Suicide prevention ကိုယ့်ကိုယ်ကို သတ်သေခြင်း...



ကျွန်မက့ ဂျာနယ်ကပါ။ အခုနောက်ပိုင်းမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ ဖြစ်ရပ်တွေ အရင်ကထက် ပိုတွေ့နေရပါတယ်။ ဒိလို အဖြစ်တွေက depression ကြောင့် / မြို့ပြရဲ့တိုးတက်လာတဲ့ လူနေမှုပုံစံကြောင့် ဆိုပြီး ပြောကြပါတယ်ရှင့်။ ဒီဖြစ်ရပ်တွေအပေါ် ဒေါက်တာရဲ့အမြင်၊ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက် လေးကို လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ယှဉ်ပြီး ပြောပေးစေချင်ပါတယ်။

• နှစ်စဉ် စက်တင်္ဘာလ (၁ဝ) ရက်နေ့ဟာ World Suicide Prevention Day “ကမ္ဘာ့ကိုယ့်ကိုယ်ကို သတ် သေခြင်းနေ့” ဖြစ်ပါတယ်။ နိုင်ငံတကာ ကိုယ့်ကိုယ်ကို သတ်သေခြင်း ကာကွယ်ရေးအဖွဲ့ကနေ ဦးစီးကျင်းပ ပါတယ်။
• တချို့နေရာတွေမှာ Suicide Prevention Week ရက်သတ္တပါတ်တခုကို ရွေးပြီး ပညာပေးတယ်။
• တချို့နိုင်ငံတွေမှာ ကာကွယ်ရေးအတွက် အထောက်အကူပြုအဖွဲ့တွေနဲ့ ကူညီကြတယ်။ အမေရိကားမှာ ဆိုရင် ကျန်းမာရေးဌာနတခုကနေ မဟာဗျူဟာထုတ်ပြန်ချက်တခုကို ၂ဝဝ၁ တုံးက ထုတ်ပြန်ခဲ့ပါတယ်။
• တကယ်သတ်သေချင်သူဆိုတာ အကူအညီတောင်းလေ့မရှိပါ။
• ကာကွယ်ရေးမှာ ဖြစ်စေတတ်တဲ့ (၁) အခြေခံအကြောင်းတရားကို ကူညီဖြေရှင်းပေးနည်းနဲ့ (၂) စိတ် ဆေးပညာ ကုသနည်းတွေ ပါတယ်။
• ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ကောက်ချက်အရ နှစ်စဉ် လူပေါင်း ၁ သန်း သတ်သေနေကြတယ်လို့ ဆိုပါ တယ်။
• သတ်သေသူနှုန်း လူ ၁ သိန်းမှာ ၁၆ ယောက်ရှိတယ်။ စက္ကန့် ၄ဝ မှာ ၁ ယောက် သတ်သေနေကြတယ်။
• လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း သတ်သေမှု ၆ဝ% တိုးလာတယ်။
• အသက် ၁၅-၁၉ နှစ်ကြားလူငယ်တွေမှာ သေဆုံးရခြင်းအကြောင်း ၅ ခုမြောက်ဖြစ်နေတယ်။ တချို့နိုင်ငံ တွေမှာ ရှေ့ပိုရောက်တယ်။
• ၁၅-၄၅ နှစ်ကြားလူတွေထဲမှာ သတ်သေသူအရေအတွက်ဟာ သေဆုံးမှုအားလုံးထဲမှာ တတိယလိုက် တယ်။ အသက် ၁ဝ-၂၄ နှစ်ကြား လူရွယ်တွေက ဒုတိယနေရာလိုက်တယ်။
• ဘာလို့အဲလို ကိုယ့်ကိုယ်ကိုသတ်သေချင်သလဲဆိုတော့ ဒုက္ခဝေဒနာကို လွန်မြောက်ချင်လို့ ဆောက် တည်ရာမရ ဒီနည်းက အကောင်းဆုံးလို့ ထင်မြင်မှတ်ယူရာကနေ သတ်သေတာဖြစ်တယ်။ မျှောလင့်ချက် ကင်းမဲ့မှု၊ ကိုယ့်ကိုယ်ကို အသုံးမကျဘူး၊ မထူးဘူးလို့ထင်မှတ်မှု၊ အထီးကျန်မှု၊ စတာတွေကိုသာ ထင်မြင် နေမယ်။
• စိတ်ရောဂါသည်ထဲက ၁ဝ% လောက်မှာ အဲလိုဖြစ်နိုင်တယ်။ စိတ်ကျရောဂါကအများဆုံးဖြစ်ရတယ်။ တရားမဝင်ဆေး သုံးစွဲသူတွေမှာလဲ ဖြစ်တာမနည်းပါ။
• အနောက်နိုင်ငံတွေမှာ စိတ်ဝေဒနာတွေထဲမှာ စိတ်ကျရောဂါနဲ့ အရက်သမားတွေ ဖြစ်တယ်။ အာရှတိုက် မှာတော့ ဗြုံးစားကြီး သတ်သေသူပိုများတာ တွေ့ရတယ်။
• Lithium ဆေးသုံးကုသတာက အဖြစ်နည်းတာတွေ့ရတယ်။
• ယောက်ျားတွေက သိသိသာသာပိုများတယ်။ ကြိးလေပိုများလေဖြစ်တယ်။ ကျားမ အချိုးချရင် ၂၂း ၅၊ ၃ဝး ၆၊ ၄၂း ၁ဝ နဲ့ ၅ဝး ၁၆ ရှိတယ်။
• ကိုယ့်ကိုယ်ကို သတ်သေတာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ကိန်းဂဏန်း မရှိသေးပါ။ WHO စာရင်း ဇယားထဲမှာလဲ တလုံးတပါဒမှ မပါပါ။

လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ယှဉ်ပြီးပြောရရင် သေဆုံးမှု ကိန်းဂဏန်းသာ မရှိတာ၊ မြန်မာပြည်မှာ ကိုယ့်ကိုယ် သတ်သေစေနိုင်တဲ့ အကြောင်းရင်းခံတွေက များလွန်းပါတယ်။
• စိတ်ဓါတ်ကျမှုဆိုတာ စီးပွါးရေး၊ လူမှုရေးကို အခြေခံတယ်။ စီးပွါးရေးနဲ့ လူမှုရေးမှာ သောကများစရာတွေကနေ ဆိုးစေတယ်။ မြန်မာနိုင်ငံမှာ စီးပွါးရေး ကောင်းနေသူ အရေအတွက်ထက် မကောင်းသူအရေအတွက်က အဆပေါင်း အလွန်များနေတယ်။
• လူမှုရေးမှာ မြို့ပြဖြစ်စဉ်အရ မြို့ကိုတက်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာလာကြတော့ မြို့ပြယဉ် ကျေးမှုနဲ့ အထာမကျသူတွေမှာ စိတ်ဆင်းရဲကြရတယ်။ ခေတ်သဘောအရ အပြင်ကနေလာတဲ့ ယဉ်ကျေး မှု၊ အတုမြင် အတတ်သင်၊ လူသုံးကုန်ပစ္စည်း၊ ဖျော်ဖြေရေးနည်းသစ်တွေကနေ လူငယ်တွေကို လွှမ်းမိုးစေ တယ်။ သားသမီး လူငယ်လူရွယ်တွေကို ထိန်းမရတာကြောင့်လဲ မိဘအရွယ်တွေမှာ စိတ်ဝေဒနာရစေ တယ်။
• ဒုတိယအကြောင်းခံဖြစ်တဲ့ အရက်နဲ့ မူးယစ်ဆေးဟာလဲ မြန်မာပြည်မှာ စံတင်လောက်အောင် များပြား၊ လွယ်ကူပြီး၊ သောက်သုံးသူနဲ့ စွဲနေသူအရေအတွက်ဟာ ရင်လေးစရာကောင်းလောက်အောင် ဆိုးဝါးတယ်။
• ပညာရေးမှာလဲ စာရိတ္တကိုပါ ထည့်သင့်တယ်။ စီးပွါးရေးတိုးတက်ဘို့လုပ်ရာမှာ လူအများစုကို ကြည့်သင့် တယ်။ လူမှုအဖွဲ့အစည်းတွေထဲမှာ ပေါ်ပင် NGO အကြိုက် လိုက်နေတာတွေကနေ လူအများကို အကျိုးပြု တာမျိုး လုပ်သင့်ကြပါတယ်။ ဘာသာရေးမှာလဲ တမလွန်နဲ့ သံသရာအကျိုးနဲ့အတူ ပစုပ္ပန်ဒုက္ခကိုပါ တည့် မတ်ထိန်းကြောင်း ပေးသင့်တယ်လို့ ထင်မြင်ပါတယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...