How Dry Eyes Can be Treated...

မျက်ရည်အထွက်နည်းလို့ မျက်စိအစိုဓာတ် နည်းတဲ့၊ ခြောက်သွေ့သော မျက်လုံး Dry Eyes တွေဟာ မျက်စိကျန်းမာရေးနဲ့ ကြည်လင်တဲ့ အမြင်ပေး စွမ်းနိုင်စွမ်းမှာ ညံ့လာပါတယ်။

လူတိုင်းရဲ့ မျက်ဝန်းတွေဟာ မလှပပါဘူး။ မျက်ဝန်းလှတာ၊ မလှတာဟာ လူတစ်ယောက်ရဲ့ မျက်နှာ အလှကို အဓိက ဆုံးဖြတ်ပေးတဲ့အရာ ဖြစ်ပါတယ်။ မျက်ဝန်းအလှက အကျဉ်းအကျယ်နဲ့ နည်းနည်းတော့ ဆိုင်ပေမယ့် အဓိကကျတာကတော့ မျက်စိအစိုဓာတ် အနည်းအများပါပဲ။



မျက်စိအစိုဓာတ် ဖြစ်စေဖို့ အဓိကကျတဲ့အရာကတော့ မျက်ရည်ပါပဲ။ မျက်ရည်အထွက်နည်းလို့ မျက်စိ အစိုဓာတ်နည်းတဲ့၊ ခြောက်သွေ့သော မျက်လုံးတွေဟာ မျက်စိကျန်းမာရေးနဲ့ ကြည်လင်တဲ့ အမြင်ပေး စွမ်းနိုင်စွမ်းမှာ ညံ့လာပါတယ်။ မျက်လုံးအစိုဓာတ် ခြောက်သွေ့တာဟာ များသောအားဖြင် အသက် ၅၀နဲ့ အထက်လူများမှာ အဖြစ်များပါတယ်။ အမျိုးသမီးများမှာကျတော့ မျက်ရည်ခမ်းတာဟာ သွေးဆုံးပြီး နောက်ပိုင်းမှာ အဖြစ်များပါတယ်တဲ့။ ခြောက်သွေ့သော မျက်လုံးအတွက် အခြေအနေပေါ် မူတည်ပြီး ကုသမှုတွေ ရှိပါတယ်။ တိမ်မြုပ်နေတဲ့ ရောဂါကြောင့် ဖြစ်တာဆိုရင် ရောဂါကို ရှာကုရမှာဖြစ်ပြီး မိမိ သောက်သုံးနေတဲ့ ဆေးဝါးတစ်ခုခုကြောင့် ဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ တွေ့ဆုံပြီး အန္တရာယ်မရှိတဲ့ တခြားဆေးကို ပြောင်းလဲသုံးစွဲရမှာ ဖြစ်ပါတယ်။ မျက်ကပ်မှန်တွေဟာလည်း မျက်စိကို ခြောက်သွေ့အောင် လုပ်နိုင်ပါတယ်။ အဲဒီလိုကိစ္စမျိုးနဲ့ ကြုံတွေ့လာတယ်ဆိုရင်တော့ မျက်စိစမ်းတဲ့သူနဲ့ တွေ့ဆုံပြီး တခြားသော မျက်ကပ်မှန်ပုံစံကို ရွေးချယ်ရမှာဖြစ်သလို ကိုယ့်ရဲ့မျက်ကပ်မှန်ကို အချိန်လျှော့ တပ်ခြင်းကိုလည်း တခြားနည်းအနေနဲ့ အသုံးပြုနိုင်ပါတယ်။



တချို့တွေကတော့ ခွဲစိတ်မှုတွေ ပြုလုပ်ကြပါတယ်။ မျက်တောင်ရဲ့ အတွင်းဆုံးနေရာမှာ မျက်စိကနေ နှာခေါင်းတွင်းထဲ မျက်ရည်ကျတဲ့ အပေါက်တွေ ရှိပါတယ်။ အဲဒီအပေါက်တွေကို Punctal Cautery လို့ခေါ်တဲ့ ခွဲစိတ်မှုကို အသုံးချပြီး Lacrimal Plugs ခေါ် Punctal Plugs တွေနဲ့ ယာယီ ဒါမှမဟုတ် အသေပိတ် လိုက်တာပါ။ တချို့ကတော မျက်စိဆရာဝန်တွေ ညွှန်းတဲ့ Cyclosporine လို့ခေါ်တဲ့ မျက်ရည်အထွက်များ စေတဲ့ဆေးကို အသုံးပြုကြပါတယ်။ မျက်စဉ်းခပ်တဲ့ ဆေးရည်ကိုတော့ အသုံးပြုကြပေမယ့် ရေရှည် အတွက်တော့ မကောင်းပါဘူး။ တခြား နည်းလမ်းတွေအရတော့ ဂျယ်လ်တွေ၊ ဆေးရည်တွေ အသုံးပြု ကြပါတယ်။ လူတွေရဲ့ ကိုယ်ထဲမှာ ရှိတဲ့တချို့ အရာတွေဟာ မျက်စိခြောက်သွေ့ခြင်း လက္ခဏာတွေကို ကူညီဖယ်ရှားပေးပါတယ်။ အစားအစာတွေမှာပါတဲ့ Omega fatty acids ဟာမျက်စိ ခြောက်သွေ့ ခြင်းကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်တဲ့။ Journal Corneashowed မှာပါတဲ့ လေ့လာတွေ့ရှိချက်အရဆိုရင် Omega fatty acids ပါတဲ့ သဘာဝအားဖြည့် အာဟာရတစ်ခုဟာ မျက်စိ ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ အဲဒီ တွေ့ရှိချက်ကို ရအောင် Baylor College of Medicine က Dr. Stephen Pflugfelder က ၃၈ယောက်သော မျက်ရည်ထွက်တာမှာ ပြဿနာရှိတဲ့ သွေးဆုံး ပြီးသား အသက်ကြီးကြီး အမျိုးသမီးတွေကို အဆိုပါအာဟာရနဲ့ စစ်ဆေးခဲ့ပါတယ်။



ဘာပဲပြောပြော မျက်စိနှစ်လုံးဟာ ကျွန်တော်တို့ လူသားတွေရဲ့ အရေးအကြီးဆုံး အမြင်အာရုံကို ပေးစွမ်းနိုင်တဲ့ တစ်ခုတည်းသော အင်္ဂါ ဖြစ်ပါတယ်။ ဒါကြောင့် မျက်စိကျန်းမာရေးကို ဂရုစိုက်သောအားဖြင့် မျက်စိတွေကို ခြောက်နေအောင် မထားကြပါနဲ့လို့ တိုက်တွန်းလိုက်ပါရစေ။

Images from uptowneyesnwa.com, www.nobledrugstore.com, Source - Livescience

Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...