Myanmar IP ဖြင့်သာ Verify ဖြစ်သော PayPal ပြုလုပ်အသုံးပြုနည်းအတွက် ကြိုတင်သဘောတူညီချက် ထုတ်ပြန်ခြင်း

 

အားလုံးပဲ မင်္ဂလာပါခဗျာ..

ကျွန်တော် မြန်မာနိုင်ငံကနေ မည်သည့် Proxy မှ မသုံးပဲ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့်ကို ပြောပြမယ်လို့ ကတိပေးခဲ့ပါတယ်။

ကျွန်တော် အခုမကြာခင် အချိန်အတွင်းမှာ Myanmar IP နဲ့ ပဲ Verify ဖြစ်တဲ့ PayPal အကောင့် ရအောင်လုပ်နည်းပြောပြပါတော့မယ်။

ကျွန်တော်ကိုယ်တိုင် အခုလက်ရှိသုံးနေတာဖြစ်သလို ၆လ ကျော် သွားပြီးလဲ ကျွန်တော် ဒီနည်းကိုရဖို့ $100 နည်းပါး စမ်းသပ်ရင်းနဲ့ ကုန်ကျခဲ့ပါတယ်။ ကျွန်တော့်ကို အဲ့အတွက် ShweMoney Company က Sponsor အနေနဲ့ $50 ထုတ်ပေးခဲ့သလို ကျွန်တော် အဲ့ဒီ $50 ကိုလည်း ကိုယ်ကျိုးမကြည့်ပဲ PayPal စမ်းသပ်တဲ့ အထဲထည့်ခဲ့ပါတယ်။

ဒီနည်းကို မည်သည့်နေရာကမှ Clone ရိုက်ထားခြင်း မရှိသလို Copy ကူးထားခြင်း မရှိပါဘူး။ Idea ပင် Copy ကူးထားခြင်းမရှိပါဘူးလို့ ပြောကြားလိုပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal အကောင့် လုပ်နည်းရှာ စိတ်ကူးရှိလာတာကတော့ ကျွန်တော့် Proxy နဲ့ အသုံးပြုနေတဲ့ Verify လုပ်ပြီးဖြစ်တဲ့ PayPal အကောင့် နှစ်ခု Lock ကျပြီး စိတ်ဆင်းရဲရာက စခဲ့ပါတယ်လို့ ၀န်ခံပြောကြားလိုက်ပါရစေ။

ဒီနည်းလမ်းဟာ မြန်မာပြည်သူပြည်သား အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ပြုလုပ်နည်း တင်ပြရခြင်းရည်ရွယ်ချက်ကတော့ မြန်မာ့စီးပွားရေးကို တစ်ဖက်တစ်လှမ်းက တိုးတက်ကောင်းမွန်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ။

PayPal က တရားဝင် ခွင့်ပြုထားတာ မဟုတ်သော်လည်း Online ပေါ်မှာ ဘာမှအကျိုးမရှိ အချိန်ကုန်နေမဲ့ အစား Online ပေါ်ကနေ စီးပွားရေး အဆင်ပြေပြေလုပ်နိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပဲဖြစ်ပါတယ်။ ကျွန်တော်တစ်ယောက် တစ်ယောက်ထဲသိပြီး မိမိကိုယ်တိုင် လုပ်နေလဲရပါတယ်။

ဒါပေမဲ့ အားလုံးကို အဆင်ပြေပါစေ ၊ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီနည်းလမ်းကို အချိန်ကြာမြင့်အောင် ရေးသား ပြောကြားလိုက်ရပါတယ်။

PayPal account ရပြီဆိုတာနဲ့ သင်ဟာ ငွေလက်ခံရရှိနိုင်ပါပြီလို့ ပြောကြားလိုက်ပါရစေ.. PayPal မှာ ငွေရှိလာပြီးဆိုရင် PayPal ကနေ မြန်မာ နိုင်ငံဘဏ်ကနေ ငွေထုတ်ဖို့ ပြောကြားပေးသွားဦးမှာဖြစ်ပါတယ်။ အားလုံးပဲ စိတ်အားထက်သန်စွာဖတ်ရှု နိုင်ပါတယ်။

ကျွန်တော်အနေနဲ့ နိုင်ငံအားဖြင့် Thai,Malaysia,Singapore,US စတဲ့ နိုင်ငံတွေကိုကို မြန်မာနိုင်ငံ IP နဲ့ ၀င်ရောက်ပြီး စမ်းသပ်ခဲ့ပါတယ်။ အဲ့ထဲမှာမှ Thai နဲ့ Malay က Myanmar IP နဲ့ ၀င်ရောက် အသုံးပြုလို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် Myanmar IP ကို အသုံးပြု ပြီး Credit Card ချိတ်ကြည့်တဲ့အခါမှာ Thai ရော Malay ရောဟာ Location Confirm ခိုင်းတဲ့ ပြဿနာတက်ပြီး အကောင့်တွေ Suspend ဆိုပြီး Lock ကျ ကုန်ပါတယ်။ အဲ့လိုနဲ့ စိတ်ဆင်းရဲစွာနဲ့ လိုက်ရှာရင်း နောက်ဆုံးမှာ ကျွန်တော် နိုင်ငံတစ်နိုင်ငံကို တွေ့ ခဲ့တယ်။ အဲ့နိုင်ငံက စမ်းလုပ်ကြည့်တော့ အဆင်ပြေတာကို တွေ့ရပြီး နောက်ဆုံးမှာ အခုထိ Lock မကျပဲ Myanmar IP နဲ့ပဲ Verify ဖြစ်တဲ့ အကောင့်ကို ရယူပိုင်ဆိုင်ခဲ့ပါတယ်။

