Hypertension (2) သွေးတိုးရောဂါ (၂)

High blood pressure သွေးဖိအားများနေတာကို Hypertension သွေးတိုးရောဂါလို့ ခေါ်တယ်။ သွေးဖိအားဆိုတာ နှလုံးကနေ တကိုယ်လုံးကို စီးလျှောက်နေတဲ့ သွေးတွေက သွေးကြောနံရံပေါ်ကို ဘယ်လောက် ဖိအားနဲ့ သက်ရောက်နေသလဲကို တိတိကျကျတိုင်းတာတဲ့ ကိန်းဂဏန်း ဖြစ်တယ်။ ဒီဖိအားများနေတာက စဉ်တိုက် ဆက်တိုက်လို ဖြစ်နေတာမို့ ကြာလာတာနဲ့ သွေးကြောတွေတွေကို
ပျက်စီးစေရုံသာမကဘဲ နှလုံးမှာပါ ရောဂါ ရလာစေနိုင်တယ်။ သွေးဖိအားကို ထိန်းမထားနိုင်ရင် တချိန်မှာ Heart disease နှလုံးရောဂါ၊ Stroke ဦးနှောက်-သွေးကြော ရောဂါ နဲ့ Kidney disease ကျောက်ကပ်ရောဂါ တမျိုးမျိုးရလာစေနိုင်တယ်။

များသောအားဖြင့် ဘာမှ မခံစာရသလိုနေပြီး ရုတ်တရက် အသက်ကို ရန်ရှာနိုင်တဲ့ အပြင်းအထံရောဂါရတတ်လို့ Silent killer တိတ်တဆိတ် လူသတ်သမားလို့ တင်စားလေ့ ရှိတယ်။ အဲလိုလူမျိုး ၅ ယောက်မှာ ၁ ယောက်ရှိတယ်။ အပြင်မှာ ဘာမှမဖြစ်သလိုနေပေမဲ့ ကိုယ်တွင်းထဲမှာတော့ နှလုံး၊ အဆုပ်၊ ဦးနှောက် နဲ့ ကျောက်ကပ်တွေကို ထိခိုက်နေတယ်။

ဝေဒနာသည်အများစုမှာ ဘာလို့ သွေးတိုးလာဖြစ်သလဲ ဆရာဝန်တွေက အကြောင်းရှာမရကြဘူး။ လူကြီးတယောက်ရဲ့ ပုံမှန် သွေးဖိအားဟာ 120/80 ထက်မများရဘူး။ Systolic pressure အထက်ဂဏန်းလို့ခေါ်တာက နှလုံးကနေ ညှစ်နေချိန်မှာ ရှိတာဖြစ်တယ်။ Diastolic pressure အောက်ဂဏန်းဆိုတာက နှလုံးက တခါနဲ့ တခါကြား နားနေချိန်မှာ ရှိတာ ဖြစ်တယ်။ အကြောင်းရှာရတာတွေထဲမှာ Kidney or Adrenal gland disease ရောဂါတွေပါတယ်။

လူဦးရေရဲ့ ၄ ပုံ၁ ပုံမှာ Warning Sign သတိပေးချက်အဆင့် ရှိနေတယ်လို့ ပြောရင် ခြောက်ပြောတာ မဟုတ်ပါ။ အထက်ဂဏန်း 120 နဲ့ 139 ကြား၊ အောက်ဂဏန်း 80 နဲ့ 89 ကြား ရှိနေသူတွေပါတယ်။ ဒီလိုလူတွေက သာမန် သွေးဖိအား ရှိနေသူတွေထက် နှလုံးရောဂါရလမ်း ၂ ဆ ပိုတယ်။ ဆရာဝန်ဆီလာရင် Lifestyle changes လူနေမှုပုံစံ ပြောင်းပါလို့ အကြံပေးလိမ့်မယ်။

