Hematospermia သုက်ထဲသွေးပါခြင်း


သုက်ထဲမှာ သွေးပါတာ ရှားပါတယ်။ ဆေးမကုဘဲ ပျောက်မှာက များပါတယ်။ ဖြစ်စေတဲ့ အကြောင်းတွေက မျိုးပွါးလမ်း (ကျားအစေ့၊ အစေ့ထိပ်) နဲ့ ဆီးလမ်း (ဆီးအိမ်၊ ဆီးပြွန်၊ ဆီးကျိတ်) တွေကနေ လာနိုင်တယ်။ အဲဒီနေရာတွေကို ခွဲစိတ်ထားခံရသူတွေ ဖြစ်တာတော့ မဆန်းဘူး။ အဲလို မဟုတ်သူတွေ သေခြာဆေးစစ်ပါ။

• ဆီးကျိတ်၊ ဆီးအိမ်၊ အစေ့၊ သုက်ပြွန် တနေရာရာမှာ ကင်ဆာနဲ့ ကင်ဆာ-မဟုတ်တဲ့ အကျိတ် ရှိ-မရှိ။
• ရောဂါပိုးတမျိုးမျိုး (Chlamydia, Herpes, Cytomegalovirus, Trichomoniasis) ဝင်နေတာ၊
• ဆီးကျိတ်ရောင်၊ အကြောရောင်၊ ဆီးပြွန်ရောင်၊
• ဆီးကျိတ် နဲ့ သုက်ပြွန်မှာ ကျောက်ရှိတယ်၊
• ဆီးပြွန်မှာ Polyps အသားပိုဖြစ်တာ၊
• သုက်ထွက်ပြွန်ပိတ်နေတာ၊
• တခြားနေရာမှာ ကင်ဆာ ရှိနေလို့ လူးလာတာ။
• သုက်ပြွန်မှာ အိတ်၊ သွေးယိုတာနဲ့ ပုံမှန်မဟုတ်တာ၊

သုက်ထဲ သွေးပါတာအပြင် ဆီးသွားရင် နာမယ်၊ သုက်လွှတ်ရင် နာမယ်၊ ဆီးထဲ သွေးပါမယ်၊ ခါးအောက်ပိုင်း နာမယ်၊ ကိုယ်ပူမယ်၊ အစေ့၊ ကပ်ပဲအိတ်မှာ နာမယ်၊ အစေ့၊ ကပ်ပဲအိတ်မှာ ရောင်မယ်၊ ပေါင်ခြံမှာ နာမယ်၊ ရောင်မယ်၊

ဆီးစစ်ရမယ်။ Ultrasound နဲ့ MRI ရိုက်ရင် အလုံး-အကျိတ်-ပုံမှန်မဟုတ်တာတွေ မြင်ရမယ်။ Semen analysis သုက်ပိုးစစ်ဆေးတာ၊

ကုသတာက ဘာလို့လဲဆိုတာအပေါ် မူတည်တယ်။
• ပိုးဝင်နေရင် ပိုးသေဆးပေးမယ်။
• လိင်းဆက်ဆံတာ လွန်ကြွံသွားတဲ့အခါမှာလဲ ဖြစ်တတ်တယ်။ သုက်ပြွန်ထဲမှာ သုက်က ပြန်ဖြစ်မလာခင်ဆိုရင် နံရံကနေ သွေးထွက်တာမျိုး ဖြစ်နိုင်တယ်။
• ဗီတာမင် (စီ) သောက်ရင် အကျိုးများစေမယ်။ သားသတ်လွတ်စားသူများ ထောပတ်စားခိုင်းတယ်။
• အတော်များများမှာ ပြောတာတွေနဲ့ မဆိုင်ဘဲဖြစ်လို့ ဆေးကုစရာတောင် မလိုဘူး။ ပျောက်သွားတာဘဲ။

