ပညာသင်ဆုနဲ့ အာရှတိုက်သားများ ပညာသင်ထောက်ပံ့ကြေးခံစားခွင့် လျှောက်ထားနိုင်ပြီ
အမေရိကန်ကျောင်းခွဲတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံရှိ ဝက်ဘ်စတာတက္ကသိုလ်မှာ ပညာသင်ဆု အမေရိကန် ဒေါ် လာ ၂၄,၀၀၀ နဲ့ ပညာသင်ထောက်ပံ့ကြေး ခံစားခွင့်တို့ကို မြန်မာကျောင်းသားတွေ လျှောက်ထား နိုင်ပြီလို့ Myanmar Search International ကသိရပါတယ်။
အဲသည်ခံစားခွင့်ကို အမေရိကန်ပညာရေးဖြင့် ဘွဲ့ဒီဂရီယူလိုတဲ့ ကျောင်းသားတွေက မေလနဲ့သြဂုတ် လကျောင်းဖွင့်ချိန်တွေအတွက် အခုကစပြီးကျောင်းလျှောက်နိုင်ပြီ ဖြစ်ပါတယ်။ ကျောင်းလျှောက်မယ့် သူတွေအတွက် ပညာရေးဆိုင်ရာ စာရွက်စာတမ်းအထောက်အထား ပြည့်ပြည့်စုံစုံနှင့်တကွ တခြား လူမှုရေးအကျိုးပြုလှုပ်ရှားမှု အသင်းအဖွဲ့တွေက အသိအမှတ်ပြုလက်မှတ်တွေ ထောက်ခံချက်တွေရှိပါ ကပူးတွဲတင်ပြဖို့ လိုအပ်တယ်လို့ MSI ကသိရပါတယ်။
ပညာသင်ဆုနဲ့ ပညာသင်ထောက်ပံ့ကြေး ခံစားခွင့်တွေကို ပြီးခဲ့တဲ့ဒီဇင်ဘာအကုန်မှာ စတင်ဖို့အသိပေး ခဲ့တယ်။ အဲသည်နောက်ပိုင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီနဲ့ မတ်လကျောင်းဖွင့်ချိန်အတွက် အမေရိကန် ဒေါ်လာ ၂၄,၀၀၀ ခံစားခွင့်ကို ဘွဲ့ကြိုတန်းအတွက် နှစ်ဦးခံစားခွင့်ရသွားတယ်။
အဲသည်ခံစားခွင့်ကိုပဲ နောက်ထပ်ကျောင်းသားသုံးဦး၊ အာရှတိုက်သားပညာသင် ထောက်ပံ့ကြေး ဆုတစ်ဦးပညာသင်ဆု ရရှိထားပါတယ်။ နောက်ထပ်ရှစ်ဦးရဲ့ ခံစားခွင့်တွေကိုလည်း MSI ကကြိုးစားပေးနေပါတယ်။ ခံစားခွင့် နှစ်ခုထဲက တစ်ခုခုကိုကျောင်းသားတိုင်းရအောင် ကြိုးစားပေးနေတယ်လို့ MSI ကမန်နေဂျင်းဒါရိုက် တာ ဒေါ်စုစုလှိုင်ကပြောပါတယ်။
ဝက်ဘ်စတာတက္ကသိုလ်ရဲ့ ကျောင်းလခတွေက ဘွဲ့ဒီဂရီတန်းလေးနှစ်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၈,၀၀၀ ဝန်းကျင် (ပညာသင်ဆုခံစားခွင့်မပါ) ဖြစ်ပြီးဘွဲ့လွန်တန်း ၁၅ လကနေ လ ၂၀ အတွက် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ ကနေ ၂၃,၀၀၀ ဝန်းကျင် (ပညာသင်ဆုခံစားခွင့်မပါ) တို့ဖြစ်ပါ တယ်။
ဝက်ဘ်စတာ တက္ကသိုလ်မှာ စိတ်ပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ မီဒီယာဆက်သွယ်ရေး၊ ကြော်ငြာနဲ့ မားကတ်တင်း၊ စီမံခန့်ခွဲမှု၊ လူ့အရင်းအမြစ်၊ အိုင်တီစတဲ့ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်တန်းတွေကိုနှစ်သက် ရာ ရွေးချယ်တက်ရောက်နိုင်ပါတယ်။
ပညာသင်ဆုနဲ့ပတ်သက်ပြီး MSI ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
မော်ဒန်သတင်းဂျာနယ်
အမှတ်(၄၀၁)၊ မတ်လ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်
- (အရှေ့သို့) သြစတြေးလျားကွင်းစ်လန်း တက္ကသိုလ်ဖောင်ဒေးရှင်း ကျောင်းလခကင်းလွတ်ခွင့်ပေးမည် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း
- (အနောကျသို့) သြစတြေးလျားအမျိုးသားတက္ကသိုလ်ကို ဖောင်ဒေးရှင်းကတစ်ဆင့် တက်ရောက်နိုင် Pregnancy expectation ကိုယ္ဝန္ရခ်င္လို႔စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း