Asthma (2) ပန်းနာ (၂)

နောက်ဆုံး ကလေးလာမွေးတဲ့ လူနာက ဒုတိယ ကိုယ်ဝန် ဆောင်ထား သူ ဖြစ်တယ်။ အဆင့် ၁ လို့ သတ် မှတ်တဲ့ ဗိုက်စနာ တာကနေ သားအိမ်အဝ အပြည့်ကျယ်တဲ့အထိ ပုံမှန်အတိုင်း တိုးတက်မှုတွေ ရှိတယ်။ ဒုတိယအဆင့်မှာတော့ ကြာလို့ ညှပ်ဆွဲ မွေးပေးရတယ်။ ချက်ကြိုးက လည်ပင်း ပတ်နေတယ်။ ခေါင်းဖွါးပြီး တော့ ပခုံးနှစ်ဘက်က တပြိုင်နက် ထွက်တာမို့ မွေးလမ်းကြောင်း စုပ်ပြဲပြီး၊ ပြန်ချုပ်ပေးရတယ်။ မချုပ်ခင် ကလေးက ချက်ချင်း အသက်မရှူလို့ ဆရာဝန်က လုပ်ပေးရ၊ တတိယအဆင့် အချင်း ချရတာလဲ အကူ-ဆရာမက ကောင်းကောင်း လုပ်ပေးလိုက်တယ်။ ဒီအထိဟာ ပြဿနာ မခေါ်ပါ။

 ကလေးကို အလေးချိန်တာ၊ ခေါင်းပတ် တိုင်းတာတွေလုပ်၊ ကာကွယ်ဆေးတွေ ထိုး-တိုက်နေတုံး ကလေး အမေဆီက ချောင်းဆိုးသံ ကြားလာရတယ်။ မသင်္ကာလို့ သွားကြည့်ရ မေးရတယ်။ လူနာ ကိုယ်ပူလာ တယ်။ အဖျားလဲတိုင်းပြီး Hives အင်ပြင်ထွက်တာ ခေါ်ကြတဲ့ အနီပိန့်တွေ မျက်နှာမှာ ပေါ်လာတယ်။ စား ဆေးရော ထိုးဆေးပါ လုပ်ပေးလိုက်တယ်။

ချောင်းဆိုတာ တမျိုးဖြစ်လာပြီ။ အရင်က ပန်းနာ ရှိ-မရှိ အတိအကျ မေးမရဘူး။ ချောင်းတော့ ဆိုးတတ် တယ်လို့သာ သူ့ ခင်ပွန်းက ပြောတယ်။ ခဏနေတော့ အသက်ရှူသံ ပြောင်းလာတာ နားကြပ်နဲ့ ကြားရပြီ။

ချက်ချင်း စားဆေး အသောက်ခိုင်းပြီး ထိုးဆေးလဲ အပြင်ခိုင်းတယ်။ ဆေးမထိုးခင် BP သွေးဖိအား တိုင်း တာ မများ-မနည်းဘူး။ ကံကောင်းတယ်။ ဒါနဲ့ ဆေးတဝက်ကို အရေပြားအောက်မှာ အကူ-ဆရာမယောက် က ထိုးပေးလိုက်တယ်။ လူနာခံစားနေရချိန် ဆရာဝန်မှာ Pulmonary oedema ခေါ်တဲ့ အသက်ကို ရန်ရှာ နိုင်တဲ့ ရုတ်တရက် အဆုပ်ရောင်တာ ဟုတ်-မဟုတ် အသဲအသန် စစ်ဆေးရ၊ စဉ်းစားရတယ်။ ဖြစ်ရင် ကုဘို့လဲ ပြင်ထားရသေးတယ်။

၅ မိနစ် ပိုဆိုးမလာဘူး။ ၁ဝ မိနစ် သက်သာလာပြီ။ ၁၅ မိနစ် အနီပိန့်တွေလဲ မရှိ၊ ချောင်းလဲ မဆိုးတော့ပါ။ ဆေးတဝက် ကျန်သေးတဲ့ ဆေးထိုးပိုက်ကို ပြန်ဖြုခိုင်းလိုက်ပြီ။ လူနာ အိပ်ချင်လာတယ်။ မအေနဲ့ ကလေး ဓါတ်ပုံရိုက်တော့ မအေက မျက်စိ မဖွင့်နိုင်လို့ ဒီအတိုင်း ရိုက်လိုက်ရတယ်။

ပန်းနာနဲ့ (အလာဂျီ) ဆက်နေတယ်။ သူများ တိုင်းပြည်တွေမှာ ပန်းနာ ဖြစ်စေတဲ့ တရားခံစားရင်းမှာ Pollen ပန်းဝတ်မှုံက ထိပ်မှာ ရှိတယ်။ ဒေလီမှာတော့ ပန်းဆိုတာ မွှေးတာ မရှိပါ။ ပန်းရောင်းရင်လဲ ပလပ်စတစ်နဲ့ အုပ်ထားသေးတယ်။

ဒေလီမှာ မြန်မာပြည်က ဒုက္ခသည်တွေ (ဆရာဝန်လဲပါတယ်) နေကြရတာက ပါတ်ဝန်းကျင်က သိပ်ညစ် ညမ်းတယ်။ အနံ့အသက် ဆိုတာ ပြောမနေနဲ့။ ရောဂါ တရားခံစာရင်း လုပ်ပေးရရင် အမှိုက်ပုံ အထက်မှာ ဘာမှ မရှိနိုင်ဘူး။

