IT ဘက်ကလူတွေ မျှော်လင့်စောင့်စားနေရတဲ့ HDMI 2.0 Port ပေါ်လာပါပြီ

ဘယ်လို ပိုမိုကောင်းတဲ့ အရည်အသွေးတွေနဲ့ ဖြည့်စွက်ထားလဲ၊ ဘာအပြောင်းအလဲတွေရှိသလဲ ဆိုတာကို လေ့လာကြည့်ရအောင်။

မကြာခင်က Non-profit အဖွဲ့အစည်း ဖြစ်တဲ့ HDMI Forum ဟာ HDMI 2.0 အကြောင်းနဲ့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ခဲ့ပါတယ်။ HDMI 2.0 မတိုင်ခင် ထွက်တဲ့ HDMI 1.4 နဲ့ယှဉ်ရင် အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ အများကြီး ရှိလာခဲ့ပါတယ်တဲ့။ HDMI 2.0 အတွက် ထွက်ပေါ်လာတဲ့ မေးခွန်းတွေရှိပါတယ်။ သူ့ကိုသုံးဖို့ ဘာတွေမြှင့်ဖို့လိုမလဲ၊ အခု လောလောဆယ်သုံးနေတဲ့ ကွန်ပျူတာ ကြိုးတွေနဲ့ကော သုံးနိုင်မလား၊ တီဗီတွေနဲ့ကော နောက်ဘာဆက် ဖြစ်ဦးမှာလဲ စတာတွေပေါ့။ အဲဒီမေးခွန်း တွေရဲ့ ကျေနပ်လောက်တဲ့အဖြေကို အောက်မှာဆက်လက် ဖော်ပြပေးမှာဖြစ်လို့ ဆက်လက်ဖတ်ရှုကြ ပါခင်ဗျာ။



ပထမဦးဆုံးအနေနဲ့ HDMI 2.0 ရဲ့စွမ်းဆောင်ရည်တွေကို ပြောချင်ရင် သူ့မတိုင်ခင်က HDMI 1.4 ရဲ့စွမ်းရည်တွေကို အရင်ပြောရမှာဖြစ် ပါတယ်။ အဟောင်းနဲ့အသစ် ဘာများကွာလာသလဲပေါ့။ HDMI 1.4ဟာ တစ်စက္ကန့်မှာ 24Frames ပြတဲ့အခါ 4,096x2,160-pixel resolution အထိပြနိုင်ပြီး တစ်စက္ကန့်မှာ 30 Frames အထိပြ တဲ့အခါကျတော့ 3,820x2,160-pixel resolution အထိ ပံ့ပိုးပေးနိုင်ပါတယ်။ HDMI 2.0 မှာကျတော့ တစ်စက္ကန့်မှာ 60 Frames ပြတဲ့အခါ 2,160-pixel resolution အထိတောင် ပြနိုင်ပါတယ်။ အထူးသဖြင့် နောက်ထွက်လာတဲ့ တီဗီတွေဟာ Ultra HD "4K" ကိုအသုံးပြုကြတာကြောင့် ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး ရုပ်ရှင်ပဲဖြစ်ဖြစ်၊ ဂိမ်းပဲဖြစ်ဖြစ် ဆော့ကြည့်ကြတဲ့အခါမှာတော့ HDMI 2.0 လိုမျိုး "4K" ကိုကောင်းကောင်းထောက်ပံ့တဲ့ Port မျိုးသုံးမှ ကြည်ကြည်လင်လင် ခံစားရမှာပါ။



ဒါ့အပြင် HDMI 2.0 ဟာသူနဲ့ ချိတ်ဆက်ထားတဲ့ IT ပစ္စည်းဆီက သတင်းအချက်အလက် ပို့တဲ့နှုန်းကို မြှင့်ပေးထားပါတယ်။ အထက်ကပြောခဲ့တဲ့အတိုင်း High Resolution Images တွေပြတဲ့အခါ ကောင်းမွန် ရုံသာမက Lower Resolution Images တွေပြတဲ့အခါမှာလည်း ကောင်းမွန်လှပါတယ်။ ဥပမာ-HDMI 2.0 သုံးထားတဲ့ Dual Video Streams လုပ်တဲ့အခါမှာ ဖန်သားပြင်ပေါ်မှာ ပြောဆိုနေသူနှစ်ယောက်ရဲ့ပုံနှစ်ခုကို High Definition နဲ့ဖန်သားပြင်ပေါ်မှာ ပြသပေးနိုင်ပါတယ်။ Dual Video Streams ကို High Definition ပေးနိုင်တယ်ဆိုတာကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။ သို့ပေမယ့် Samsung နဲ့ LG ဟာ အဲဒီလိုပုံစံမျိုးကို အခုလောလောဆယ် အချိန်မှာတောင် ထုတ်လုပ်နေပါပြီ။ ဥပမာ Samsung ရဲ့ KN55S9C OLED တီဗီရဲ့ Multiview ပုံစံ။ ဒါ့အပြင် 21:9 (2.35:1) aspect ratio ရှိတဲ့ HD TV တွေကို လည်း HDMI 2.0 နဲ့တွဲဖက် သုံးစွဲလို့ရပါပြီ။



