Twins Fetal membranes and placenta အမွှာကိုယ်ဝန် အချင်းနဲ့ ရေမြွာအိတ်

(၁) Dizygotic twins (ဇိုင်ဂိုမက်တစ်) အမွှာ
အမွှာတွေထဲမှာ အများဆုံးအမျိုးအစားဖြစ်တယ် မွေးဖွါးမှုပေါင်း ၁ဝဝဝ တိုင်းမှာ ဒီလိုအမွှာက ၇ ယောက်ကနေ ၁၁ ယောက်အထိရှိတယ်။ Sibling twins မွေးချင်းအမွှာလဲခေါ်တယ်၊ False twins အမွှာမှားလို့လဲခေါ်တယ်။ မိခင်လောင်းဟာ နောက်ဆုံးရာသီလာစဉ်က Oocytes ခေါ်တဲ့ မျိုးဥ ၂ ခုထွက်ခဲ့ပြီး ဖခင်လောက်ဆီက သုက်ပိုး ၂ ခုနဲ့ သီးခြားစီ တွေ့ဆုံ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါကြောင့် အမွှာကလေးတွေက လိင်ကအစ မတူကြပါ။ သားအိမ်အတွင်းလွှာမှာ လာတွယ်တာလဲ သီးခြား၊ ရေမြွာလဲ တခြားစီ၊ အချင်းလဲ သီးသန့်ရှိတယ်။ တကယ်လို့ အချင်း ၂ ခုဟာနီးကပ်နေလို့ တခုနဲ့တခု ပူးကပ်သွားခဲ့ရင် ခုခံအားဖြစ်စဉ်မှာ မတည့်တာဖြစ်နိုင်တယ်။

(၂) Monozygotic twins (မိုနိုဇိုင်ဂေါတစ်) အမွှာ
မွေးဖွါးမှုပေါင်း ၁ဝဝဝ တိုင်းမှာ ဒီလိုအမွှာက ၃ ယောက်ကနေ ၄ ယောက်အထိရှိတယ်။ မိခင်လောင်းဟာ နောက်ဆုံး ရာသီလာစဉ်က Oocytes ခေါ်တဲ့ မျိုးဥ ၁ ခုထဲထွက်တယ်။ Cleavage ကွဲထွက်ဖြစ်စဉ် အဆင့်ဆင့်အရ မတူတာ (၃) မျိုးရှိတယ်။ Real twins အမွှာစစ်လို့ခေါ်တယ်။
.png)
(က) Cleavage ကွဲထွက်ဖြစ်စဉ် အဆင့် ၂ မှာဖြစ်တယ်။ သားအိမ်အတွင်းလွှာမှာ လာတွယ်တာ သီးခြားဖြစ်မယ်။ ဒါပေမဲ့ အချင်းသီးခြား၊ ရေမြွာအိတ်သီးခြားစီရှိကြမယ်။
.png)
(ခ) Cleavage ကွဲထွက်ဖြစ်စဉ် အဆင့် ၃-၄ မှာဖြစ်တယ်။ embryonic bud ခေါ်တဲ့ သန္ဓေအဖူးလေးဟာ blastocyst cavity (ဘလတ်စတိုဆစ်) အခေါင်းထဲမှာ တခြားစီဖြစ်လာမယ်။ Chorion (ခိုရီယွန်) ခေါ်တဲ့ ရေမြွာအိတ်တထပ်ရော အချင်းပါ အတူတူဖြစ်ပြီး၊ ရေမြွာအိတ်ကတော့ တခြားစီရှိမယ်။ မနေ့က ယမုန်နာဆေးခန်းလေးမှာမွေးတဲ့ အမွှာက ဒီအမျိုးအစား ဖြစ်ပါတယ်။
.png)
(ဂ) ရှားတဲ့အမျိုးအစားကတော့ Double-layer embryo သန္ဓေသားလွှာနှစ်ထပ်အဆင့်မှာဖြစ်တယ်။ အချင်းတူမယ်၊ Chorion (ခိုရီယွန်) ခေါ်တဲ့ ရေမြွာအိတ်တထပ်ရောတူမယ်။ Amniotic cavity ရေမြွာအိတ်လဲတူမယ်။
ဒေါက်တာတင့်ဆွေ
၃ဝ-၃-၂ဝ၁၄