Wet dream (2) အိပ်နေတုံးမှာ သုက်ထွက်တာ (၂) (+18)
ကျွန်တော် ညအိပ်တဲ့အချိန် သုက်ထွက်တာနဲ့ပါတ်သတ်ပြီးတော့ မြန်မာနိုင်ငံကနေ လိင်ကျွမ်းကျင်ဆရာဝန် နဲ့ရော စိတ်ရောဂါဆရာဝန်တွေနဲ့ပါ ပြသပြီးသွားပါပြီး။ တစ်ကိုယ်လုံးလဲစစ်ပြီးပါပြီး။ ဘာရောဂါမှမရှိဘူးလို့ ပြောပါတယ်။ ဆရာဝန်တွေက ပထမအိပ်ဆေးတွေနဲ့ အားဆေးတွေပေးတယ်။ ဒါပေမယ့် အိပ်ဆေး သောက်လဲထွက်တာပါပဲ။ အကြိမ်တော့ နည်းနည်းလျှော့သွားပေမယ့် ဆေးဖြတ်လိုက်တာနဲ့ ပြန်များလာပါ တယ်။ နောက်ဆုံး ဆရာဝန်တွေက Masterbation သုံးရက်တစ်ကြိမ် လုပ်ခိုင်းပါတယ်။ အဲ့လိုလုပ်နေတော့ စစချင်းမထွက်ပေမယ့်နောက်နားတဲ့ရက်မှာ အိပ်စဉ်သုတ်ပြန်ထွက်ပါတယ်။ အဲ့လိုထွက်ပြီးရင် ပိုလို့တောင်
မထူနိုင်မထနိုင်ဖြစ်ရပါတယ်။ နောက် Masterbation နဲ့ အိပ်တဲ့အချိန်သုတ်ထွက်တာနဲ့က မတူပါဘူး။ အိပ် တဲ့အချိန်သုတ်ထွက်တာက ကျွန်တော့်အတွက် အရမ်းကို စိတ်ကျပြီး မနက်ကျရင်မထနိုင်သလို ဖြစ်ပါ တယ်။ အခုဆို ညဘက်သုံးရက်တစ်ကြိမ်လောက်ထွက်တာ ၅ နှစ်လောက်ရှိပါပြီ။ ဆရာဝန်တွေက နောက် ဆုံးနိုင်ငံခြားမှာသွား ခွဲစိတ်မှရမယ်လို့ ပြောပါတယ်။ အကောင်းဆုံးနည်းလမ်းကို စဉ်းစားပေးပါအုံးဆရာ။
အိပ်နေတုံးမှာ ယောက်ျားလေး၊ ယောက်ျားကြီးတွေ သုက်အလိုလိုလို ထွက်တာကို Sexual dreams အိပ်မက်ပြာ၊ Wet dream အိပ်မက်အတွင်းစွပ်စိုခြင်း၊ Nocturnal emission အကာလမှာ သုက်ထွက်တာ စသဖြင့် ခေါ်တယ်။
အိပ်မက်ဆိုတဲ့သဘောက Intense activity တခုခုလုပ်ခြင်ဇောကြီးလို့လဲ ဖြစ်နိုင်တယ်လို့ ယေဘုယျပြော နိုင်တယ်။ အိပ်မက်တိုင်းက အဲလိုမျိုး အမြဲတန်းမှန်တာတော့ မဟုတ်ပါ။ Subconscious minds မသိစိတ် မှာ ကိန်းအောင်းနေတာလို့ ယူဆချက်လဲရှိတယ်။ သိစိတ်ကနေ ကိုယ့်ကိုယ်ကို (ဆင်ဆာ) မလုပ်နိုင်ပါဆို တဲ့အယူအဆနဲ့ လုပ်နိုင်တယ်အယူအဆမှာ မတူတာ ရှိပါတယ်။ အတိတ်နိမိတ်ကောက်ကြတာကလဲ အရပ်စကား လူပြောများတယ်။
လိင်ပိုင်းဆိုင်ရာမှာ ပိုပိုပြီးပွင့်လင်းမှုရှိလာတဲ့ အခုခေတ်အခြေအနေမှာတောင်မှ လူ့စိတ်သဘာဝကို ခေတ် ယဉ်ကျေးမှုက မကျော်နိုင်ပါ။ ငါ့ဘာမှဖုံးစရာမလိုဘူးလို့ ယူဆသူတွေဟာ တကယ်တော့ စိုးရိမ်သောက ရှိနေတာ သူကိုယ်တိုင်မသိပါ။