HDMI 1.4 ပစ္စည်းများအတွက် HDMI 2.0 သုံးနိုင်အောင် Software Update အနေနဲ့ လာမလာကိုတော့ HDMI Forum ရဲ့သတင်းထုတ်ပြန်ချက်အရတင်ပြရရင် Software ကိုလွယ်လွယ်ကူကူ Update File မျိုးသုံးပြီး Update လုပ်လို့ရမှာ မဟုတ်ပါဘူး။ ပစ္စည်းတွေမှာပါတဲ့ HDMI သုံးနိုင်အောင် ပြုလုပ်ပေးတဲ့ Chip ရဲ့ Firmware နဲ့ Hardware တွေပြောင်းမှသာလျှင် သုံးလို့ရမှာ ဖြစ်ပြီးအဲဒီအပိုင်းဟာ ပစ္စည်းထုတ် သူများရဲ့ အပိုင်းနဲ့သာ တိုက်ရိုက်သက်ဆိုင်ပါတယ်။ HDMI 1.4 သုံးပစ္စည်း များအတွက် Software Update ကိစ္စဟာ အဆင်မပြေပေမယ့် အခုလောလောဆယ်သုံးနေတဲ့ ကြိုး(Cable) တွေ၊ ခေါင်းတွေ(Connector) တွေကို HDMI 2.0 မှာပြန်သုံးလို့ရပါတယ်။ HDMI 2.0 ပေးတဲ့ စွမ်းရည်အပြည့်တော့ မရပေမယ့် ပုံမှန်သုံးအတွက်ဆိုရင်တော့ စိတ်ချလက်ချ သုံးလို့ရပါတယ်။



HDMI 2.0 ပံ့ပိုးတဲ့ ပစ္စည်းတွေကတော့ လာမယ့်ခရစ္စမတ်မှာတောင် ပေါ်ဦးမှာမဟုတ်ပေမယ့် နှစ်သစ် ၂၀၁၄ ထဲမှာတော့ ပစ္စည်းထုတ် လုပ်သူတွေဟာ အပြိုင်အဆိုင် ထုတ်ကြဖို့ရှိပါတယ်။ လျှစ်စစ်ပစ္စည်းတွေ တွင်တွင်ကျယ်ကျယ်ထုတ်တဲ့ Panasonic ကတောင် သူ့ရဲ့ 2014 ထုတ်မယ့် တီဗီတွေမှာ HDMI 2.0 ကို ပံ့ပိုးနိုင်အောင် လုပ်ပါ့မယ်လို့ ကတိပေးကြေညာထားပါသေးတယ်။ တကယ်တမ်းကြတော့ HDMI 2.0 သုံးဖို့အတွက် ကြိုတင်ပူပန်နေဖို့ မလိုပါဘူး။ စွမ်းဆောင်ရည်ကောင်းတဲ့ အတွက်လည်း သုံးစွဲသူတွေ ကျေနပ်ကြမှာပါ။ လောလောဆယ်သုံးနေတဲ့ HDMI 1.4 ဟာလည်း HDMI 2.0 သုံးတဲ့ ပစ္စည်းတွေကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးကြီးတာ တစ်ခုကတော့ အခုသုံးနေတဲ့ Cable ကြိုးတွေကို အသုံးမ၀င်တော့ဘူးဆိုပြီး ပစ်မထားကြဖို့ပါပဲ။

Images from calibracionhd.files.wordpress, hdmi, techscreens, cdn-static.cnet.co.uk. Source: reviews.cnet.com

Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...