိရတဲ့အတွက် အမြင်အာရုံဆိုင်ရာ ပြဿနာတွေ ခံစားရဖို့ အလားအလာ ရှိပါတယ် ဆိုတဲ့အချက်ကို အစ္စရေး စစ်သား ၃၀၀,၀၀၀ အပေါ် လေ့လာမှု တစ်ခုက တွေ့ရှိခဲ့ပါတယ်။

ထင်ရှားကျော်ကြားသူ။ Anderson Cooper



July - ဒီလ မွေးသူ တွေက အအေးပိုင်း လဖွားတွေထက် ပိုပြီး အကောင်းမြင်တတ်ကြတယ်။ ဇွန်ရဲ့ ကလေးတွေလိုပဲ သူတို့ဟာ အဝေးမှုန် ဖြစ်လွယ်ပြီး မျက်မှန်တပ်ရလေ့ ရှိပါတယ်။ သူတို့က မိခင်ဝမ်းထဲမှာ နေရောင်ခြည် ပုံမှန် ထိတွေ့ခွင့် မရခဲ့လို့ပါ။ ဒါပေမယ့် နွေရဲ့ မွေးစ ပထမလတွေမှာ နေရောင်ခြည် ထိတွေ့ခဲ့ ရတဲ့အတွက် သူတို့ဟာ ပျော်ပျော် နေတတ်ကြပြီး ကြီးလာတဲ့အခါ အကောင်းမြင် သမားတွေ ဖြစ်လာ တတ်ပါတယ်။ ဒါဟာ Foster ရဲ့အဆို အရပေါ့။ သူကတော့ ဒီအဖြစ်အပျက်ကို "ရာသီဥတု ၀င်ရောက် စွက်ဖက်မှု ဖြစ်စဉ်" လို့အမည် တပ်ပါတယ်။

ထင်ရှားကျော်ကြားသူ။ J.K. Rowling



August - ဒီကလေး တွေက ကျောင်းမှာ ရုန်းကန်ရဖွယ် ပိုများပါတယ်။ U.K. Institute for Fiscal Studies အရတော့ ဆရာမတွေက "ပြဿနာကောင်" လို့တံဆိပ် ကပ်ခံရဖို့အတွက် သူတို့ဟာ စက်တင်ဘာ ဖွားတွေထက် ၃၀% ပိုဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သူတို့က အတန်းထဲမှာ အငယ်ဆုံး ကလေးတွေ ဖြစ်လေ့ ရှိပြီး အိမ်မှာလိုပဲ ပြဿနာ ဆက်ရှာနေတတ်တဲ့ အတွက်ကြောင့် ဒီလိုဖြစ် နေရခြင်း ဖြစ်ပါတယ်။ သူတို့က ကျောင်းမှာ မအောင်မြင်ကြတော့ သူတို့ဗီဇ ပါလာတဲ့ အသက်မွေး ၀မ်းကြောင်း အလုပ်ကိုပဲ ရွေးချယ် ကြတာများပါတယ်။ ဆံကေသာ အလှဖန်တီးတာ လိုမျိုးပေါ့ဗျာ။

ထင်ရှားကျော်ကြားသူ။ Barack Obama



September - Institute for Fiscal Studies ရဲ့ report ထဲမှာပဲ ရေးထား တာကတော့ သူတို့ဟာ ကောလိပ် တွေကိုသွားပြီး အရည်အချင်းနဲ့ ကျွမ်းကျင်မှုလိုအပ်တဲ့ အလုပ်မျိုးကိုပဲ ရွေးချယ်လေ့ ရှိကြပါ တယ်။ သူတို့ရဲ့ အားသာချက်က အားနည်းချက် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က အတန်း ထဲမှာ အကြီးဆုံးတွေ ဖြစ်ပြီး အယူအဆ အသစ်အဆန်း တွေကို လွယ်လွယ်ကူကူ ကျွမ်းကျင် ပိုင်နိုင်နေ ကြလို့ပါပဲ။

