တည်နေရာကို အလင်းရောင်ဖြင့် ဖော်ပြပေးမည့် LED ဂေါက်သီး
အတွဲ (၁၅)၊ အမှတ် (၁၄)
ဂေါက်ရိုက်ဝါသနာ ရှင်များအနေဖြင့် LED ဂေါက်သီးကြောင့် ညဘက်များတွင်ပါ ဂေါက်ရိုက် အားကစား နည်းကို ပြုလုပ်နိုင်တော့မည်ဖြစ်သည်။ LED ပါဝင်သည့် အဆိုပါ ဂေါက်သီးများကို ဂေါက်ရိုက်တံနှင့် ရိုက်လိုက်သည့်အခါ အရောင်လေးရောင်အနက်မှ အရောင်တစ်မျိုးဖြင့် ဖော်ပြပေးမည်ဖြစ်ပြီး ရိုက်ချက် တစ်ချက်စီအတွက် ၈ မိနစ်အကြာ အလင်းရောင်ဖြင့် ဖော်ပြပေးမည်ဖြစ်သည်။
အဆိုပါ LED ဂေါက်သီးကို အမေရိကန်ကုမ္ပဏီ Night Sports USA ကတီထွင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကုမ္ပဏီ အနေဖြင့် တီခုံ၊ ကွင်းနှင့် အလံတိုင်များအတွက်လည်း နှစ်လိုဖွယ်ကောင်းသည့် အလင်းရောင်များနှင့် ထုတ်လုပ်သည့် ကုမ္ပဏီလည်းဖြစ်သည်။
ကုမ္ပဏီမှကျွမ်းကျင်သူများ၏ အဆိုအရ ဂေါက်ရိုက်သူများအနေဖြင့် ၎င်း LED ဂေါက်သီးများကို အသုံးပြုခြင်းဖြင့် ရေထဲပြုတ်ကျသည့် အချိန်မှလွဲ၍ မည်သည့်အချိန်မဆို ဂေါက်သီးကိုပြန်လည် ရယူနိုင်ပြီး ပုံမှန်ဂေါက်ရိုက်ခြင်းကဲ့သို့ ကစားနိုင်မည်ဟု သိရသည်။
အဆိုပါ LED ဂေါက်သီးများတွင်နာရီ ၄၀ အကြာအသုံးပြုနိုင်မည့် ဘက်ထရီပါဝင်ပြီး တန်ဖိုးမှာ ၄ လုံးပါ ၁ ဘူးအတွက် အမေရိကန်ဒေါ်လာ ၁၈ ကျသင့်မည်ဖြစ်သည်။
-နောင်နောင်
Ref: DailyMail
Internet Journal

- (အရှေ့သို့) အသျပာမပါတ့ဲ ကျောင်း Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review
- (အနောကျသို့) Autodesk AutoCAD Raster Design 2014 With Patch Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးCytotec (Misoprostol) ဆေးသုံးနည်းAbortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Acer Aspire E1-510P-2671 Laptop Review