သွေးအုပ်စုပဟေဠိ အဖြေညှိခြင်း


မေးခွန်း (ဘာသာပြန်) ဆရာရှင့် ကျမဖေဖေက သွေးအုပ်စု (အို) နဲ့ မေမေက (ဘီ) ဖြစ်ပြီး၊ ကျမအမသွေးက (အေ) နဲ့ ကျမသွေးက (အေဘီ) ဖြစ်နေတာ ဘယ်လိုပါလဲရှင့်။ ဘုရားသခင် ကောင်းချီးပေးပါစေ။
• ဖခင် (အို) နဲ့ မိခင် (ဘီ) ကနေ သားသမီးတွေဟာ (ဘီ) နဲ့ (အို) သာဖြစ်နိုင်ပါတယ်။
• သံသယဆိုတာမဖြစ်ခင်မှာ သွေးအုပ်စုကို ပြန်စစ်သင့်ပါတယ်။ တလောက အသဲအစားထိုးဘို့လာသူနဲ့အတူ အသဲလှူမဲ့သူလဲပါတယ်။ ဆေးစစ်တာတွေလုပ်တော့ လူနာမှာ တသက်လုံးမှတ်ယူလာခဲ့ပြီး အမျိုးသား မှတ်ပုံတင်မှာလဲ ရေးထားတဲ့ သွေးအုပ်စု (ဘီ) က မှားနေပြီး (အို) ဖြစ်နေလို့ လှူမဲ့သူ (ဘီ) ရဲ့ အမျိုးသမီး (အို) ကနေ အသဲလှူလိုက်ရတဲ့ တကယ့်အဖြစ်အပျက်တွေ့ခဲ့ရတယ်။ လူအမှား စက်ကိရိယာအမှား ဆိုတာ နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။
• မိခင်က (ဘီ) သေချာတယ်ဆိုရင်
- ဖခင် (အေ) နဲ့မွေးရင် (အေ)၊ (ဘီ)၊ (အေဘီ) နဲ့ (အို) တွေမွေးမယ်။
- ဖခင် (ဘီ) နဲ့မွေးရင် (ဘီ) နဲ့ (အို) တွေမွေးမယ်။
- ဖခင် (အေဘီ) နဲ့ဆိုရင် (အေ)၊ (ဘီ) နဲ့ (အေဘီ) တွေမွေးမယ်။
- ဖခင် (အို) နဲ့ဆိုရင် (ဘီ) နဲ့ (အို) တွေမွေးမယ်။


• ဖခင်က (အို) သေချာတယ်ဆိုရင်
- မိခင် (အေ) နဲ့မွေးရင် (အေ) နဲ့ (အို)၊
- မိခင် (ဘီ) နဲ့မွေးရင် (ဘီ) နဲ့ (အို)၊
- မိခင် (အေဘီ) နဲ့မွေးရင် (အေ) နဲ့ (ဘီ)၊
- မိခင် (အို) နဲ့မွေးရင် (အို) မွေးလာပါမယ်။

• သမီး နှစ်ယောက်က (အေ) နဲ့ (အေဘီ) တွေဆိုရင် ဖခင် ရော မိခင်ပါ (ဘီ) နဲ့ (အေဘီ) တွေ ဖြစ်ရမယ်။
- ဖခင် (ဘီ) ဆိုရင် မိခင် (အေ) နဲ့ (အေဘီ) ဖြစ်မယ်။
- ဖခင် (အေဘီ) ဆိုရင် မိခင် (အေ)၊ (ဘီ) နဲ့ (အေဘီ) ဖြစ်မယ်။
- မိခင် (ဘီ) ဆိုရင် ဖခင် (အေ) နဲ့ (အေဘီ) ဖြစ်မယ်။
- မိခင် (အေဘီ) ဆိုရင် ဖခင် (အေ)၊ (ဘီ) နဲ့ (အေဘီ) ဖြစ်မယ်။

ဒေါက်တာတင့်ဆွေ
၁၅-၂-၂ဝ၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...