Sperm Color သုက်၏အရောင်
• သုက်ရည်ရဲ့ ပုံမှန်အရောင်ကို ဖြူ-ဝါဝါနဲ့ အလင်းရောင် ပိတ်မနေဘူးလို့ ပြောတယ်။
• အဖြူကနေ အဝါဘက် လဲတယ်လို့လဲ ပြောတယ်။
• နို့လို ပုလဲရောင်လို့ သတ်မှတ်တာလဲ ပုံမှန်ဘဲ။
• သုက်မထွက်တာ ကြာရင် ခပ်ဝါဝါဖြစ်လာမယ်။
• သုက်ပိုးမရှိ-နည်းနေသူဆိုရင် ကြည်နေမယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါ တချို့ကြောင့် နဲနဲပြောင်းမယ်။ ဒါလဲ အဖြူခဲလိုလို ဖြစ်တာပါ။
• သုက်ရည်ဟာ လိင်ဆက်ဆံတာ နဲ့ (မာစတာဘေးရှင်း) များတဲ့ အချိန်မျိုးမှာ ခါတိုင်းထက် ကျဲစေတတ်တယ်။ ယာယီသဘောသာ ဖြစ်တယ်။ ဒါကလဲ အထဲမှာ သုက်ပိုးတွေ နည်းသွားတာတော့ မဟုတ်ပါ။
• သုက်အရောင်ဆိုတာ ကလေးရ-မရကို မဆုံးဖြတ်ပါ။
• တခြားအရောင်နဲ့ သွေးပါနေရင် ပိုးတခုခုဝင်တာကို စဉ်းစားရမယ်။
• နေ့တိုင်း၊ အခါတိုင်း တသမတ်ထဲ ဖြစ်ချင်မှ ဖြစ်ပါမယ်။ Diet အစားအစာ၊ လေ့ကျင်ခန်း၊ လိင်ကိစ္စ တွေကနေ အကျဲ-အပြစ်ကို သက်ရောက်စေသေးတယ်။
• အတွင်းခံဝတ်တာကြောင့်လဲ သုက်ပိုးရဲ့လှုတ်ရှားမှုကို သက်ရောက်နိုင်သေးတယ်။
• လူတယောက်နဲ့ တယောက်လဲ မတူတတ်ဘူး။ တယောက်ထဲမှာတောင် အချိန်အခါနဲ့ အသက်အရွယ်အရ မတူသေးဘူး။
• မျိုးဗီဇကနေ လူတယောက်က သုက်လွှတ်လုပ်တာအပေါ် သက်ရောက်တယ်။ အများအားဖြင့် တခါ သုက်လွှတ်ရင် လက်ဖက်ရည်ဇွန်းလေး တဇွန်းလောက်ရှိတယ်။
• ဆေးသောက်နေတာကလဲ သက်ရောက်စေတယ်။
• ဆက်ဆံတဲ့အခါ (အော်ဂဇင်) ဖြစ်ဘို့ အချိန်ပိုယူရင် ပိုများမယ်။ စိတ်လာမှု များလေလေ များနိုင်လေလေဖြစ်မယ်။ အတူမနေခင် အချိန်ယူတာလဲ အတူဘဲ။
• ဝါ-စိမ်းစိမ်း။ STDs (ဂိုနိုးရီးယား) လိင်ကတဆင့်ကူးစက်ရောဂါ၊
• အနဲ့ဆိုး။ ရောဂါပိုတခုခုဝင်တာ။
• သွေးဆက်တိုက်ပါနေတာဟာ
- ပိုးဝင်တာ၊
- ခိုက်မိတာ နဲ့
- ရှားရှားပါးပါး ကင်ဆာတွေကြောင့်ဖြစ်နိုင်တယ်။
- သွေးကြောပေါက်ပြီး ၁-၂ ရက်အတွင်း သုက်လွှတ်ရင် အဲလိုဖြစ်စေနိုင်ပြီး နောက် အရင်အရောင်ပြန်ဖြစ်မယ်။
- ဆီးကျိတ်ထဲက သွေးကြောလေးတွေ ပေါက်တာ ဖြစ်နိုင်တယ်။
- ဆီးကျိတ်ကို ခဏခဏ ဖိ-ထိမိရင် ဖြစ်လို့လဲ သုက်ထဲ သွေးပါနိုင်တယ်။
- သုက်လွှတ်တာ အကြိမ်များလွန်းလို့၊ နည်းလွန်းလို့၊
- လိင်စိတ်ထပေမဲ့ သုက်မလွှတ်မိလို့၊
- သုက်လွှတ်ခါနီး လိင်တံကို အင်္ဂါထဲကနေ ရုတ်တရက် ဆွဲထုတ်လို့၊
- အရက်နဲ့ အပူ-အစပ်စားလို့၊
- အကြာကြီးထိုင်၊ ဆိုင်ကယ်-စက်ဘီး စီးလို့။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...