ကျွန်တော် တစ်ခုကြိုမှာထားချင်တာကတော့ မြန်မာနိုင်ငံကနေ Pay Pal ကို အသုံးပြုဖို့ PayPal က ခွင့်ြ့ပု ထားခြင်း မရှိတဲ့အတွက် ဒီနည်းလမ်းဟာ Legal ဖြစ်မှာ မဟုတ်ပါဘူး။ တကယ်လို့ Policy Updates ကြောင့် အကြောင်းတစ်ခုခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။

Myanmar IP နဲ့ Verify ဖြစ်တဲ့ PayPal ရအောင် ကျွန်တော်အတွေ့အကြုံနဲ့ ပြန်လည်ကူညီပေးခြင်း သာဖြစ်ပါတယ်။ ထို့ကြောင် ဒီနည်းလမ်းကို ကျွန်တော့် အကြံပြုချက်အတိုင်း အသုံးပြုစေချင်ပါတယ်။ အကယ်လို့ မိမိစိတ်ကြိုက် လုပ်မယ်ဆိုပါက Make Your Own Risk လို့သာ ပြောကြားပါရစေ။

အကြောင်းတစ်ခု ဖြစ်ပျက်ခဲ့ပါက ကျွန်တော် အကြံပေးရုံသာ တတ်နိုင်မှာဖြစ်ပါတယ်။

အခု ကျွန်တော် Myanmar IP နဲ့ ဖြစ်ပေမဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူ အသုံးပြုနည်းကို ပြောပြပေးသွားမှာပါ။

Myanmar IP နဲ့ Verify ဖြစ်တဲ့ Pay Pal ကို ရယူအသုံးပြုနည်း ဖတ်ရှုဖို့ အောက်ပါအချက်များကို သဘောတူညီ ပေးဖို့လိုပါတယ်။

1) ကျွနှုပ်သည် Myanamr IP ဖြင့်သာ Verify ဖြစ်သော PayPal အကောင့် ရယူအသုံးပြုနည်းကို ဖတ်ရှုလိုသည်။

2) လမ်းညွှန်ချက်ကို အပြည့်အစုံ သေချာစွာဖတ်ရှုပါမည်။ ပြုလုပ်နည်းမှ ညွှန်ကြားချက်များကို သတိထားလိုက်နာမည်ဟု ကတိပေးပါသည်။

3) မြန်မာနိုင်ငံမှနေပြီး Verify ဖြစ်သော PayPal အကောင့် ရယူအသုံးပြုနည်းနှင့် ပတ်သက်ပြီး အချိန်မရွေး ပြောင်းလဲသော ညွှန်ကြားချက်များကို လိုက်နာပါမည်။

4) စာရေးသူသည် သူတစ်ပါးအား စေတနာဖြင့် ပြောကြားပေးခြင်းဖြစ်သည်။ ကျွနှုပ် စာရေးသူ၏ စေတနာကို နားလည်ပါသည်။ အကြောင်းတစ်ခုခု ဖြစ်ပျက်ခဲ့ပါက သူ့ကို အပြစ်ပြောမည်မဟုတ်ဘဲ သူ့ထံမှ အကြံဥာဏ် အကူအညီ ရယူမည်ဟု ကတိပေးပါသည်။

 အားလုံးပဲ သဘောတူတယ်ဆိုရင် Comment ပေးထားပါ။ နောက်ပြီး ဆက်လက် မဲ့ PayPal အကောင့် ပြုလုပ်နည်းအတွက် သဘောတူတဲ့ သူတွေပဲ ကျွန်တော့် အနေနဲ့ ဖတ်ခွင့်ပေးမှာဖြစ်ပြီး အချက်ကို မလိုက်နာ နိုင်တဲ့သူများအား တစ်စုံတစ်ရာညွှန်ကြား ပြောဆိုမှာ မဟုတ်ပါဘူး။

မကြာခင် ကျွန်တော် Myanmar IP ဖြင့်သာ Verify ဖြစ်သော PayPal ပြုလုပ် အသုံးပြုနည်း တင်ပေးသွားပါ့မယ်။

မိမိထံ Mail ရောက်ချင်ရင်တော့ http://www.techmilo.tk မှာ member ၀င်ထားပြီးတော့ ဖြစ်ဖြစ် ၊ email subscirbe လုပ်ပြီးတော့ပဲဖြစ်ဖြစ် လုပ်ထားနိုင်ပါတယ်။

email - fullpremiumnowfree@gmail.com
- contact@shwemoovi.com

Facebook - https://www.facebook.com/TechMilo
- https://www.facebook.com/FPNFOfficial

From Official Team ,
Steel Jelly [Miloboy Inc.]
Chief Editor Of Full Premium Now Free
Founder Of Tech Milo : Online Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...