ကင်ဆာရောဂါအတွက် လေဆာနည်းပညာသုံး ဆေးအာနိသင် ပို့ဆောင်ပေးမယ့်စနစ်
Health Updates Journal No. 111
ကင်ဆာအကျိတ်တွေထဲကို ကင်ဆာဆေးအာနိသင်တွေကို အတိကျဆုံးနဲ့ထိရောက်စွာ ပို့ဆောင်ပေး နိုင်မယ့်လေဆာနည်းပညာသစ် တစ်ရပ်ကို တီထွင်နိုင်ခဲ့တဲ့ ဆေးပညာ သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။ အနီအောက်ရောင်ခြည်လှိုင်း နဲ့အတူဖိုတွန် (photon)်လဆာတွေက ကင်ဆာ အကျိတ် ဆီကိုဆေးအာနိသင် တိုက်ရိုက်ပို့ဆောင်ပေးမှာဖြစ်ကြောင်းသိရှိရပါတယ်။
““ကင်ဆာအကျိတ်တွေဆီကို ဆေးတိတိကျကျရောက်ပြီး ဘေးက ကောင်းမွန်တဲ့တစ်ရှုးတွေကို မပျက်စီးစေ ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခုဖော်ထုတ်ထားတဲ့ နည်းပညာကတော့ ကင်ဆာဆေးရဲ့ ဘေးထွက်ဆိုးကျိုးကို တားဆီးပေး နိုင်မှာ ဖြစ်ပါတယ်””လို့ ကယ်လီဖိုးနီး ယားတက္ကသိုလ်မှ သုတေသီပါမောက္ခ Jeffrey Zink ကပြောကြားထားပါတယ်။
ကင်ဆာဆေးကို နာနိုအမှုန် ပမာဏအရွယ်ဖြစ်အောင် ဖန်တီးပြီး နောက်မှာတော့ အခုတွေ့ရှိထား တဲ့ လေဆာနည်းပညာကို အသုံးပြုပြီး ကင်ဆာကျိတ်ဆီပို့ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဖိုတွန်လေဆာ အလင်းကနေပြီးစွမ်းအင်ကိုရယူကာ ကင်ဆာဆေးအမှုန်လေးတွေကို ကင်ဆာ ဆဲလ်တွေဆီကိုတိကျတဲ့ ပမာဏအတိုင်းပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အနီအောက်ရောင်ခြည်နဲ့ ဖိုတွန် လေဆာတွေက ထည့်သွင်း ရမယ့် ပမာဏအတိအကျရောက်ရင် ဆေးကို အလိုအလျောက်ရပ်တန့်နိုင်မှာ လည်းဖြစ်ပါတယ်။ ဒါပေမယ့် အနီ အောက်ရောင်ခြည်နဲ့ ဖိုတွန်လေဆာ တွေက အရေပြားအောက် လေးစင်တီမီတာမှာပဲ အကောင်းဆုံး စွမ်းဆောင်ရည်ကိုရရှိမှာ ဖြစ်ပါတယ်။
ကင်ဆာဆေးကို ဒီစနစ်နဲ့ ကုသမှုပေးနေစဉ်မှာ ခန္ဓာကိုယ်ပြင်ပကနေပြီး ပုံရိပ်ဖော်နည်းပညာသုံး ကိရိယာတွေနဲ့ အချိန်ပြည့်စစ်ဆေးနိုင် မှာလည်း ဖြစ်ကြောင်း Jerffrey Zink က ရှင်းပြထားပါတယ်။
သန့်စင်
ref: PTI
- (အရှေ့သို့) ဒီနှစ်က သူ့အတွက် မင်္ဂလာ ရှိတဲ့နှစ်ပါပဲလို့ ဖွင့်ဟလာတဲ့ ဆုပန်ထွာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း
- (အနောကျသို့) ကိုယ်ခန္ဓာအတွင်းမှ အဆီကို ခွဲစိတ်ဖယ်ရှားခြင်းကို အစားထိုးနိုင်မယ့် နည်းလမ်းသစ် Aqualyx Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတွက်ဆေးAbortion Pills ဖျက်ဆေးတွေအကြောင်းစိတျဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ သရုပ်ဆောင် ဆုပန်ထွာ နဲ့ မယားကြီးရဲ့ ကြေငြာချက် ဥက္ကာကျော် ရှင်းလင်း