သွေးဖိအား 140/90 နဲ့အထက်ရှိနေပမဲ့ လက္ခဏာတွေ မခံစားရတာ ရှိနိုင်တယ်။ 180/110 ဆိုရင်တော့ စိုးရိမ်အမှတ် ရောက်နေပြီ။ ခဏလေး ကိုယ်ရောစိတ်ပါ နားလိုက်ပါ။ သွေးဖိအားပြန်တိုင်းပါ။ ဒိထက်မကျရင် အရေးပေါ်ဌာန အမြန်ကြွပါ။ Stroke ဦးနှောက်ထိခိုက်တာ၊ Heart attack နှလုံးရောဂါ၊ Kidney damage ကျောက်ကပ်ရောဂါ နဲ့ Loss of consciousness သတိလစ်တာတွေ ဖြစ်လာနိုင်စရာရှိနေပြီ။ Severe headache ခေါင်းတအားကိုက်မယ်၊ Anxiety စိုးရိမ်စိတ်ကဲနေမယ်၊ Nosebleeds နှာခေါင်းသွေးယိုမယ်၊ Feeling short of breath အသက်ရှူမဝဖြစ်မယ်။

အသက် ၄၅ နှစ်အထိ ယောက်ျားတွေက မိန်းမတွေထက် ပိုဖြစ်နိုင်တယ်။ ဒိထက်ကြီးရင် အတူတူဖြစ်ကြတယ်။ မိန်းမတွေက အသက် ၆၅ နှစ်ကျော်လာရင် ပိုဖြစ်တယ်။ ဆီးချိုရောဂါလိုဘဲ မိသားစုထဲမှာ တယောက်ဖြစ်ရင် နောက်လူလဲ ဖြစ်တတ်တယ်။ အားလုံးတော့ မဟုတ်ပါ။ ဆီးချိုရှိနေသူထဲက ၆ဝ% မှာ သွေးတိုးလဲတွဲရှိနေတယ်။

လူတွေ၊ တိရစ္ဆာန်တွေ ဆားမရှိရင် အသက်မရှင်နိုင်ဘူး။ ဒါပေမဲ့ သွေးတိုးနဲ့မတည့်ပါ။ Salt ဆားထဲမှာ အများဆုံး ပါနေတာက Sodium (ဆိုဒီယမ်) ဖြစ်တယ်။ ဒီဓါတ်ကနေ သွေးဖိအားတက်စေတာသေခြာတယ်။ (ဆဲ့လ်) တွေထဲ ရေပိုအောင်းစေလို့ ကိုယ်ရောင်မယ်။ American Heart Association ကနေသတ်မှတ်ပေးထာတာက လူတယောက် တနေ့မှာ (ဆိုဒီယမ်) 1,500 milligrams ထက် များအစားဘို့ဖြစ်တယ်။ သိတဲ့အတိုင်း သူတို့က အာရှသားတွေထက် လူကောင်ကြီးသေးတော့ ကျွန်တော်တို့က ပိုနည်းသင့်သေးတယ်။ အလွယ်ဝယ်စားလို့ရတာတွေ၊ ပြုပြင်စီမံထားတဲ့ အစာတွေကနေ လိုအပ်ချက်ထဲက ၇၅% ရနေတာ သတိထားပါ။

စိတ်ဖိအားများရင် သွေးတိုးများတယ်။ ဘာလို့လဲတော့ အဆက်အစပ်မပြနိုင်သေးဘူး။ ဒါပေမဲ့ စိတ်ဖိစီးမှုများသူတွေဟာ နှလုံးရောဂါရလမ်းလဲ များတယ်။ ဒီလိုလုတွေက Poor diet အစားကောင်းကောင်းမစား၊ Alcohol use အရက်သောက်၊ Smoking ဆေးလိပ်သောက်တာတွေလဲ လုပ်ကြတော့ ဆက်စပ်နေတယ်။

ဝတဲ့သူတွေဟာ သူတို့နှလုံးအပေါ်ဖိအား များနေစေလို့ သွေးတိုးဖြစ်ဘို့ များတယ်။ ဒါကြောင့် အစားအသောက်မှာ ဆားလျှော့စားဘို့နဲ့အတူ ကိုယ်အလေးချိန်ချဘို့၊ (ကလိုရီ) ချဘို့ လိုအပ်တယ်။ အဆီလဲလျှော့၊ သကြားလဲ နည်းစေရတယ်။ အသီးအနှံတွေ၊ အသီးအရွက်တွေကို ပိုစားသင့်တယ်။ အဆီလွတ်အသားနဲ့ (ဖိုင်ဘာ) များအစားတွေကို အစားခိုင်းတယ်။ အလေးချိန် ၁ဝ ပေါင်ကျတာနဲ့ အန္တရာယ်ကိုနည်းစေတယ်။

အရက်များရင် သွေးတိုးများစေတယ်။ American Heart Association ရဲ့ လမ်းညွှန်ချက်မှာ အရက်ကို လူတိုင်းလိုလို သောက်နေတဲ့နိုင်ငံမို့ အမျိုးသားးတိုင်း ၂ ခါသောက်၊ နဲ့ အမျိုးသမီးတိုင်း ၁ ခါသောက်ထက် မပိုဘို့ပါနေတယ်။ ၁ ခါသောက်ဆိုတာ Beer ဘီယာ ၁၂ အောင်စ၊ Wine ဝိုင် ၄ အောင်စ၊ Spirits အရက် (80-Proof) ၁ အောင်စခွဲ နဲ့ အရက် (100-Proof) ၁ အောင်စကို ပြောတာဖြစ်တယ်။

(ကေဖင်း) ပါတဲ့ ကော်ဖီ စတာတွေ သောက်ရင် လူက တမျိုးတမည်ဖြစ်သလို သွေးတိုးကိုလဲ တက်စေတယ်။ ယာယီ သဘောတော့ ဖြစ်တယ်။ American Heart Association က တနေ့ ၁ ခွက်၊ ၂ ခွက် သတ်မှတ်တယ်။

ကိုယ်ဝန်ဆောင်လို့ သွေးတိုးတယ်ဆိုတာ ဖြစ်တတ်တယ်။ ကိုယ်ဝန် နောက်ပိုင်းမှာ အဖြစ်များတယ်။ ဆေးကုသမှု မလုပ်ရင် ဆိုးဝါးတာတွေ ဆက်ဖြစ်လာနိုင်တယ်။ ဥပမာ Preeclampsia (PET ကိုယ်ဝန်ဆောင် သွေးဆိပ်တက်ခြင်း (တကယ်တန်း တက်တာ မဖြစ်မီအဆင့်) ကနေ မိခင်ရော ကလေးပါ ဆိုးဝါးတာတွေဖြစ်လောစေနိုင်တယ်။ ဒီလိုဖြစ်သူတွေ ကလေးမွေးပြီး ပြန်ကောင်းပါတယ်။

Cold and flu medicines အအေးမိဆေးတွေထဲမှာ Decongestants အမျိုးအစားဆေးတွေ ပါနေတယ်။ ဒီဆေးက သွေးတက်စေနိုင်တယ်။ တခြားဆေးတွေကတော့ NSAID pain relievers အကိုက်အခဲပျောက်ဆေးတွေ၊ Steroids (စတီရွိုက်) ဆေး။ Diet pills ပိန်ဆေး၊ Birth control pills ကိုယ်ဝန်တားဆေး နဲ့ Antidepressants စိတ်ကျဆေးတွေ ဖြစ်တယ်။

အလုပ်လုပ်တဲ့နေရာ၊ ရုံးတွေမှာ သွေးချိန်တိုင်းရင် အိမ်မှာနေရင်း တိုင်းတာထက် တက်နေတတ်တယ်။ လူနာတွေလဲ ဆေးခန်းလာဘူးကာစ၊ ဆေးခန်းသစ်လာစ၊ ဆရာဝန်-ဆရာမ အသစ်နဲ့ စစ်ကာစ အချိန်တွေမှာ သွေးချိန် နည်းနည်း ပိုတက်နေတတ်တယ်။ ဒါကြောင့် အိမ်မှာ အေးအေးဆေးဆေး တိုင်းတာတာက ပိုသေခြာတဲ့ဂဏန်းကို ရစေနိုင်တယ်။ ဒါပေမဲ့ လူတိုင်းက အိမ်မှာချည်း အမြဲနေကြတာ မဟုတ်ပါ။ အပြင်နေရလို့ သွေးချိန်တက်တာလဲ သူ့သွေးချိန်ဘဲဖြစ်တယ်။

