အပေါစားဆန်ခြင်းနှင့် Sexy ကျခြင်းမှာ ကွဲပြားကြောင်း ကိတ်အပ်တန် မှတ်ချက်ပြု

Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများဖြင့် စတင်ကျော်ကြားလာသည့် လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် သူမ၏ ဘီကနီဝတ် ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကောင်းရော၊ အဆိုးပါ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ဝေဖန်သူများ အနေဖြင့် Sexyဖြစ်ခြင်းသည် အပေါစားဆန်ခြင်း မဟုတ်ကြောင်း ကွဲကွဲပြားပြား သိရှိသင့်ကြောင်း ကိတ်အပ်တန်က ပြောကြားလိုက်သည်။ Sports Illustrated မဂ္ဂဇင်း ဓာတ်ပုံများဖြင့် စတင်ကျော်ကြားလာသည့် လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် သူမ၏ ဘီကနီဝတ် ဓာတ်ပုံများနှင့် ပတ်သက်ပြီး အကောင်းရော၊ အဆိုးပါ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ သူမသည် လတ်တလောတွင် The Other Woman ဇာတ်ကား၌ ကင်မရွန်ဒိုင်ယက်ဇ်၊ လက်စ်လီမန်းတို့နှင့် အတူတွဲဖက် ပါဝင်ရင်း ဟောလီးဝုဒ် ရပ်ဝန်းကိုပင် စတင်ခြေချလာပြီ ဖြစ်သည်။ ကိတ်သည် ညှို့ဓာတ်အားပြုသည့် မော်ဒယ်လ်တစ်ဦးအဖြစ် ထင်ပေါ်လာသော်လည်း သူမသည် နေရာတကာ အင်္ကျီချွတ်ပြနေသည့် အပေါစားဆန်ဆန် မော်ဒယ်လ်မျိုးအဖြစ် ဝေဖန်မှုများကိုလည်း ကြုံခဲ့ရသေးသည်။
အသက်(၂၁)နှစ်ရှိ ကိတ်ကမူ ယင်းနယ်ပယ်နှစ်ခုသည် အလွန်ခြားနားကြောင်း တုံ့ပြန်ခဲ့သည်။ “သိလား။ ကြားထဲမှာ စည်းတစ်ခုတော့ ခြားထားတယ်။ နည်းနည်း ပေါပေါလောလော နိုင်တာနဲ့ Sexyကျတာက မတူဘူး။ အဲဒီစည်းကို ကျွန်မက အရမ်းသတိထားပြီး ကိုင်တွယ်နေတာပါ”ဟု ကိတ်က Vogueမဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ သူမက “ပွင့်ပွင့်လင်းလင်း ကိုယ်ဟန်ပြရဲတယ် ဆိုတာက ကျွန်မရဲ့ ပင်ကိုစရိုက်သဘာဝ တစ်ခုပဲ။ ပြီးတော့ ကျွန်မအနေနဲ့ ဒီအပိုင်းမှာ နည်းနည်း လွန်ကဲနေတာလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ကျွန်မကတော့ Sexyကျတာမျိုးကို ကြိုက်တယ်”ဟုလည်း ဆိုသည်။
ကိတ်က ဝေဖန်မှုတိုင်းကို သူမအနေဖြင့် ဂရုစိုက်နေမည် မဟုတ်ဟုလည်း ပြောဆိုခဲ့သေးသည်။ “တချို့ဟာတွေကို ကျွန်မ စဉ်းကို စဉ်းစားမနေတာ။ ကျွန်မတို့ ပြုပြင်လို့ မရတာတွေ ရှိတယ်လေ။ ကျွန်မဝတ်တဲ့ ဘရာစီယာရဲ့ အရွယ်အစားကို ပြောင်းလို့မရဘူး။ ဒါက သဘာဝအတိုင်း ဖြစ်နေတာကိုး။ ကျွန်မ လုပ်နိုင်တာက ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်မယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်မယ်။ နားလည်ထားသင့်တာက ပြောင်းလဲလို့ မရတဲ့ အရာတွေ ရှိနေတယ် ဆိုတာပါ။ ကျွန်မကတော့ ကိုယ့်ဘဝကိုယ် ကျေနပ်တယ်။ ကျွန်မရဲ့ ခန္ဓာကိုယ်ကို အားရတယ်။ ဒါက ဘုရားသခင် ကျွန်မအတွက် ဖန်တီးပေးထားတာလေ။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်အပြည့် ကျွန်မဆီမှာ ရှိနေတယ်။ တကယ်တော့ သိပ်ကိုမိုက်တဲ့ ကိုယ်လုံးကိုယ်ပေါက်မျိုး ရှိနေတဲ့ မိန်းကလေးတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြတယ် မဟုတ်လား”ဟုလည်း ကိတ်က မှတ်ချက်ပြုသွားခဲ့သည်။
Planet Myanmar Network
- (အရှေ့သို့) Myanmar Beautiful New Face Model : May Myat Noe Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ဒါဖတ်ပြီးမှ ကိုယ်ပိုင်ပညာသင်ကျောင်းများတွင် ကျောင်းအပ်ပါ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'