ကင်ဂျုံအန် ဆံပင်ပုံစံအတိုင်း ကျောင်းသားများညှပ်ရန် စည်းကမ်းထုတ်
မြောက်ကိုရီးယားနိုင်ငံတွင် ခေါင်းဆောင် ကင်ဂျုံအန်၏ ဆံပင်ပုံစံအတိုင်း တက္ကသိုလ်ကျောင်းသားများ လိုက်ညှပ်ကြရန် ယခုအခါ စည်းကမ်းထုတ်ထားကြောင်း သတင်းများက ဆိုကြသည်ဟု မတ်လ ၂၇ ရက် က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။မြောက်ကိုရီးယားအစိုးရက ထုတ်ပြန်ထားသော ထိုစည်းကမ်းကို မြို့တော် ပြုံ ယမ်းတွင် လွန်ခဲ့သောနှစ် ပတ်ခန့် ကတည်းက စတင်သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း လွတ်လပ်သောအာရှအသံ (RFA)သတင်းများက ဆိုသည်။
ယခုအခါတွင် ထိုစည်းကမ်းမှာ မြောက်ကိုရီးယားနိုင်ငံ တစ်ဝန်းလုံးတွင် အကျိုး သက်ရော က်နေပြီ ဖြစ် သည်။ သို့ရာတွင် ထိုဆံပင်ပုံစံလိုက်ညှပ်ရေး စည်းကမ်းနှင့်ပတ်သက်၍ အချို့သူများက သံသယများ ကို ဖော်ထုတ် ပြောဆိုခဲ့ကြသည်။
“ကျွန်တော်တို့ခေါင်းဆောင်ရဲ့ ဆံပင်ပုံစံဟာ အရမ်းသီးသန့်ဆန်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့ မျက်နှာ ပေါက်တွေနဲ့ ဦးခေါင်းပုံစံတွေ ရှိနေကြတာမို့ အဲဒီဆံပင်ပုံစံဟာ လူတိုင်းနဲ့တော့ လိုက်မှာမဟုတ် ပါဘူး” ဟု မြောက်ကိုရီးယားတစ်ဦးက လွတ်လပ်သော အာရှအသံကို ပြောခဲ့သည်။ ယခုအခါ တရုတ်နိုင်ငံ တွင် နေ ထိုင်လျက်ရှိသော မြောက်ကိုရီးယားတစ်ဦးကလည်း မြောက်ကိုရီးယားနိုင်ငံတွင် ထိုဆံပင်ပုံစံမှာ တရုတ် မှောင်ခိုသမားဆံပင်ပုံစံနှင့် ဆင်တူသည်ဟု လူအများက ယူဆကြသဖြင့် လူကြိုက်နည်း လှကြောင်း ပြောခဲ့ သည်။
အချို့ကာလများတွင် မြောက်ကိုရီးယား၌ နိုင်ငံတော်အစိုးရလက်ခံသော ဆံပင်ပုံစံများသာ ညှပ်ခွင့်ရှိပုံရ သည်။ ယခုအခါတွင်လည်း မြောက်ကိုရီးယားနိုင်ငံတွင် အမျိုးသမီးများအတွက် ဆံပင်ပုံစံ ၁၈ မျိုး နှင့် အမျိုး သားများအတွက် ဆံပင်ပုံစံ ၁၀ မျိုးသာ ရွေးချယ်ခွင့်ရှိသည်ဟု ဆိုကြသည်။ ယခင်ကလည်း မြောက်ကိုရီး ယား နိုင်ငံတော်ပိုင်ရုပ်မြင်သံကြား သတင်းဌာနသည် “ကျွန်ုပ်တို့၏ဆံပင်ကို ဆိုရှယ်လစ်ဘ၀ ပုံစံနှင့်အညီ ညှပ်ကြပါစို့” ဟူသော ဆံပင်ရှည် ဆန့်ကျင်ရေး အစီအစဉ်တစ်ခုကို ထုတ်လွှင့်ခဲ့သေးသည်။
သို့ရာတွင် မြောက်ကိုရီးယားဆံပင်ပုံစံ စည်းကမ်းနှင့် ပတ်သက်၍ သတင်းအချို့တွင် ကွဲပြားမှုများ ရှိနေ သည်။ ဆံပင်ပုံစံများ အပြောင်းအလဲကို ပြုံယမ်းသို့ လတ်တလောကာလတွင် လာရောက်လည်ပတ်ခဲ့ကြ သူများ သတိမပြုမိခဲ့ကြဟု NK News ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံအား ၁၇ နှစ်ခန့် အုပ်ချုပ်ခဲ့သူ ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီသည် ဘူးဖန့် ဆံပင်အထောင်ပုံစံထားခဲ့ပြီး နဂိုအရပ်ထက် ပိုမြင့်သယောင်ထင်ရစေရန် ထိုဆံပင်ပုံစံထား ခဲ့ခြ င်း ဖြစ် ကြောင်း အချို့ကဆိုသည်။
Mizzima News
- (အရှေ့သို့) အိပ္မက္အမိႈက္ပံုး Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) မေလမှာ မင်္ဂလာဆွမ်းကျွေးပွဲ လုပ်မယ့် ဒေါက်တာ အောင်မျိုးသူနဲ့ လှမျိုးသဉ္ဇာနွယ် Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်