ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပေးအပ်မည့် OFID ပညာသင်ဆု
အတွဲ (၁၅)၊ အမှတ် (၁၃)

photo: google
နိုင်ငံတကာ ဖွံ့ဖြိုးမှု လုပ်ငန်းများ အတွက် OPEC ရန်ပုံငွေအဖွဲ့ဖြစ်သော OFID က ၎င်းအဖွဲ့ဝင် နိုင်ငံများမှ လွဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆု ပေးအပ် ချီးမြှင့်သွားမည်ဖြစ် သည်။ ပညာသင်ဆုသည် ဖွံ့ဖြိုးမှုဆိုင်ရာ ပညာရပ်များကို လေ့လာလိုက်စားနိုင်ရန် အတွက် ပေးအပ်ခြင်း ဖြစ်သည်။ ပညာသင်ဆုအတွက် အရည်အချင်းပြည့်မီအောင် ကမ္ဘာပေါ်တွင် ရှိသော မည်သည့် အသိ အမှတ်ပြု တက္ကသိုလ်၊ ကောလိပ်တွင်မဆို မဟာဘွဲ့ တစ်ခုရရှိနိုင်ရန် ဝင်ခွင့်ကို ပထမဆုံး အောင်မြင်ထားရမည်။ ဝင်ခွင့်အောင်သူများအတွက် တက်ရောက်ရမည့် တက္ကသိုလ်များကို ကျောင်းလခနှင့် စာမေးပွဲကြေး တို့ကို ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် လျှောက်လွှာလက်ခံရန် သတ်မှတ်ပေးထားသော နောက်ဆုံးရက်မှာ ၂၀၁၄ ခုနှစ်၊ မေလ ၁ ရက် ဖြစ်သည်။
လိုအပ်သော အရည်အချင်းများ
လျှောက်ထားသူသည် လျှောက်လွှာပိတ်ရက်ဖြစ်သော ၂၀၁၄ ခုနှစ်၊ မေလ ၁ ရက်တွင် အသက် ၂၃ နှစ်မှ ၃၂ နှစ် အတွင်း ရှိသူဖြစ်ရမည်။ တရားဝင် အသိအမှတ်ပြုထားသော တက္ကသိုလ်၊ ကောလိပ်တစ်ခုမှ အခြေ ခံ ပညာအဆင့် နောက်ဆုံးစာမေးပွဲကို ပြီးခါနီးအခြေအနေ သို့မဟုတ် ပြီးဆုံးပြီးသား ဖြစ်ရမည်။ GPA ရမှတ် ၄.၀ အဆင့် သတ်မှတ်ချက်မှ အနည်းဆုံး ၃.၀ နှင့် အထက် ရရှိထားရမည်။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ၊ စက်တင်ဘာလမှစတင်ပြီး လာမည့် ပညာသင်နှစ်တွင် တရားဝင် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုကို တက်ရောက်ခွင့်ရရှိမည် ဖြစ်ရမည်။ ဒါ့အပြင် မဟာဘွဲ့ တက်ရောက်ရမည့် ကာလတွင် အချိန်ပြည့် တက်ရောက်နိုင်သောသူ ဖြစ်ရမည်။ OFID အဖွဲ့ဝင် နိုင်ငံများမှလွဲပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုမှ နိုင်ငံသား တစ်ယောက်ဖြစ်ရမည်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော (ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စွမ်းအင်နှင့် ကြာရှည် ထိန်းသိမ်းထားနိုင်မည့် ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သော (သဲကန္တာ ရ ဖြစ်ပေါ် လာမှု) သို့မဟုတ် အခြား သိပ္ပံရေးရာများနှင့် သက်ဆိုင်သော နယ်ပယ်၊ နည်းပညာ နယ်ပယ် ဘာသာရပ်များထဲမှ စိတ်ကြိုက် ဘာသာရပ်တစ်ခုကို ရွေးချယ်ပေးသွားရမည်ဖြစ်သည်။
ပညာသင်ဆုနှင့် ပတ်သက်သော အကြောင်းအရာများ
OFID က ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပညာရပ်များ လေ့လာသင်ယူနေစဉ်ကာလ တစ်လျှောက်လုံးတွင် ငွေကြေးထောက်ပံ့မှု တို့ကို ပြုလုပ်ပေးသွား မည် ဖြစ်သည်။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် လျှောက်လွှာများကို စတင်လျှောက်ထားနိုင်ပြီး လျှောက်ထားသူများသည် ကမ္ဘာ့အနှံ့အပြား မည်သည့် တက္ကသိုလ်၊ ကောလိပ်တွင်မဆို အရင်ဦးဆုံး ဝင်ခွင့်ဖြေ ဆိုသွားရမည်။
