သြစတြေးလျနိုင်ငံ Curtin University Foundation Program ပညာသင်ဆုများ လျှောက်ထားနိုင်
ရန်ကုန် စက်တင်ဘာ ၂၃
သြစတြေးလျနိုင်ငံ အခြေစိုက် အရှေ့တောင် အာရှ၏ အဓိကကျောင်းခွဲ နှစ်ခုထဲမှ တစ်ခုဖြစ်သော မလေးရှားနိုင်ငံရှိ Curtin University Sarawak တွင်၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်အတွက် University Foundation Programme ကို စရိတ်သက်သာစွာဖြင့် တက်ရောက်နိုင်ပြီး ၎င်း Foundation Programme တွင် ထူးချွန်စွာ ပြီးမြောက် အောင်မြင်သော ကျောင်းသားများအတွက် Degree တန်း၏ ကျောင်းလခ ၅ဝ ရာခိုင်နှုန်း ခံစားခွင့်ရရှိနိုင်သော Pro-Vice Chancellon Scholarship လျှောက်ထားနိုင်ကြောင်း Myanmar Search International (MSI) မှ သိရသည်။
လျှောက်ထားလိုသော ကျောင်းသားများသည် Curtin University ၏ ဝင်ခွင့် သတ်မှတ်ချက်များ ပြည့်မီရ မည်ဖြစ်ပြီး Foundation တက်ရောက်ပြီးသော ကျောင်းသားများအနေဖြင့် Bachelor တန်းများကို တက် ရောက်နိုင်ကြပြီး Commerce နှင့် Arts အဓိက ဘာသာရပ် ရယူထားသော ကျောင်းသားများမှာ Bachelor တန်းတွင် Business Administration, Commerce Accounting and Finance, Banking and Finance, Finance and Management, Management and Marketing, Marketing and Public Relations, Public Relations and Management, Tourism and Event Management, Marketing, Borneo Studies, Mass Communication, Accounting တို့သို့ ဝင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။
ဝင်ခွင့် သတ်မှတ်ချက်များ အနေဖြင့် GCE "O" Level (With 4 Credit) သို့မဟုတ် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တစ်ဘာသာလျှင် အနည်းဆုံး ရမှတ် ၆ဝ နှင့် အထက် IELTS 50 ရရှိထားသော ကျောင်း သားများ တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
၎င်း Curtin University Sarawak Malaysia ကျောင်းဝင်ခွင့် တက်ရန်အတွက် ကျောင်းသားများ လိုအပ် မည့် စာရွက်စာတမ်းများ၊ ပညာရေးပိုင်း ဆိုင်ရာ လိုအပ်ချက်များနှင့် Curtin University Sarawak Malaysia အကြောင်း စိတ်ဝင်စားသော ကျောင်းသားများ အနေဖြင့် ဖုန်း - ဝ၁-၂၅ဝ၉၂၉ နှင့် ဝ၁- ၃၈၉၉၁၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

မြ၀တီ