မွေးလူနာရဲ့ ယောက်ျားဟာ အရင်နေ့ကဘဲ ပန်းနာထလို့ ဆေးထိုးပေးရသေးသူ ဖြစ်တယ်။ မွေးတဲ့ သမီး လေး ပန်းနာမဖြစ်ပါစေနဲ့လို့ ဆရာဝန်က ဆုတောင်းပါတယ်။ ပတ်ဝန်းကျင် သန့်တဲ့တိုင်းပြည်ကိုလဲ မြန်မြန် သွားနိုင်ကြပါစေ။

Asthma Facts and Figures ပန်းနာ အချက်အလက်နဲ့ ကိန်းဂဏန်းများ
သုတေသနလုပ်သူတွေ နောက် ဆုံး တွေ့ရှိထားတာက ပန်းနာဟာ မျိုးဗီဇနဲ့ ဆက်စပ်နိုင်တယ်။ ပန်းနာရှိသူ အသားမဲတွေမှာ ၂၅% အဲဒီ မျိုးဗီဇကို တွေ့ရပြီး၊ အသားဖြူတွေမှာတော့ ၅% သာ တွေ့ရတယ်။

ပန်းနာ ဆိုတာ ဘာလဲ
အသက်ရှူလမ်းက လေအရှူ-အထုတ်လုပ်တဲ့ လေပြွန်တွေ ရုတ်တရက် ကျဉ်းလာ၊ ရောင်လာရာကနေ အချွဲရည်ပါ ထွက်လာပြီး အသက်ရှူ ခက်လာ၊ ကြပ်လာတာ ဖြစ်တယ်။ စီစီနဲ့ အသံမျိုး ကြားရမယ်၊ ချောင်း ဆိုးမယ်၊ အသက်ရှူကြပ်မယ်။ အသက်အန္တရာယ်ပါ ထိပါးနိုင်တယ်။

ဘာလို့ ဖြစ်ရသလဲ၊
မျိုးဗီဇ နဲ့ ပါတ်ဝန်းကျင် အခြေခံတွေ ပေါင်းစပ်ရာကနေ ဖြစ်စေတယ်။ ပါတ်ဝန်းကျင် ဆိုတာတွေထဲမှာ -
• Pollen ပန်းဝတ်မှုံ၊
• Animal dander တိရစ္ဆာန်တွေကလာတဲ့ အမှုံအမွှား၊
• Mold မှို၊
• Cockroaches ပိုးဟပ်၊
• Dust mites လှေးကောင်၊ မွှားကောင်၊
• Air pollutants such as smoke လေထဲက မီးခိုး စတဲ့ အခိုးအငွေ့တွေ ဖြစ်ကြတယ်။

Statistics about Asthma ပန်းနာ ကိန်းဂဏန်းများ
• ၂ဝဝ၄ စာရင်းတွေအရ တကမ္ဘာလုံးမှာ ပန်းနာဖြစ်သူ သန်းပေါင်း ၃ဝဝ ရှိတယ်။
• ၂ဝဝ၇ စာရင်းဇယားတွေအရ အမေရိကားမှာ ၃၄ သန်းရှိတယ်။ ၉ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့သ ဘော ဖြစ်တယ်။
• မိန်းကလေး-အမျိုးသမီးတွေက ယောက်ျားသားတွေထက် ပိုအဖြစ်များတယ်။ ၁၈ နှစ်အောက်တွေမှာ လူကြီးတွေထက် ပိုများတယ်။
• အသားမဲတွေမှာ ပိုဖြစ်တယ်။ Blacks အသားမဲ = ၁ဝ့၂%၊ Caucasians အသားဖြူ = ၇့၆% နဲ့ Hispanics အသားညို-ဝါတွေမှာ ၆့၈%။

Treatment Options for Asthma ဆေးကုနည်းတွေ
• Daily use of inhaled corticosteroids (Flovent, Pulmocort and Asmanex) နေ့တိုင်း စတီရွိုက် ရှူဆေး၊ ရောင်ရမ်းတာကို သက်သာစေဘို့ ဖြစ်တယ်။
• Oral bronchodilator medications (Theophylline) မကြာမကြာ ဖြစ်သူတွေအတွက် လေပြွန်ကျယ် စားဆေး၊
• Oral medications (Singulair, Accolate and Zyflo) ရုတ်တရက် ကြပ်လာတာကို ကာကွယ်ဘို့ စားဆေး၊
• Ipratropium (Atrovent) inhaler ရုတ်ရက်ဖြစ်တာ ချက်ချင်းသက်သာဘို့ ရှူဆေး၊
• Bronchodilator inhaler (1. Beta-agonists, 2. Anticholinergics, 3. Theophylline) ကြပ်တာ ဆိုးလာရင် သုံးရတဲ့ ရှူဆေး၊
o Short-Acting Bronchodilator Inhalers ရက်တိုသုံး လေပြွန်ကျယ် ရှူဆေး = Albuterol (Proventil HFA, Ventolin HFA, AccuNeb), Alupent (Metaproterenol), Combivent (Beta-agonist + anticholinergic), DuoNeb (Beta-agonist + anticholinergic), Maxair, Xopenex
o Long-Acting Bronchodilator Asthma Inhalers ရက်ရှည်သုံး လေပြွန်ကျယ် ရှူဆေး = Advair and Symbicort (Beta-agonist bronchodilator + Inhaled steroid), Serevent (Aalmeterol), Foradil (Formoterol), Perforomist (formoterol solution for nebulizers)

• Asthma (1) ပန်းနာ (၁)
http://dts-medicaleducation.blogspot.com/2009/05/asthma.html

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...