လိင်စိတ်ဆိုတာ Human drives လူ့စိတ်စေ့ဆော်မှုတွေထဲမှာ အင်အားအကြီးဆုံးလို့ မှတ်ယူတာမို့ အိပ် မက်ထဲမှာ ပါတာ သဘာဝကျတယ်လို့ဆိုပါတယ်။ လိင်အိပ်မက်ကို ယောက်ျား၊ မိန်းမ မက်ကြပါတယ်။ Dr. David Delvin နဲ့ Christine Webber တို့တွဲရေးခဲ့တဲ့ The Big 'O' - Understanding and Improving Your Orgasm and Your Partner's စာအုပ်ထဲမှာ မိန်းမတွေမှာ Orgasms လိင်ဆန္ဒပြည့်ဝတဲ့အထိ မ ရောက်ကြဘူးလို့ပါခဲ့တယ်။ ဒါပေမဲ့ စာရေးသူတွေဆီကို တုံ့ပြန်စာရေးတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ ပထမ ဆုံး (အော်ဂဇင်) ကို အိပ်မက်မက်ရင်း ရတယ်လို့ဆိုပါတယ်။ Dr Alfred Kinsey ရဲ့ သုတေသနအရ ၂၁ နှစ်ကနေ ၂၅ နှစ်ကြား ယောက်ျားတွေမှာ ၇ဝ% ကျော်မှာ အိပ်မက်ထဲမှာ လိင်နဲ့ဆိုင်တာမက်ပြီး သုက် လွှတ်ကြတယ်လို့ ဆိုပါတယ်။ အသက်ရလာရင် နည်းလာတယ်။ လုံးဝ မဖြစ်တော့တာလဲ မဟုတ်ပြန်ပါ။
မြန်မာနိုင်ငံက ယောက်ျားလေးတချို့မှာ အဲလိုဖြစ်နေလို့ စိတ်ရတ်သူ၊စိတ်ပျက်သူ၊ စိတ်ထခိုက်သူတွေရှိ တယ်ဆိုတာကို ဒီ (ဘလော့ခ်) အမေးအဖြေတွေအရ သိရပါတယ်။ ဖါသိဖါသာနေသူတွေက မေးစရာလို့ထင်ကြပါ။ သူတို့လိုနေတတ်တာ မှန်ပါတယ်။ စိတ်ဓါတ်ကျနေသူတွေအတွက်တော့ သတင်းကောင်း မဟုတ်တာ ရေးပါရစေ။ အဲလိုဖြစ်နေတာကို ပျောက်စေဆိုတဲ့ဆေး မရှိသေးပါ။ ဆောရီး။ ညဝတ် အဝတ် အစားတွေ ပေကျံနေလို့ စိတ်ပျက်တယ်ဆိုသူကို မညှာမတာပြောတဲ့ ဆရာဝန်ကတော့ အတွင်းခံတိုတို လေးသာဝတ်ပါလို့ ဆိုပါတယ်။
အားငယ်စရာကို ပြောပြီးနောက် ဒီလိုဖြစ်နေလို့ ကျန်းမာရေးထိခိုက်စရာမရှိပါဆိုတာ ပြောပါရစေ။ အာရှ တိုက်က ယောက်ျားလေးတွေက ပိုးရိမ်တတ်ကြတယ်လို့ ဆိုပါတယ်။ အားနည်းသွားတယ်လို့ ထင်ကြလို့ဖြစ်တယ်။ သူငယ်ချင်းချင်းလဲ အဲလိုပြောလေ့ရှိကြတယ်။ လိင်ပိုင်းဆိုင်ရာ ဆေးပညာသုတ ဖြန့်တာတွေက နည်းတာရော၊ မထိရောက်တာရော၊ မမှန်တာတွေရောကြောင့် အထင်မှား၊ အပြောမှား၊ အလုပ်မှားနေကြ တာ စိတ်မကောင်းပါ။
