တရုတ်က iPad အတု...


တရုတ်နိုင်ငံက အဖြစ်အပျက်လေးပါ... လူတယောက်က ဈေးထဲကို သွားတဲ့အချိန်မှာ လူစိမ်းတယောက်က သူ့အနားကို ချဉ်းကပ်လာပြီး iPad လာရောင်းတယ်လို့ ဆိုပါတယ်... အဲဒီလူစိမ်းက iPad ကို အိတ်ထဲကနေ ထုတ်ပြပြီး ဒီပစ္စည်းဟာ အစစ်ဖြစ်ကြောင်း... အလုပ်ကောင်းကောင်းလုပ်ကြောင်း... နောက်ပြီး ထက်ဝက်ဈေး ဒေါ်လာ $326 (2000 Yuan)နဲ့ ရောင်းမယ်ဆိုတဲ့အကြောင်း ပြောဆိုစွဲဆောင်နေတယ်လို့ ဆိုပါတယ်... ၀ယ်တဲ့သူက ဈေးကြီးတယ်လို့ ပြောတဲ့အချိန်မှာ
iPad ရောင်းတဲ့သူက ဟန်တလုံးပန်တလုံးနဲ့ ထွက်သွားတယ်လို့ ဆိုပါတယ်... ခနနေကျမှ ပြန်လှည့်လာပြီး ဈေပြန်ညှိတဲ့အခါ ဒေါ်လာ $245 (1500 Yuan) နဲ့ ဈေးတည့်သွားတယ်လို့ ဆိုပါတယ်... အိမ်ပြန်ရောက်တဲ့အချိန်မှာတော့ iPad က အတုဖြစ်နေသတဲ့ဗျာ... ရောင်းတဲ့သူပဲ တော်တာလား... ၀ယ်တဲ့သူပဲ ညံ့တာလားဆိုတာတော့ စဉ်းစားကြည့်ပေတော့....။




ဒါမျိုးတွေက နေရာအတော်များများမှာလည်း တွေ့နေရပါတယ်... သတိပြုစရာတွေပါ...။

izismile/internet

http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...