Edema ကိုယ်ရောင်ခြင်း...



အမျိုးသမီးက ခဏခဏရောင်တတ်လို့ ဆင်ခြေထောက်ရောဂါအကြောင်း ရေးပေးပါဗျာ။

ဆင်ခြေထောက်အကြောင်း ၂ ပုဒ်ရေးပြီးပါပြီး။ မေးတဲ့သူရဲ့ဇနီးက ခဏခဏဖြစ်တာဆိုတော့ ဆင်ခြေ ထောက်နဲ့မတူပါ။ ကိုယ်ရောင်ခြင်းအကြောင်းသာ ရေးပါရစေ။

ကိုယ်ရောင်တာကို အမေရိကန်စာလုံးပေါင်း Edema နဲ့ အင်္ဂလိပ်စာလုံးပေါင်း Oedema လို့ခေါ်တယ်။ ရိုးရိုး အင်္ဂလိပ်စာနဲ့ Swelling ဖြစ်တယ်။ အရင်က Dropsy or Hydropsy လို့ခေါ်ခဲ့တယ်။ တကိုယ်လုံးမှာ ဖြစ်နိုင် တယ်။ ရေ-အရည်တွေက မလိုအပ်ဘဲ အောင်း-ဖေါင်းနေတာဖြစ်တယ်။ အရေပြားမှာရောင်နေရင် အရိုးနေ ရာပေါ်မှာ ခဏလေးဖိထားပြီး ပြန်လွှတ်လိုက်ရင် ခွက်နေတာကို တွေ့ရမယ်။ Pitting edema ခေါ်မယ်။ Non-pitting edema နှိပ်ကြည့်တဲ့အခါ ခွက်ဝင်မသွားတဲ့ရောင်ခြင်းကို Lymphedema, Lipedema, Myxedema တွေမှာ တွေ့ရမယ်။ ဥပမာ ဆင်ခြေထောက် ရောဂါ။ ခြေထောက်ရောင်တာက သွေးခဲပိတ် တာ၊ သွေးပြန်ကြောဖေါင်းတာ၊ အကျိတ်-ကင်ဆာ၊ မလှုပ်မရှား အကြာကြီး ရပ်နေတာ၊ ပူတဲ့ရာသီဥတု၊ အမြင့်တက်တာ၊ အပူလောင်ခြင်းတွေကနေ ဖြစ်နိုင်တယ်။

မြန်မာလို ရောင်တယ်ဆိုတာမှာ ဆေးပညာအရ ၂ မျိုးရှိတယ်။ Edema ဖေါင်းပြီးရောင်နေတာနဲ့ Inflammation ပိုးဝင်လို့ ရောင်တာ။ လက်ခုပ်တီးရင် လက်ဝါးတွေ ရောင်တယ်။ ဒီလို ဒဏ်ကြောင့်၊ ပိုးကြောင့်ရောင်တာမှာ ဖေါင်းပြီးရောင်တာလဲ တွဲဖြစ်ပါတယ်။