OFID မှ မိမိတက်ရောက်ခွင့်ရမည့် တက္ကသိုလ်ကို ကျောင်းလခများနှင့် စာမေးပွဲကြေးတို့ကို တိုက်ရိုက် ပေးအပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်၏ ဆေးစစ်ချက်နှင့်အညီ ကျန်းမာရေး အာမခံကြေးကိုလည်း ပေးအပ် သွားမည်ဖြစ်သည်။ နေထိုင်စရိတ်နှင့် စာအုပ်စာတမ်း ကုန်ကျစရိတ်များကို ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ပိုင်ဘဏ်အကောင့်ထဲသို့ တစ်လတစ်ကြိမ် ထည့်သွင်းပေးသွားမည် ဖြစ်သည်။ ပထမနှစ်စတင် မတက်ရောက်မီ နှစ်လစာ ထောက်ပံ့ကြေးနှင့် ညီမျှသော ပြောင်းရွှေ့စရိတ်ကို ပေးအပ်သွားမည်။ ကျောင်းသားများ နေထိုင်မည့် နေရာနှင့် အနီးစပ်ဆုံး လေဆိပ်ကို စီစဉ်ပေးမှာဖြစ်ပြီး လေဆိပ်မှ နေထိုင်မည့်နေ ရာသို့ သွားရောက်ရန် လိုအပ်သည့် ကုန်ကျ စရိတ်တို့ကိုလည်း ကျခံပေးသွားမည်ဖြစ်သည်။ ပညာသင်နှစ် ကုန်ဆုံးသွားသည့်အခါ ကိုယ့်နိုင်ငံကို ပြန်မည့် လေယာဉ်လက်မှတ်ခ ကိုလည်း ပေးသွား မည် ဖြစ်သည်။
ရွေးချယ်မှု စံသတ်မှတ်ချက်
လျှောက်လွှာများသည် ထောက်ပံ့ပေးထားသော အကြောင်းအရာအချက်အလက်များအပေါ် အခြေခံပြီး ရွေးချယ် ပေးသွားမည်ဖြစ်သည့်အတွက် လျှောက်လွှာတွင် မေးမြန်းထားသော မေးခွန်း အားလုံးကို ဖြေဆို ထားရမည်။ ပညာသင်ခွင့် ရရှိမည့်သူတို့ကိုသာ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၃ ရက် တွင် အကြောင်းကြား ပေးသွားမည် ဖြစ်သည်။
လျှောက်ထားပုံ
လျှောက်လွှာရှင်များသည် Online Application တွင် ဖြည့်စွက်ရမည် ဖြစ်ပြီး အဆိုပါ လျှောက်လွှာနှင့်တကွ အောက်မှ ဖော်ပြထားသော လိုအပ်သည့် စာရွက်စာတမ်းများကိုတွဲကာ ပေးပို့ပေးရမည်။
- လျှောက်ထားသူ၏ နိုင်ငံကူးလက်မှတ်ကို scan ဖတ်ထားသော မိတ္တူတစ်စုံ- မဟာဘွဲ့တက်ရောက်ရမည့် ကြာချိန် (တစ်နှစ်ထက်မပို) ကာလ၊ လေ့လာမည့်ဘာသာရပ်ဝင်ခွင့် အောင်ကြောင်း ထောက်ခံစာနှင့် သက်ဆိုင်ရာ တက္ကသိုလ်၏ လက်ခံကြောင်း ထောက်ခံစာကို scan ဖတ်ထားသော မိတ္တူတစ်စုံ- ဘာသာစကား ကျွမ်းကျင်မှု အပါအ၀င် မရှိမဖြစ် လိုအပ်သော အရည်အချင်းတို့ကို ပြသနိုင်မည့် သက်သေတစ်ခု
- OFID ပညာသင်ဆု လျှောက်ထားမှုနှင့် သက်ဆိုင်သော အကြောင်းပြချက်ကို ဖော်ပြနိုင်သောစာလုံးရေ ၅၀၀ ခန့် ပါဝင်သည့် Essay ကို တစ်ပုဒ်ပါ ရှိရမည်။ Essay ထဲတွင် ကိုယ့်ပညာရေး မျှော်မှန်းချက်၊ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီထောက်ပံ့ပေးနိုင်အောင် မဟာဘွဲ့ လေ့လာမှုမှရရှိနိုင်မည့် အတွေ့အကြုံတို့ကို ဘယ်လိုအသုံးချသွား မည်ဆိုသော အချက်များပါဝင်ရမည်။ လျှောက်လွှာရှင်တက်ရောက်မည့် လက်ရှိ တက္ကသိုလ်၏ ပါမောက္ခ (သို့မဟုတ်) ကထိကတို့၏ ထောက်ခံချက် စာ ၂ စောင် ပါရှိရမည်။
ပညာသင်ဆုအကြောင်း စုံစမ်းနိုင်မည့် ဝက်ဘ်ဆိုက်
http://www.scholarship-position.com
Internet Journal

- (အရှေ့သို့) University of Windsor လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Eaindra Kyaw Zin
- (အနောကျသို့) ထူးမခြားနားမှ နောက်တစ်ဆင့်- လူမှုဖူလုံရေး မျက်နှာစာသစ် လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review ဆေးစွမ်းထက်သော ခရေပင် ဆီးချိုရောဂါအတွက် ခရေရွက်Eaindra Kyaw Zin