သွေးတိုးဟာ လူကြီးရောဂါ မှန်တယ်။ ကလေးတွေလဲ မဖြစ်ဘူး မပြောနိုင်ပါ။ ကလေး ဝနေမယ်၊ မိဘတွေမှာ သွေးတိုး ရှိနေမယ်ဆိုရင် ကလေးလဲ တက်နေနိုင်တယ်။ ကလေးရဲ့ အသက်၊ အရပ်၊ ကျား-မ မတူရင် သွေးချိန်မတူဘူး။
• Treatment သွေးတိုးကို ဘယ်လိုကုသလဲ
အစားအသောက် ရွေးစားတာကြောင့် သွေတိုးကျစေတယ်။ DASH ဆိုတာ Dietary Approaches to Stop Hypertension ကို အတိုကောက် ရေးထားတာပါ။ Fruits အသီးတွေ၊ Vegetables ဟင်းသီး-ဟင်းရွက်တွေ၊ Whole-grain foods ဖြူနေအောင်ချွတ်မထားတဲ့အဆံတွေ၊ Low-fat dairy အဆီလွတ်နို့၊ Fish ငါး၊ Poultry ကြက်သား၊ Nuts အစေ့အဆံတွေကို စားခိုင်းတာ ဖြစ်ပါတယ်။ Red meat အမဲသား-ဆိတ်သား၊ Saturated fats အဆီ၊ Sweets အချိုတွေ လျှော့စားစေတယ်။ Sodium (ဆိုဒီယမ်) နည်းလေ ကောင်းလေဖြစ်တယ်။
• Exercise ကိုယ်လက်လေ့ကျင့်ခန်း
ပုံမှန်လေ့ကျင့်ခန်းလုပ်တာ သွေးတိုးအတွက်လဲ သက်သာစေတယ်။ ၇ ရက်တပါတ်မှာ မပြင်းထံတဲ့ လေ့ကျင့်ခန်း မိနစ် ၁၅ဝ လုပ်သင့်တယ်။ Gardening ဥယျာဉ်လုပ်တာ၊ Walking briskly လမ်းတိုလျှောက်တာ၊ Bicycling စက်ဘီးစီးတာ၊ Aerobic exercise (အေရိုးဘစ်) လုပ်တာတွေလဲ ပါတယ်။ Muscle-strengthening activities ကြွက်သား ဆန့်တန်းတာကိုလဲ တပါတ်မှာ ၂ ခါလုပ်သင့်တယ်။

သတိပေးချင်တာက ဆီးဆေးဆိုတာ မတူတဲ့ ၂ မျိုး မရောစေချင်ဘူး။ ဆီးကို အတင်းသွးခိုင်းတဲ့ဆေး နဲ့ ဆီးအောင့်လို့ သောက်ရတာ မတူပါ။ သွေးတိုးမှာ ဆီးကို တမင်တကာ သွားစေအောင် လုပ်ရတယ်။ သွေးကျတာမြန်လို့ ပဌမတန်းစားဆေး အနေနဲ့ သုံးလေ့ရှိတယ်။ ဆီးသွားရင် ကိုယ်ထဲကနေ ရေရော၊ ဆားရောထွက်ကုန်စေတယ်။ သတိထားစရာက တချို့ ဆီးဆေးတွေက Potassium နည်းစေနိုင်လို့ ကြွက်သားနာတာ၊ အားယုတ်တာတွေဖြစ်စေနိုင်တယ်။ တချို့ဆီးဆေးက ဆီးချို တက်စေတတ်တယ်။ တချို့မှာ Erectile dysfunction ယောက်ျား လိင်အရေးနည်းစေနိုင်တယ်။

ဒီဆေးမျိုးက နှလုံးခုန်တာနှေးစေတယ်။ တခြားနှလုံးရောဂါအတွက်လဲ သုံးတယ်။ ဥပမာ Arrhythmia ရောဂါ။ ဒီဆေးမျိုးက Insomnia အိပ်မပျော်တာ၊ Dizziness ခေါင်းမူးတာ၊ Fatigue အားယုတ်တာ၊ Cold hands and feet ခြေ-လက် အေးစက်တာ နဲ့ Erectile dysfunction ယောက်ျား လိင်အားနည်းတာတွေ ဖြစ်စေနိုင်တယ်။

သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ ကိုယ်ကနေထွက်တဲ့ Angiotensin II ဓါတ်ကို ဆန့်ကျင်တယ်။ ဒီဆေးမျိုးက Dry cough ချောင်းခြောက်ဆိုးတာ၊ Skin rash အရေပြားအနီစက်ထွက်တာ၊ Dizziness ခေါင်းမူးတာ၊ Potassium (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။
• ARBs (အေ-အာရ်-ဘီ) ဆေး
ဒီဆေးမျိုးက သွေးကြောတွေကို ကျုံ့စေ-ကျဉ်းစေတဲ့ Angiotensin II ဓါတ်ကို ကိုယ်ကနေထွက်တာကို နည်းစေတယ်။ ဆေးသတ္တိပြဘို့ အချိန်စောင့်ရတယ်။ Dizziness ခေါင်းမူးတာ၊ Muscle cramps ကြွက်သားနာတာ၊ Insomnia အိပ်မပျော်တာ၊ Potassium (ပိုတက်ဆီယမ်) များတာတွေ ဖြစ်စေနိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မပေးသင့်ဘူး။
• Calcium Channel Blockers (ကယ်လ်စီယမ်-ချင်နယ်လ် ဘလော့ကာ) ဆေး ဒီဆေးမျိုးကနေ နှလုံးနဲ့ သွေးကြော (ဆဲလ်) တွေထဲကို (ကယ်လ်စီယမ်) ဓါတ်ဆား ဝင်တာကိုနှေးစေမယ်။ (ကယ်လ်စီယမ်) ဓါတ်က နှလုံကိုပိုညှစ်စေပြီး သွေးကြောကို ကျယ်စေတယ်။ Dizziness ခေါင်းမူးတာ၊ Palpitations ရင်တုန်တာ၊ Swelling of the ankles ခြေထောက်ရောင်တာ၊ Constipation ဝမ်းချုပ်တာတွေ ဖြစ်စေနိုင်တယ်။ အစာနဲ့ သောက်ရတယ်။ အရက်၊ စပျစ်ဖျော်ရည်တွေနဲ့ တွဲမသောက်သင့်ဘူး။
• Other Medications တခြားဆေးတွေ
Vasodilators, Alpha blockers, Central agonists အမျိုးအစားဆေးတွေကိုလဲ သုံးတယ်။ Dizziness ခေါင်းမူးတာ၊ Fast heart beat or heart palpitations ရင်ခုန်-ရင်တုန်တာ၊ Headaches ခေါင်းကိုက်တာ၊ Diarrhea ဝမ်းလျှောတာတွေ ဖြစ်စေနိုင်တယ်။

Meditation တရားထိုင်တာ၊ Yoga ယောဂလုပ်တာ၊ Deep breathing အသက်ပြင်းပြင်ရှူတာတွေက သွေးတိုးကျဘို့ အထောက်အကူရစေနိုင်တယ်။ Herbal therapies တိုင်းရင်းဆေးတချို့က သွေးတိုးကိုပိုတိုးစေတယ်။
• Living With High Blood Pressure သွေးတိုးနဲ့ ဘယ်လိုစခန်းသွားမလဲ
သွေးတိုးကို ပျောက်သွာအောင် ဆရာဝန်တွေ မစွမ်းသေးပါ။ တသက်တာသွေးတိုးကို ထိန်းနေတတ်အောင် လုပ်နေနိုင်ရင် အသက်တမ်းစေ့ နေနိုင်ပါမယ်။ လူဆိုတာ ရသာ ၆ ပါးကို အာရုံထားကြတယ်။ ရှောင်ရမျာက ငန်တာက တပါးတည်းပါ။ ကျန် ၅ ပါး အားကိုးရတာ မနည်းပါ။
• Hypertension (1) သွေးတိုးရောဂါ (၁) http://dts-medicaleducation.blogspot.com/2008/10/high-blood-pressure.html
• High Blood Pressure Medications Side Effects သွေးကျဆေး ဘေးထွက်-ဆိုးကျိုးများ http://dts-medicaleducation.blogspot.in/2013/09/high-blood-pressure-medications-side.html
Dr. တင့်ဆွေ
၈-၆-၂ဝ၁၂