ကိုယ်ခန္ဓာအတွင်းမှ အဆီကို ခွဲစိတ်ဖယ်ရှားခြင်းကို အစားထိုးနိုင်မယ့် နည်းလမ်းသစ် Aqualyx
Health Updates Journal No. 111
Liposucion လို့ခေါ်တဲ့ နည်းလမ်းဟာ ခွဲစိတ်ပြီးတော့ ကိုယ်ခန္ဓာမှ အဆီများကို စုပ်ထုတ်ခြင်း ဖယ်ရှား ခြင်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အစားထိုးနိုင်မယ့် နည်းလမ်းတွေကို သုတေသနပြုခဲ့ရာမှာအခု Aqualyx လို့ခေါ်တဲ့နည်းပညာသစ်ကို တွေ့ရှိ ခဲ့ကြောင်း ဆေးပညာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒီနည်းပညာသစ်ရဲ့ အခြေခံကတော့ ရိုးရှင်းပါတယ်။ ရေဓာတ်ပါတဲ့ ဆေးရည်ကို အဆီများတဲ့နေရာတွေမှာ ထိုးသွင်းပြီး ပိုလျှံနေတဲ့အဆီ ဆဲလ်တွေကို ချေဖျက်လိုက်ပါတယ်။ ပြီးရင်တော့ အဲဒီအဆီဓာတ်တွေ ကို သွေးစီးချောင်းကနေ သယ်ဆောင်လာပြီး ဆီးကနေစွန့်ထုတ်ပစ်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးရည်မှာတော့ အပင်ကရတဲ့ ပေါ်လီမာတွေပါဝင်ပြီး အဆီဆဲလ်မျက်နှာပြင်ကို ကုပ်တွယ် နိုင်စွမ်းမြင့်မားပါတယ်။ ဒါ့အပြင် အဆီဆဲလ်တွေကို ဖြိုခွဲနိုင်စွမ်းလည်း ရှိနေပါတယ်။
အဆီဆဲလ်များကို ဆေးရည်က အရည်ပျော်စေပြီးနောက် သုံးပတ် ကြာကာလအတွင်းမှ ဆီးကနေစွန့် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဆေးရည်ဟာ အဆီဆဲလ်ကိုနောက် တစ် ကြိမ်ထပ်မကြီးထွားနိုင်အောင် ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကို Mills Medical Service က တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဈေးကွက်ကိုတော့ မရောက်ရှိသေးဘဲ ထိုးသွင်းပြီး ၄၈နာရီအတွင်းမှာနီရဲခြင်း၊ ရောင်ရမ်းခြင်းတွေ မဖြစ်ပွားရအောင် သုတေသသနလုပ်နေ ကြပါတယ်။ “Aqualyx“ ဟာ အဆီကျစေတဲ့ ထိုးဆေးမဟုတ် ပါဘူး။ ကိုယ်ခန္ဓာကောက်ကြောင်းပေါ် အောင် သူနေရာနဲ့သူထိုးပေးနိုင်တဲ့ အလှအပဆေးဖြစ်ပါ တယ်။ လေ့ကျင့်ခန်း diet တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အဆီတွေဘယ်တော့မှ မစုတော့ပါဘူးလို့”” Mills Medical Service မှ တာဝန်ရှိသူက ပြောကြားထားပါတယ်။
သက်ကို
ref: IAS
- (အရှေ့သို့) ကင်ဆာရောဂါအတွက် လေဆာနည်းပညာသုံး ဆေးအာနိသင် ပို့ဆောင်ပေးမယ့်စနစ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) အမျိုးသမီးအချင်းချင်း လိင်ဆက်ဆံမှုမှ HIV ကူးစက်နိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'