ကမ္ဘာ့အသန်မာဆုံးမိန်းကလေးငယ်

သူမကို မိန်းကလေးဟာကြူလီလို့ သူငယ်ချင်းတွေက ခေါ်ကြတယ် ဒီကလေးနာမည်က Varya Akulova ဖြစ်ပါတယ်။ သူမ ကိုယ်အလေးချိန် ၄၀ ကီလိုဂရမ်ရှိကတည်းက ၃၅၀ ကီလိုဂရမ်ကို သာသာလေးမနိုင်ခဲ့တယ်။ ကမ္ဘာ့အသန်မာဆုံး မိန်းခလေးငယ်ပါဘဲ။ ဒီအချက်ကို ဂင်းနစ်မှတ်တမ်းကလည်း နှစ်ကြိမ်တိုင်တိုင် သက်သေ ပြုခဲ့ပြီးပါပြီ။
Varyaရဲ့ ကြွက်သားတွေက မြင်သာတယ်ဆိုယုံလေးပါ အရမ်းကြီး သန်မာထွားကြိုင်နေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမယ့် သူ့ရဲ့ အလေးချိန်တွေကို ` မ ´ နိုင်တဲ့ စွမ်းအင်ကတော့ အံ့သြလောက်စရာပါပဲ။ သူ့မှာ တောင့် တင်းတဲ့ ခန္ဓာနဲ့ ကြိုးတွေလို အရွတ်တွေလည်းပိုင်ဆိုင်ထားတယ်။
Varya ကပြောတာကတော့ ` ကျွန်မ ကြီးထွားချင်ပါတယ်တကယ့်ကို ကြီးထွားချင်ပါတယ် ၁၉၀ စင်တီ မီတာလောက်အရပ်မြင့်ပြီး ကိုယ်အလေးချိန် ၁၀၀ ကီလို ဂရမ်ထက်ပိုလေးချင်ပါတယ် ဖေဖေ့လိုပေါ့ ´ တဲ့။ တကယ်တော့ Veryaဟာ သူမအတန်းမှာလည်း အတော်ဆုံး ကျောင်းသူလေးတစ်ယောက် ဖြစ်ပါတယ်။ အခုဆို သူမ ၇ တန်းကို တက်ရောက်နေပြီဖြစ်ပါတယ်။






သက်တန့်ချို