ကျောင်းပိတ်သော်လည်းမနားရ
မလဲ့နန္ဒာမောင်တစ်ယောက် စတုတ္ထတန်းစာမေးပွဲဖြေပြီး နှစ်ပတ်အကြာမှာ မနားရဘဲ နောက်ပညာ သင်နှစ်အတွက် စပြီးပြင်ဆင်မှုတွေ လုပ်နေတာတွေ့ရပါတယ်။
မလဲ့နန္ဒာမောင်လိုပဲ နွေရာသီကျောင်းပိတ်ရက်တွေမှာ လုံလုံလောက်လောက် မနားရဘဲ နောက်နှစ် ဆက်တက်မယ့် အတန်းပညာအတွက် ပြင်ဆင်နေပြီး တချို့ကအသက်အရွယ်နဲ့ မလိုက်အောင်ဘာ သာစကားနှစ်ခုလောက် တစ်ပြိုင်နက်သင်ကြားလာတာ အခုနောက်ပိုင်းမှာ များစွာတွေ့လာရတယ်။
‘သားအခုအင်တာနေရှင်နယ် ကျောင်းတစ်ကျောင်းမှာ တက်နေတယ်၊ ရေကူးသင်တန်းလဲ တက်နေရ တယ်။ သားကဆော့ချင်တာ၊ မေကြီးတို့က ထားလို့တက်ရတာ’ လို့ ဒုတိယတန်းဖြေဆိုထားတဲ့ မောင် လင်းနန္ဒာမောင်က ပြောပါတယ်။
အဲသည်လိုတွေ သင်ကြားလာကြတာဟာ မိဘတွေကတိုက်တွန်းတာကြောင့်ပါသလို ကလေးတွေ ကိုယ်တိုင်ကလည်း ကြိုးစားပမ်းစားနဲ့ သူများထက်တော်ချင်တာကြောင့်လည်း ပါတယ်။
‘သမီးအခုငါးတန်းစာတွေကို သင်ရင်းနဲ့အင်္ဂလိပ်စာသင်တန်းတက်နေတယ်၊ ရေကူးလဲတက်နေတယ်၊ ကျောင်းပိတ်ရက်ဆိုတော့ သူများတွေလိုဆော့ချင်တာပေါ့၊ စာမသင်လို့လဲမရဘူး။ မေမေတို့ကဆူမှာ၊ သမီးကိုယ်တိုင်ကလဲ တက်ချင်တာ၊ သူငယ်ချင်းတွေလဲတက်နေတာ၊ သူများထက်တော်ချင်လို့ တက်တာ’ လို့ စတုတ္ထတန်းဖြေဆိုထားတဲ့ ကျောင်းသူမလဲ့နန္ဒာမောင်က ပြောပါတယ်။
နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းသားတွေနဲ့ မိဘတွေမနားရဘဲ နောက်တစ်နှစ်အတန်းအ တွက် စာမေးပွဲဖြေပြီတစ်ပတ်အကြာမှာ စတင်ပြင်ဆင်နေကြပြီး တချို့ကပုဂ္ဂလိကဘာသာစကားသင် တန်းတွေ၊ အားကစားသင်တန်းတွေ တက်နေကြပါတယ်။
‘ကျောင်းပိတ်ပြီး နှစ်ပတ်လောက်နေကတည်းက တက်ခိုင်းလိုက်တာ ခေတ်ကိုကအင်္ဂလိပ်စာ၊ တရုတ်စာမတက်ရင် မဖြစ်တော့ဘူး။ တချို့ဆိုမြန်မာကျောင်း၊ တရုတ်ကျောင်းခွထားကြတယ်၊ ကျွန်တော်က အင်္ဂလိပ်စာကိုပဲ ရွေးပြီးထားဖြစ်တယ်’ လို့ ကျောင်းသားမိဘ ဦးတင့်ဇော်မောင်က ပြော ပါတယ်။
နောက်နှစ်အတန်းအတွက် ကြိုတင်သင်ကြားတာတွေ၊ ဘာသာစကားသင်တန်းတက်တဲ့သူတွေ ပိုများ လာတာကြောင့် ဆရာ၊ ဆရာမတွေလည်းမနားရဘူးလို့ သိရပါတယ်။
‘ကျောင်းပိတ်ပြီး ဘယ်နှရက်မှမရှိသေးဘူး၊ နောက်အတန်းအတွက် လာထားကြတာ၊ ကလေးကငယ် သေးတယ်၊ ပေးနားလိုက်ပါဦး ပြောလဲမရဘူး၊ ခေတ်ကိုကမိဘတွေ အပြိုင်အဆိုင်ဖြစ်လာပြီ၊ ကိုယ့် သားသမီးကို သူများထက်ဘက်စုံပိုတော်စေချင်ကြတယ်၊ အဲဒီလိုတွေများတော့ မနားရဘူး’ လို့ မူလတန်းပြဆရာတစ်ဦးက ပြောပါတယ်။
ကလေးတွေကို နွေရာသီကျောင်းပိတ်ရက်တွေမှာ အနားပေးသင့်ပြီး ကျောင်းသင်ခန်းစာ မဟုတ်တဲ့ ပြင်ပဗဟုသုတ၊ ဂီတ၊ ပန်းချီ၊ ရေကူးစတဲ့ သင်တန်းတွေထားသင့်တယ်လို့ သိရပါတယ်။
‘ကလေးငယ်လေးတွေကို အနည်းဆုံးတစ်လလောက် အနားပေးသင့်တယ်၊ ကျောင်းပိတ်ရက်မှာ ဘာစာမှမသင်ဘဲနဲ့ ဂီတနဲ့အားကစားတစ်ခုသင်သင့်တယ်၊ ဒါမှ အာရုံကြောတွေလန်းဆန်းလာမှာ၊ ပြေး လွှားဆော့ကစားမှ ကိုယ်ခန္ဓာဖွံ့ဖြိုးလာမှာ၊ တစ်နှစ်ပတ်လုံးစာတွေသင်ထားရတော့ စိတ်ဖိစီးမှုတွေရှိ တယ်။ သူ့အချိန်နဲ့သူ သင်တဲ့အချိန်သင်၊ နားတဲ့အချိန်နားသင့်တယ်’ လို့ စိတ်ပညာကထိကဟောင်း ဦးခင်မောင်ဆွေက ပြောပါတယ်။
ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၅၁)၊ မတ်လ(၂၅) ရက်၊ ၂၀၁၄
- (အရှေ့သို့) ၂ဝ၁၄ သႀကၤန္ကို ရန်ကုန်မှာနွှဲမယ့် ခင်ဘုဏ်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်
- (အနောကျသို့) ရုပ်ရှင်အနုပညာရှင်တို့ သုံးသပ်တဲ့အသံအကြောင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Cytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)JAVA leaning Myanmar (PDF)ဆေးစွမ်းထက်သော သလဲသီး...သရဲမွေးမိသူ မိခင်