မေလမှာ မင်္ဂလာဆွမ်းကျွေးပွဲ လုပ်မယ့် ဒေါက်တာ အောင်မျိုးသူနဲ့ လှမျိုးသဉ္ဇာနွယ်

လှမျိုးသဉ္ဇာနွယ်က ချစ်သူ ဒေါက်တာအောင်မျိုးသူ နဲ့အတူ ဘဝတစ်ခု ထူ ထောင် ဖို့ စီစဉ်ထားပြီးပြီ ဖြစ်ပါ တယ်။
မင်္ဂလာ အစီအစဉ် နဲ့ ပတ်သက်ပြီး လှမျိုးသဉ္ဇာနွယ် က “မေ၂၅ ရက်နေ့မှာ မဟာစည်မှာ မင်္ဂလာဆွမ်းကျွေး လုပ်မယ်။ မနက် ၉နာရီ ကနေ ၁၁နာရီထိပေါ့။ မင်္ဂလာဧည့်ခံပွဲ ကတော့ မေ၃ဝရက်နေ့၊ မနက် ၉ နာရီ၊ ဆီဒိုးနား ဟိုတယ် မှာ လုပ်မှာပါ။ အခါတော်ပေး ကတော့ ကိုရန်အောင်ပဲ ဆိုပေးမယ်။ ပန်းကြဲ ဖို့ကတော့ အစ်မသတို့သားလောင်းရဲ့ ညီမ ဒေါက်တာ မြတ်သီရိ က ဆောင် ရွက်ပေး မှာပါ။ အရံက ချစ်စနိုးဦးနဲ့ သီရိရှင်းသန့် ဖြစ်မယ်။ ဗန်းကိုင်က ဝါဆိုမိုးဦးနဲ့ စိုးပြည့်သဇင် က လုပ်ပေးမှာပါ။ အိမ်ထောင်ပြု ရမယ့် အရွယ်က လည်း ကျော်လာပြီ၊ အချိန် လည်း ကျော်လာ ပြီ။ ဒါပေမဲ့ နှစ်ယောက်စလုံး က ချစ်နေ ကြတယ်။ ပြီးတော့ သူက လည်း တအား နားလည်မှု ရှိတော့ အစ်မရွေးချယ် လိုက်တာ ပါ”လို့ ပြောပြခဲ့ပါတယ်။
ချစ်သူနဲ့ ဆုံတွေ့ဖြစ်ခဲ့ ပုံကို လည်း လှမျိုးသဉ္ဇာနွယ်က “တွေ့ ဆုံပုံက ရိုးရှင်းပေမယ့် ဆန်းတယ် ပြောရမှာ ပဲ။ ဖူးစာဖြစ်မှာပေါ့။ အစ်မက ပရဟိတ အလှူသွား လှူ ရင်း တွေ့ခဲ့ ကြတာပါ။ သူက အဲဒီ ဘိုးဘွားတွေ ကို ပြုစု စောင့်ရှောက်တဲ့ ဆရာဝန်ပါ။ သူက အခု မြစ်ကြီးနား မှာ တာဝန်ကျတယ်။ မင်္ဂလာဆောင် ပြီး ရင်တော့ အစ်မမြစ် ကြီးနားကို သွားလိုက် လာလိုက်လုပ်ရမှာပဲ” လို့ ပြောပြ ခဲ့ပါတယ်။
လှမျိုးသဉ္ဇာ နွယ်က အိမ်ထောင်ပြု သွားပေမယ့်လည်း အနုပညာ ဆက်လုပ် မှာဖြစ်ပြီး စီးပွား ရေး နဲ့ အိမ်ထောင်ရေး ဘက်မှာလည်း မလစ်ဟင်းအောင် အကောင်းဆုံး ကြိုးစားရမှာ မိန်းမသား တစ်ယောက် ရဲ့ တာဝန်ဖြစ်ကြောင်း ကို လည်းပြောပြခဲ့ပါ တယ်။
ထူးထူး
Popular Journal
- (အရှေ့သို့) ကင်ဂျုံအန် ဆံပင်ပုံစံအတိုင်း ကျောင်းသားများညှပ်ရန် စည်းကမ်းထုတ် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) နည်းပညာသစ်တွေ အသုံးပြုပြီး ပျောက်ဆုံးမလေးလေယာဉ် ရှာဖွေ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးVery little makes it more valuable... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်း ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'