ရည်းစားမထားခင် သိထားသင့်၊ ကန့်သတ်ထားသင့်တဲ့ အရာများ
မေသော် on 2014-03-29 11:45
ကိုယ့်ကို ချစ်ကြိုက်နေတဲ့ ကောင်လေး၊ လိုက်နေတဲ့ ကောင်လေးရှိတယ် ဆိုပါစို့။ သူ့ကိုလည်း ကိုယ်က ပြန်စိတ်ဝင်စားနေပြီ။ ဒါပေမယ့် သူ့ကိုတန်းပြီးတော့ အဖြေမပေးချင်သေးဘူး။ အနည်းဆုံး သူနဲ့ ဒိတ်ကြည့်ဦးမယ်။ ပြီးတော့မှ အဖြေပေးမယ်လို့ စဉ်းစားထားတဲ့ ပျိုမေတွေအတွက် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်တဲ့အရာတွေ ရှိနေပါတယ်။ စည်းမျဉ်းစည်းကမ်းတစ်ချို့ကို ကိုယ်တိုင်ချမှတ်ထား မှသာ နောက်ပိုင်းအတွက် အဆင်ပြေမှာပေါ့။
၁။ ပထမဆုံး ဒိတ်တဲ့နေ့မှာ မနမ်းမိပါစေနဲ့။
သူနဲ့ကိုယ်နဲ့ စဒိတ်တဲ့နေ့မှာ အတူတူ မုန့်တွေသွားစားကြမယ်၊ ရုပ်ရှင်ကြည့်ရင်လည်း ကြည့်မယ်။ ဒါမှမဟုတ် စာအုပ်သွားဝယ်မယ်၊ ရှော့ပင်သွားမယ် စသဖြင့်ပေါ့။ အဲ့ဒီလို နှစ်ယောက်တည်းရှိနေချိန်တွေမှာ သူ့ဘက်ကတော့ ကိုယ်နဲ့ ဒီ့ထက်ပိုမြန်မြန်လေး ချစ်ကြိုက်သွားဖို့ ကြိုးစားမှာပဲ။ သူ ကြိုးစားတာကို ဘာမှမပြောလိုပေမယ့် သူနဲ့ နှစ်ယောက်တည်း အပြင်သွားတဲ့ ခုလိုပထမဆုံးအကြိမ်မှာ သူနဲ့ နမ်းမိ သွားတာမျိုးတော့ မဖြစ်ပါစေနဲ့။ ဒါဆို ကိုယ်ဘယ်လောက်ထိ သူ့ကို ကြိတ်ကြွေနေမှန်း သိသွားပြီပေါ့။
၂။ SMS ပို့တဲ့အခါ နှစ်ခါ မပို့မိပါစေနဲ့။
သူက ကိုယ့်ကို ဘာလုပ်နေလဲ။ ထမင်းစားပြီးပြီလား။ သတိရလို့ SMS ပို့လိုက်တာ စသဖြင့် ဖုန်းကနေ စာတိုလေးတွေနဲ့ ဆက်သွယ်လာပြီဆိုရင် ကိုယ့်ဘက်ကလည်း သူမေးတာလေးတွေ ပြန်ဖြေပေးနိုင် ပါတယ်။ ဒါပေမယ့် ထမင်းစားပြီပြီလို့ ပြန်ဖြေတဲ့အခါ အဲ့ဒါကို စိတ်လောပြီး နှစ်ခါပို့လိုက်မိတာတို့၊ တစ်ကြောင်းပို့လိုက်ပြီး ကိုယ့်ဘက်က နောက်တစ်ခါ sms ထပ်ပို့တာမျိုးတွေတော့ မလုပ်မိပါစေနဲ့။
၃။ သူငယ်ချင်းနဲ့ ခုကိုယ်ကြွေနေတဲ့သူနဲ့ အရှုပ်အရှင်းရှိတယ်ဆိုရင် အဲ့ဒီကောင်လေးကို ထားလိုက်ပါတော့။
သူနဲ့ကိုယ်နဲ့က ခုအဆင်ပြေစပြုနေပြီ။ ဖုန်းတွေပြော၊ sms တွေပို့ဖြစ်နေတယ်ဆိုပေမယ့် သူက ကိုယ့်သူငယ်ချင်းနဲ့လည်း အီစီကလီအခြေအနေမျိုးတွေ ဖန်တီးတယ်။ ကိုယ့်သူငယ်ချင်းကလည်း သူ့ကို ကိုယ့်လိုကြွေနေတယ်ဆိုရင်တော့ ဒီဂိမ်းကနေ နှုတ်ထွက်လိုက်ပါ။
