Pizza made to survive 3 years, 50-foot drops



စိုစွတ်တဲ့ အစားအစာ တွေဟာ သဘာဝ အားဖြင့် ရက်ပိုင်း လောက်သာ ခံလေ့ရှိတယ် ဆိုတဲ့ အဆိုကို ချိုးဖြတ်နိုင်တဲ့ ၃ နှစ်ခံ ပီဇာ အကြောင်းကို အခု ဆောင်းပါးမှာ ဆွေးနွေး ထားပါတယ်။

အစားအစာ တွေကို အေးခဲပြီး ကြာကြာ ခံနိုင်အောင် မလုပ်နိုင် သေးခင်က အခြောက် လှန်းပြီး အစာခြောက် (ဥပမာ ထမင်းခြောက်) အဖြစ် တာရှည်ခံအောင် ပြုလုပ် ကြပါတယ်။ သူ့ရဲ့ အားသာချက် ကတော့ တာရှည်ခံ တဲ့အပြင် မီးဖိုချောင် မလိုဘဲ လွယ်လင့်တကူ စားသောက်နိုင် တာပါပဲ။ အထူးသဖြင့် မြို့ပြနဲ့ ဝေးလံတဲ့ နေရာမှာ အမှုထမ်း ရတဲ့ စစ်သားတွေ အတွက် အလွန် အသုံးဝင်တဲ့ အစားအစာ ပါပဲ။ ဒါပေမယ့် အားနည်းချက် ကတော့ နေရောင်ခြည်နဲ့ အခြောက် လှမ်းလိုက်တဲ့ အတွက် အရသာ ကတော့ ဆွဲဆောင်မှု ရှိလောက်အောင် မကောင်းပါဘူး။ အမှန်အတိုင်း ပြောရရင် အစာခြောက်လို အစားအစာ မျိုးကို မဖြစ်မနေ စားသောက် နေရမယ့် သူတွေဟာ ကြာရှည် ခံပြီး အရသာ လည်းရှိ မယ့် စိုစိုစွတ်စွတ် အစားအစာ တွေကိုတော့ တောင့်တ ကြပါတယ်။



အမေရိက မှာတော့ ပြည်ပ တာဝန်ထမ်း စစ်သားတွေဟာ သူတို့ နိုင်ငံရဲ့ စစ်တပ် သက်သာ ချောင်ချိရေး အဖွဲ့ the Army Natick Soldier Research, Development and Engineering Center ဆီ အမြဲမပြတ် တောင်းဆိုနေ ကြတဲ့ တောင်းဆိုချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ ရက်ပေါင်း ၁၀၀၀ လောက် တာရှည်ခံပြီး စစ်ပွဲ နယ်မြေ တွေမှာ ပေ ၅၀ အမြင့်က ရဟတ်ယာဉ် ဒါမှမဟုတ် လေထီးနဲ့ ပစ်ချတာတောင် ပုံ မပျက်၊ အရသာ မပြတ်တဲ့ ပီဇာတွေ တီထွင် ပေးဖို့ပါပဲ။ အဆိုပါ အဖွဲ့ကလည်း စစ်သားတွေရဲ့ တောင်းဆိုချက်ကို လျစ်လျူ မရှုခဲ့ပါဘူး။ အခု ဆိုရင် တောင်းဆိုချက် တွေရဲ့ အရည်အသွေး ပါတဲ့ ပီဇာတွေကို တီထွင်နေ ကြပါပြီ။



တကယ်တမ်း စဉ်းစား ကြည့်ရင် ပီဇာဆိုတဲ့ အစားအစာဟာ တာရှည် ခံဖို့ မလွယ်တဲ့ အစားအစာပါ။ အောက်ခံ မုန့်အသား၊ အပေါ်က ပါတဲ့ အသား၊ ချိစ် စတဲ့ အမယ်တွေ အားလုံးဟာ တာရှည်ခံဖို့ ခဲယဉ်း ပါတယ်။ ပထမ ဦးဆုံး ပေါင်မုန့်သားထဲ ဆော့စ် စိမ့်ဝင် မသွားဖို့ လုပ်ရမယ်။ နောက်ပြီး ပါဝင်တဲ့ အမယ် တွေမှာ ပါတဲ့ အက်စစ် တွေကြောင့် မှိုတက် နိုင်တာ ကိုလည်း တားဆီးရမယ်။ နောက်ပြီး ပီဇာကို လုံးဝ ခြောက် သွေ့ မသွားအောင် ထိန်းထား နိုင်ရမယ် စသည် အားဖြင့် တောင်းဆိုထား သလို ဖြစ်အောင် လုပ်ရမယ့် ကိစ္စ တွေကတော့ များပါတယ်။ ဒါပေ မယ့် အထက်က အဖွဲ့မှာတော့ တီထွင်သူ တွေဟာ စစ်သား တစ်ယောက်စီ တိုင်းရဲ့ အိတ်ငယ်တွေမှာ အသားနဲ့ ချိစ် ဖြူးထားတဲ့ ပီဇာ တွေကို ရေခဲသေတ္တာ သုံးပြီး အေးခဲစရာ မလိုတဲ့ ပီဇာတွေ ဆောင်ထား နိုင်အောင် စတင် လုပ်ဆောင်နိုင် ခဲ့ပါပြီ။ ဆက်လက် လုပ်ဆောင်ဦးမယ့် တိုး တက်မှု တွေအပြီး လာမယ့် နွေရာသီမှာ စမ်းသပ် သွားဖို့ရှိပြီး များမကြာတဲ့ ၂၀၁၅ မှာတော့ ဈေးကွက်ထဲ ရောက်နိုင် မယ်လို့ ခန့်မှန်းထား ကြပါတယ်။

ဒီလိုမျိုး တာရှည်ခံတဲ့ အစားအသောက်တွေ ပေါ်လာခြင်းဟာ ကမ္ဘာ့ လူဦးရေ တိုးတက်လာမှု နဲ့အတူ မြင့်တက် လာတဲ့ စားနပ်ရိက္ခာ မလုံ လောက်မှု ပြဿနာ ကိုလဲ တစ်နည်း တစ်ဖုံ ဖြေရှင်းပေး နိုင်တာကြောင့် ကောင်းမွန်တဲ့ တီထွင်မှု တစ်ခု ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ် အပ် ပါတယ်။

Images from kinja, cloudfront, grouponcdn, huffpost. Source: news.cnet.com

Author Paing Hmu Ko
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...