ထင်ရှားကျော်ကြားသူ။ Charlie Sheen



October - အောက်တိုဘာ ဖွားတွေက အသက်ရှည်ရှည် နေရတတ်တယ်။ နွေဦး ရာသီမှာ မွေးသူ တွေထက် သူတို့ဟာ ပျမ်းမျှ ရက်ပေါင်း ၁၆၀လောက် ပိုပြီး အသက်ရှည် ကြပါတယ်လို့ UK ရဲ့ Cheltenham Science Festival မှာပြုလုပ် ခဲ့တဲ့ presentation တစ်ခုမှာ ဖော်ပြထားပါတယ်။ သူတို့ဟာ ကိုယ်ဝန် ဆောင်စဉ်နဲ့ အစောပိုင်း ဖွံ့ဖြိုးမှုတွေမှာ နေရောင်ခြည် အကောင်းဆုံး ရခဲ့လို့ပါ။

ထင်ရှားကျော်ကြားသူ။ Katy Perry



November - Serial Killers တွေဟာ ဒီလမှာ ပိုမွေးဖွား လာကြတာပါ။ သူတို့က အဆိုးမြင် ၀ါဒီတွေလို့လည်း ကျော်ကြားကြပါတယ်။ 2005 Swedish study တစ်ခုမှာ ပါဝင်တဲ့ သိပ္ပံပညာရှင် တွေကတော့ ဒါဟာ မွေးပြီးချိန်မှာ နေရာင်ခြည် ထိတွေ့မှုကြောင့် ထွက်လာတဲ့ happy chemical ခေါ် dopamine တွေပြတ်လတ် နေမှုကြောင့်လို့ ယူဆပါတယ်။ "သင် ဘယ်လောက် ကံကောင်းတယ်လို့ ခံစားရသလဲ" ဆိုတဲ့ အချက်အပေါ် လေ့လာမှုတစ်ခု ပြုလုပ်လိုက်တဲ့အခါ နိုဝင်ဘာရဲ့ ကလေးတွေဟာ အောက်ဆုံးမှာ ရပ်တည် ခဲ့ကြပါတယ်တဲ့။

ထင်ရှားကျော်ကြားသူ။ Ryan Gosling



December - ဒီလဖွား တွေကတော့ ပန်းနာရင်ကျပ်နဲ့ ဓါတ်မတည့်မှု တွေဖြစ်ဖို့ အလားအလာ အများဆုံး ပါပဲ။ American Journal of Respiratory and Critical Care Medicine ရဲ့အဆို အရဒီလို ဘာကြောင့် ဖြစ်ရသလဲ ဆိုတော့ သူတို့က အအေးဆုံး အချိန်နဲ့ တုပ်ကွေး ရာသီမှာ မွေးလာကြ သူတွေ မို့လို့ပါတဲ့။ ဘ၀ရဲ့ ပထမ လေးလမှာ ဆောင်းနဲ့ ထိတွေ့ လိုက်ရခြင်းဟာ တစ်သက်လုံးအတွက် ဒဏ်ဖြစ်သွား စေနိုင်တယ် လို့ သူတို့က ဆိုပါတယ်။ "ပြီးတော့ မွေးစလ တွေမှာ နေရောင်ခြည် မထိတွေ့ရခြင်းဟာ ဒီဇင်ဘာဖွား ကလေးငယ်တွေကို bipolar disorder (စိတ်ဓါတ်ကျခြင်းနှင့် ရွှင်လန်းဝမ်းမြောက်ခြင်း ကြားတွင် ရုတ်တရက် ပြင်းပြင်းထန်ထန် ပြောင်းလဲသွားစေတတ်သော စိတ်နာမကျန်းမှု) ဖြစ်ဖို့ အလားအလာ ပိုများ စေပါတယ်" လို့ Ebers က ပြောပါတယ်။

ထင်ရှားကျော်ကြားသူ။ Katie Holmes


Images from lessonpix, i.i.cbsi, unleashthefanboy.s3.amazonaws, wallmatches, assets.nydailynews, static.guim, ic.pics.livejournal, newsbusters, hdwallsize, l1.yimg, girltalkhq, drugwar101, graziadaily, images.edumart. Source: businessinsider.com
Author:PeAcOcK
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...