၎။ ကိုယ်သူ့ကိုချဉ်းကပ်စရာမလိုပါဘူး၊ သူချဉ်းကပ်ပါလိမ့်မယ်။
သူက ကိုယ့်ကိုစလိုက်ထားတဲ့သူ၊ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်း စပြောထားတဲ့သူကို ကိုယ့်ဘက်က အသည်းအသန်ကြီး ဖြစ်ပြနေစရာမလိုပါဘူး။ သူကနည်းနည်းဆို၊ ကိုယ်ကသည်းသည်းလုပ်လို့ကတော့ သူတို့က ကိုယ့်ကို အချဉ်လို့ မှတ်သွားပါလိမ့်မယ်။ အထာတစ်ခုနဲ့နေပါ။
၅။ သူ့ကို စာမပြန်ခင် တစ်နာရီလောက် အချိန်ယူလိုက်ပါ။
သူက ကိုယ့်ကို sms ပို့တဲ့အခါ၊ မေးလ်ပို့တဲ့အခါတွေမှာ ကိုယ့်ဘက်က ချက်ချင်းမတုန့်ပြန်မိပါစေနဲ့။ ချက်ချင်းပြန်ပို့လိုက်ရင်တော့ သူ့ဆီက sms ကို ကိုယ်စောင့်နေမှန်း သူသိသွားပါလိ့မ်မယ်။
၆။ ဖြစ်နိုင်ရင် ကိုယ့်ရုံးက လူနဲ့ ချစ်ကြိုးမသွယ်မိအောင်နေပါ။
ဒီအကြံဥာဏ်က နည်းနည်းတော့ အာရုံနောက်စေနိုင်ပါတယ်။ ဒါပေမယ့် တရုံးထဲ အတူတူ အလုပ်လုပ် တဲ့သူနဲ့ ရည်းစားဖြစ်ရတာ တကယ်ကို မလွယ်ကူတဲ့အချက်ပါ။ အဆင်ပြေဖို့ဆိုတာလည်း ရာခိုင်နှုန်း နည်းပါတယ်။ အဲ့ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင်တော့ အပြင်ကလူကိုသာ စဉ်းစားပါ။
၇။ သူနဲ့ဒိတ်ပြီးပြီးချင်း ကိုယ်က စပြီး မဆက်သွယ်ပါနဲ့။
သူနဲ့ နှစ်ယောက်တည်းအပြင်မှာ လျှောက်လည်ပြီးသွားပြီ ဆိုပါစို့။ အိမ်ရောက်တာနဲ့ ကိုယ်က ဒင်နာကျွေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီနေ့ အရမ်းပျော်ပါတယ် စတာတွေ sms ပို့တော့မယ်ဆိုရင် ကိုယ့်ဘက်က နည်းနည်းလေး ဈေးကျသွားနိုင်တယ်နော်။ အဲ့ဒီတော့ ချက်ချင်းကြီး တုန့်ပြန်တာမျိုးတွေ တတ်နိုင်သလောက် ရှောင်လိုက်ပါ။
Ref:seventeen.com
Via: ဒီမိုသား
- (အရှေ့သို့) Myanmar Model - Wutt Hmone Shwe Yee | ဝတ်မှုန်ရွှေးရည် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အရိုးများ ကျန်းမာစေရန် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Very little makes it more valuable... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'