ကိုယ်ရောင်ခြင်း ဖြစ်စေနိုင်တာတွေကတော့ -
• အာဟာရ (ပရိုတင်း) မပြည့်ဝလို့ဖြစ်တာကို Kwashiorkor ခေါ်တယ်။
• မျက်နှာမှောက်အိပ်နေတာကြာလို့ မျက်လုံးတဝှိုက်ရောင်တာလဲဖြစ်တယ်။
• အင်းဆက်ကောင်တွေ ကိုက်တာကနေရောင်မယ်။
• နှလုံးရောဂါဆိုးလာရင် Pulmonary edema အဆုပ်ရောင်တာ၊ Pleural effusions အဆုပ်ထဲအရည် အောင်းတာ၊ Ascites ရေဖျင်း၊ Peripheral edema အဖျားနေရာ (ခြေ-လက်) ရောင်တာတွေ ဆက်ဖြစ်နိုင် တယ်။
• Parvovirus B19 infection ဗိုင်းရပ်စ်ပိုးဝင်တာကနေလဲ တကိုယ်လုံးရောင်တာ ဖြစ်စေနိုင်တယ်။
• Nephrotic syndrome ကျောက်ကပ်ရောဂါမှာလဲ ကိုယ်ရောင်တယ်။ ဆီးစစ်ရင် Proteinuria ဆီးထဲမှာ အနည်ပါနေမယ်။ သွေးစစ်ရင် Plasma protein နည်းနေမယ်။
• ကိုယ်ဝန်ဆောင်ရင်လဲ အနည်းနဲ့အများရောင်မယ်။ ခြေထောက်မှာသာရောင်တယ်။ ရောင်တာ + ဆီး အနည်ပါတာ + သွေးဖိအားတက်တာဖြစ်နေရင် ကိုယ်ဝန် သွေးဆိပ်တက်တာလို့ ခေါ်တယ်။
• Tendinitis အရွတ်ရောင်တာနဲ့ Pancreatitis သရက်ရွက်ရောင်တာကနေလဲ ရောင်တယ်။
• မျက်စိရေတိမ်ဖြစ်လို့၊ မျက်စိနာလို့၊ ခွဲစိတ်လို့ကနေ မျက်ကြည်လွှာရောင်မယ်။
• မတည့်တာနဲ့ထိရာကနေ အရေပြားရောင်မယ်။
• နာတာရှည် အဆုပ်ရောဂါ၊
• လည်ပင်းကြီးရောဂါ၊
• အသဲရောဂါ၊
• Corticosteroids စတီရွိုက်ဆေး၊ သွေးတိုးကျဆေး၊ ကိုယ်ဝန်တားဆေး၊
• ဘာလို့ရောင်တာ မသိတဲ့အမျိုးအစားလဲရှိသေးပါတယ်။
• Cerebral edema ဦးနှောက်ရောင်တာ အရေးကြီးတယ်။ ထိခိုက်မိလို့ဖြစ်ဖြစ် ဦးနှောက်ရောဂါကြောင့်ဖြစ် ဖြစ် ဦးနှောက်ရောင်နိုင်တယ်။
• Pulmonary edema အဆုပ်ရောင်တာ ချက်ချင်းဆေးကုသဘို့လိုတယ်။ အဆုပ်ရောဂါမဟုတ်ဘဲ ဆေးမ တည့်လို့၊ (အလာဂျီ) ရလို့ (ရှော့ခ်) ဖြစ်ရာကနေ ဆက်ဖြစ်စေနိုင်တယ်။

ကုသရာမှာ ဖြစ်စေတဲ့အကြောင်းကို အဓိကကုသရမယ်။ ကိုယ်တိုင်လုပ်နိုင်တာတွေ ရှိပါတယ်။ ရောင်တဲ့ နေရာကို ဖြစ်နိုင်သလောက် မြှင့်ထားသင့်တယ်။ ဆိုဒီယမ် (ဆား၊ ငါးပိ၊ ငါးခြောက်၊ ငန်ပြာရည်၊ ဟင်းချိုမှုံ့) မတည့်ပါ။ ခေတ်ပေါ် အသင့်ဝယ်စားလို့ရတဲ့ သွားရည်စာတွေမှာ ဆားများတယ်။ ကိုယ်အလေးချိန်ချပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊

Diuretics ဆီးသွားစေတဲ့ဆေးကို အများဆုံးသုံးရတယ်။ ဆီးလမ်းပိုးဝင်လို့ ဆီးခဏခဏသွားရပြီး နောက် ပိုင်း ဆီးနည်းလို့ သောက်မရင် ပိုဆိုးမယ်။ ဆီးသွားစေတဲ့ဆေး အမျိုးမျိုးရှိတယ်။ ဆီးသွားရလို့ (ပိုတက်ဆီ ယမ်) နည်းပြီး ကြွက်သားတွေ မလှုပ်ချင်ဖြစ်တယ်။ ဒါကြောင့် (ပိုတက်ဆီယမ်) ဆေးပါပေးရတတ်တယ်။ အုန်းရည်သောက်ခိုင်းတယ်။ လိမ်မော်သီး၊ ငှက်ပျောသီးစားခိုင်းတယ်။ နောက်ပေါ်ဆီးသွားစေတဲ့ဆေးတွေ က (ပိုတက်ဆီယမ်) မနည်းတာမျိုးဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...