အသက်သေဆုံးနိုင်ချေ ရှိမရှိသိနိုင်မယ့် သွေးစစ်ဆေးမှုတစ်မျိုး
Health Updates Journal No. 111
သွေးစစ်ဆေးမှုတစ်မျိုးဟာ အနာဂတ်(၅)နှစ်အတွင်း သေဆုံးနိုင်ချေရှိမရှိကို ခန့်မှန်းတွက်ချက်ပေး နိုင် မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီစစ်ဆေးမှုကို နျူကလီးယားသံလိုက် စက်ကွင်းကို အသုံးပြုထားတဲ့ spectroscopy နဲ့ ဇီဝအမှတ်အသား (၂၀၀၀)ကျော်ကို တိုင်းတာခန့်မှန်း ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ်။
လေ့လာမှုခေါင်းဆောင် ဖင်လန် နိုင်ငံ၊ Olulu၊ တက္ကသိုလ်မှ ပါမောက္ခ Mika Korpela က “ဇီဝ အမှတ် အသားတွေအရ သေဆုံးနိုင်ချေများတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်ပြီးသေဆုံးနိုင်ချေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နေထိုင်မှုနဲ့ ကုသမှုတွေကို ပြင်ဆင်ပြီး အသက်ပိုရှည်ရှည် နေနိုင် မှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ ဖင်လန်နိုင်ငံသား (၁၇၀၀၀)ကျော်ရဲ့ သွေး နမူနာတွေကို အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။
ဒီစစ်ဆေးမှုဟာ အဓိကသွေးတွင်းဇီဝအမှတ်အသား (၄)မျိုးဖြစ်တဲ့ ပရိုတင်းနှစ်မျိုး (အယ်ဗျူမင်နဲ့ အာလဖာ၊ အက်ဆစ် glyeoproter )၊ အဆီဓာတ်နဲ့ citric acid တွေကို အခြေခံ တွက်ချက်တာဖြစ်ပါတယ်။ ဒီအမှတ် အသားတွေဟာ လူတိုင်းမှာရှိနေတာဖြစ်ပြီး ပမာဏကတော့ မတူ ကြပါဘူး။ ပုံပန်းသဏ္ဌာန်အရ ကျန်းမာတဲ့ သူတွေ ဖြစ်ပါစေ အဲဒီသွေးတွင်း ဇီဝအမှတ်အသားတွေ မူမမှန် ဖြစ်နေရင်တော့ သေဆုံးနိုင်ချေမြင့် တက် နိုင်ပါတယ်။ ဒီသွေးစစ်ဆေးမှုကို Nuclear Magnetic Resonance Spectroscopy ရှိမှသာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Mika Korpelam က ပြောကြားထားပါတယ်။
ဒီသုတေသနကို Journal Plos mediaire မှာဖော်ပြထားတာ ဖြစ်ပါတယ်။
သက်နှင်း
ref: IANS
- (အရှေ့သို့) အမျိုးသမီးအချင်းချင်း လိင်ဆက်ဆံမှုမှ HIV ကူးစက်နိုင် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဦးနှောက်လုပ်ငန်း အားနည်းလာခြင်းကြောင့် ဆေးလိပ်ဖြတ်ရန်ခက်ခဲ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'