ထိုင်းရောက် ပုံမှန်နိုင်ငံကူးလက်မှတ်ရ မြန်မာအလုပ်သမားများ တတိယနိုင်ငံများသို့ လူကုန်ကူးခံရနိုင်ခြေရှိ



ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို ပုံမှန်နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပါက ခြောက်လတာ ကာလအတွင်း တတိယနိုင်ငံများသို့ လူကုန်ကူးမှုများ ဖြစ်ပေါ် လာနို င်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်မှ ဒါရိုက်တာ ဦးစိန်ဌေးက ပြောသည်။ ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ်နှင့် ဗီဇာရပြီးသား လုပ်သား ၁ ဒသမ ၇ သန်းရှိသည့်အနက် ထက်ဝက်သည် အမျိုးသမီးများဖြစ်သည်။ အမျိုးသမီးထု၏ ၈ဝ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အလုပ်လုပ်နိုင်သည့် အရွ ယ်များဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်ငန်းများ၊ အိမ်ဖော်လုပ်ငန်းများတွင် သွားရောက် အလုပ်လုပ်ရန် လူကုန်ကူးမှုများ ဖြစ် ပေါ်လာနိုင်ကြောင်း ၎င်းက သ တိပေးပြောကြားသည်။

”မဖြစ်ဘူးလို့ ပြောလို့ မရဘူး။ ဖြစ်ကိုဖြစ်မှာ။ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်ဝမ်တို့က အိမ်ဖော်လိုတယ်။ သူတို့ကို ပို့နေတဲ့ ဖိလစ်ပိုင်တို့ အင်ဒိုအစိုးရတို့က အိမ်ဖော်ပို့သင့် မပို့သင့် ပြန်သုံးသပ်နေပြီ။ ဈေးကွက် က မြန်မာဘက်ပဲ လှည့်လာမှာပဲ”ဟု၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် မီဒီယာ၊ အစိုးရနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အိမ်ေ ဖ်ာကိစ္စကို စောင့်ကြည့်နေကြ၍ လုပ်ရကိုင်ရခက်သည့် အနေအထားတွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများက လိမ်လည်ရလွယ် ကူကြောင်း၊ ထိုင်းေ ရာက် မြန်မာလူကုန်ကူးမှု ဂိုဏ်းများက ရွှေ့ပြောင်းအလုပ်သမားများပေါ်တွင် ပစ်မှတ်ထား လုပ်ကိုင်နေကြကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာအလုပ်သမားများအတွက် ပုံမှန်နိုင်ငံကူးလက်မှတ်များထုတ်ပေးရန် လုပ်ငန်းအဖွဲ့များ ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့ သော်လည်း အလုပ် သမားများအတွက် အထောက်အထားများ ပြည့်စုံရန် ခက်ခဲနေကြောင်း သိရသည်။”နိုင်ငံကူးလက်မှတ်အကြီး လုပ်ချင်တဲ့သူကတော့ လဝက (လူဝင်မှု ကြီးကြပ်ရေး)တို့ SB တို့ လမ်းကြောင်းက နေ သွားရမှာပေါ့။ အထောက်အထား ကတော့ နည်းနည်း အခက်အခဲရှိတယ်” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီး ဌာနညွှန်ချုပ်ဦးမျိုးအောင် က ပြောသည်။ အလုပ်သမားများသည် နိုင်ငံကူး လက်မှတ်နှင့် ဗီဇာရရှိရန် အနည်းဆုံး ထိုင်းငွေ ဘတ် ၁၅ဝဝဝ မှ ၂ဝဝဝဝ အထိ ကုန်ကျဦးမည်ဖြစ်ပြီး ထိုငွေပြန် ရရန် ခြော က်လအလုပ်လုပ်ရမည်ဖြစ်ကြောင်း ဦးစိန်ဌေးက ပြောသည်။

လက်ရှိတွင် ဟောင်ကောင်က မြန်မာအိမ်အကူများကို ခေါ်ဆောင်ရန် စိတ်ဝင်စားနေပြီး မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) သို့လည်း လာရောက်ဆွေးနွေးမှုများ ရှိနေသည်။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနထံမှ ခွင့်ပြုချက်ယူ၍ အေဂျင်စီတစ်ခုမှ ဟောင်ကောင်သို့ အိမ်အကူ ၁၉ ဦး စေ လွှတ်ထားသော်လည်း ကျန်အိမ်အကူများ စေလွှတ်ရန်အတွက် MOEAF နှင့် ဟောင်ကောင်တို့ နားလည်မှု စာချွန်လွှာရေးထိုးပြီးမှသာ စေလွှတ်ခွင့်ပြုမည်ဟု MOEAF မှ သိရသည်။

သို့သော်လည်း လက်ရှိတွင် MOEAF မှ ဟောင်ကောင်သို့ အိမ်အကူ ပို့ဆောင်ရန်သုံးသပ်နေဆဲ အနေအထားတွင်သာ ရှိသေးကြောင်း သိရသည်။ ထိုသို့သော အနေအ ထားများကြောင့် သိမ်းသွင်း ရလွယ်ကူသော ထိုင်းရောက် မြန်မာအမျိုးသမီးများအားအိမ်အကူအဖြစ် လုပ်ကိုင်ရန် ပစ်မှတ်ထား ဆွဲဆောင်မှုများ ရှိလာနိုင်ကြောင်း ဦးစိန်ဌေး က ဆိုသည်။ ထိုင်းနိုင်ငံတွင် ယာယီနိုင်ငံကူးလက်မှတ် ရရှိထားသော မြန်မာအမျိုးသမီးဦးရေ ၈ သိန်းမှ ၈ သိန်းခွဲကြားရှိ ကြောင်း သိရသည်။

မေဇင်ဝင်း
Popular News Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...