ယောက်ျားတယောက် သုက်ရည်ထွက်ရင် ချက်ချင်း ဘာဆိုဘာမှ မလုပ်ချင်အောင် ပုံကျသွားတယ်။ တခါ တည်း ဘာကလေးတခုမှတောင် တွေးမနေချင်အောင် လူအလုပ်-စိတ်အလုပ်မှန်သမျှ နားလိုက်ချင်တော့ တယ်။ အားအင်မှန်သမျှ တစက်ကလေးမှ မကျန်အောင် ကုန်ခမ်းသွားသလိုနဲ့တူတယ်။ အဲ့ ဒီလိုမမြဲမ ဖြစ်ပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲလိုအချိန်မှာ ထပြေးစရာ၊ ခုန်ချစရာ စတာမျိုးကြုံလာရင် ထပြေးနိုင်၊ ခုန်နိုင် ပါတယ်။ အဲ့ မနားရရင်တော့ နားဘို့လိုပါတယ်။ နားလိုက်ရင်လဲ အားပြန်ပြည့်ပါတယ်။ ဆေးသိပ္ပံနည်း ကျပြောရရင် ဒီလို အလိုလိုသုက်လွှတ်ခြင်းဟာ Body's natural response to its hormones ဟော်မုန်း ဓါတ်တွေကို ခန္ဓာကိုယ်ကနေ အလိအလျှောက်တုံ့ပြန်မှုလုပ်ငန်းကို ဆောင်ရွက်တာသာဖြစ်ပါတယ်။ မိန်းကလေးတွေ လစဉ်ရာသီဆင်းသလိုသဘောနဲ့ ဆင်ပါတယ်။ အိပ်နေချိန်မှာ သုက်လွှတ်တာကြောင့် (၁) ကျန်းမာရေးနဲ့ (၃) နောင်တချိန်မှာ သားသမီးရနိုင်ရေး မထိခိုက်ပါ။ ဘာသာရေးကနေ လိင်မှုဆက်ဆံရေး အပေါ်မှာ အယူအဆတွေ မတူကြပါ။ မွတ်ဆလင်အဆုံးအမမှာ ဒီလိုဖြစ်တာကို Satan ကလုပ်တာ အကု သိုလ်ပါလို့ ဆိုထားပါတယ်။
ဘာလုပ်ရမလဲ
• တချို့က သဘောကျပြီး ရယ်ရတယ်လို့ထင်ပါတယ်။
• Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်း နေ့စဉ်လုပ်ပါ။
• Antidepressants စိကျရောဂါဆေးကနေ ကောင်းသွားနိုင်ပါတယ်။
• တကယ်လို့ အဲလိုဖြစ်နေတာကို ရောဂါကြီးလို့ ထင်နေတာ မဟုတ်ပါဘူးပြောလဲ စွဲထင်နေသူတွေက တော့ စိတ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ Therapists စိတ်ကုရာဝန်၊ Hypnotherapists အိပ်မွေ့ချဆရာဝန်တွေ ကုသပေးနည်းတွေက မတူကြပါ။
• အိက်မက်ထဲမှာ ကိုယ်ချစ်ခင်စွဲမက်သူတွေကို မက်ရာကနေဖြစ်တာကို Dreams of love လို့ခေါ်တယ်။ ဒါပေမဲ့ တခါမှ မတခါဘူးသူတယောက်ယောက်ကို အိပ်မက်ထဲလာပေါ်တာမျိုးလဲရှိပါတယ်။ လိုအပ်ရင် Relationship therapist ကုသပေးတဲ့ဆရာဝန်နဲ့ကုရပါမယ်။
Wet dream အိပ်နေတုံးမှာ သုက်ထွက်တာ
http://dts-medicaleducation-adult.blogspot.in/2012/03/wet-dream.html
ဒေါက်တာတင့်ဆွေ