သင်္ကြန်ခရီးမထွက်ဖြစ်ရင် Alpine မဏ္ဍပ်မှာရှိမယ်လို့ ပြောတဲ့ မိုးစက်ဝိုင်

Miss Universe Myanmar 2013 မိုးစက်ဝိုင်ရဲ့သင်္ကြန်နဲ့ပတ်သတ်တဲ့ စိတ်ခံစားချက်တွေက ဘယ်လိုများ ဖြစ်လိမ့်မလဲ။ ဒါ့အပြင် ဒီနှစ်သင်္ကြန် သူမ ဘယ်မှာရှိမလဲဆိုတာတွေကို မိုးစက်ဝိုင် ပရိသတ်တွေ သိချင်နေကြမှာပါ။ ၂၀၁၄ သင်္ကြန်ကို သူမဘယ်လို ဖြတ်သန်းမယ်ဆိုတဲ့အကြောင်းကို ‘သင်္ကြန်က မိုးစက် Alpine မဏ္ဍပ်မှာရှိဖို့ များပါတယ်။ မိုးစက်က သင်္ကြန်မကျတာ တော်တော်ကြာပြီ။ ဒီနှစ်တောင် ကျဖြစ်မကျဖြစ် မကျိန်းသေဘူး။ နိုင်ငံခြားသွားရင် သွားမယ်။ ခရီးထွက်ရင်ထွက်မယ်။ ကျဖြစ်တယ်ဆိုရင်Brand Ambassador တစ်ယောက်အနေနဲ့ Alpine မဏ္ဍပ်မှာ ထိုင်ဖြစ်မှာပါ။ သင်္ကြန်ဆိုတာကို မိုးစက်ခံစားမိတာကတော့ မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့တဲ့ ဓလေ့ထုံးစံတစ်ခုပေါ့နော်။ ကလေးတုန်းကတော့ ပိုပြီးရင်ခုန်တာပေါ့နော်။ ပြီးခါနီးဆို စိတ်မကောင်းဖြစ် တယ်။ ခုကတော့ မကျတာကြာပြီဆိုတော့ ဘယ်လိုခံစားရမလဲ မသိသေးဘူး။ ခုသင်္ကြန်နားနီးပြီဆိုတော့ အရင်တုန်းကဖြစ်ခဲ့တဲ့ စိတ်ခံစားချက်တွေကတော့ ဖြစ်ပါတယ်။ သင်္ကြန်သီချင်းတွေကြားရင်ကို အလိုလိုနေရင်း ပျော်လာတာပေါ့။ မနှစ်တုန်းက မိုးစက်က နိုင်ငံခြားမှာပါ။ သင်္ကြန်ကို မဖြတ်သန်းတာ ၆နှစ်လောက် ရှိပါပြီ။ ဖက်ရှင်အနေနဲ့ ကတော့ ဖြတ်သန်း ဖြစ်မယ်ဆို ရင် ပေါ့ပေါ့ပါးပါးပေါ့။ မိုးစက်ကတော့ အမြဲတမ်းလိုလို ပါးတဲ့ဟာတွေတော့ မ၀တ်ပါဘူး။ သင်္ကြန်တွင်းဆို မိုးစက်အနေနဲ့ ဦးစားပေးမှာက နေကာပေါ့နော်။ နေကာကို သေချာလိမ်း မယ်။ ကျန်တာတွေက ဖြူဖွေးနေတာထက် ညိုချင်တယ်။ မျက်နှာကတော့ နုတော့လေ။ ဖြူချင်ပါတယ်။ သင်္ကြန်ကတော့ ကျခဲ့ဖူးသမျှ သင်္ကြန်တိုင်း ကိုယ့်မိသားစု၊ ကိုယ်သူငယ်ချင်း တွေချည်းနဲ့ပါပဲ။ ငယ်ငယ်တုန်းကတော့ လျှောက်လည်တာ ပိုကြိုက်တယ်။ ကြီးလာတော့ မဏ္ဍပ်ကို ပိုကြိုက်သွားတယ်။ သက်တောင့်သက်သာလေးပေါ့။ သင်္ကြန်ဆိုတာ မိုးစက်တို့ မြန်မာနိုင်ငံရဲ့အစဉ်အလာကြီးခဲ့တဲ့ ပွဲတော်တစ်ခုဖြစ်တဲ့အတွက် နှစ်သစ်မှာ ကျန်းကျန်းမာမာ၊ ဘေးအန္တရာယ် ကင်းကင်းကွာကွာနဲ့ ဖြတ်သန်းကြပါ’တဲ့။
Trend Myanmar
- (အရှေ့သို့) Android Device တွေမှာ video editing လုပ်ဖို့ အကောင်းဆုံး applications (၃)ခု... စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို
- (အနောကျသို့) သင်္ကြန်မတိုင်ခင် ဆံပင်ဆေးဆိုးမယ် စိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Flibanserin အမျိုးသမီးတွေ အတွက်ဆေးPregnancy expectation ကိုယ္ဝန္ရခ်င္လို႔မှတ်ပြီလား... Very little makes it more valuable... ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို