နေရောင်ခြည်ဖြင့် ထိတွေ့ပေးခြင်းက သွေးပေါင်ချိန်ကျစေရန် ကူညီပေးနိုင်


Health Updates Journal No. 104

လေ့လာမှုအသစ်တစ်ခုအရ နေရောင်ခြည်နှင့် မကြာခဏထိတွေ့ပေးခြင်းဖြင့် သွေးပေါင်ချိန် မှန်စေပြီး နှလုံးသွေးကြောရော ဂါဖြစ်နိုင်ခြေလျော့နည်းစေ ကြောင်း သိရသည်။

University of southampton and Edinburgh မှ လေ့လာသူများက ကျန်းမာရေးကောင်းသောလေ့လာမှု တွင် ပါဝင်မည့်သူများအား နှစ်ဖွဲ့ခွဲ၍ တစ်ဖွဲ့အား UVA အလင်းတန်းများ ထုတ်ပေးသည့်မီးအိမ် tanning Lamps များဖြင့် တစ်ကြိမ်လျှင် မိနစ်နှစ်ဆယ်ခန့်နှင့် နှစ်ကြိမ်ခန့်ထိတွေ့စေ၍ ကျန်တစ်ဖွဲ့အား အပူချိန် သက်သက်ထိတွေ့စေပြီး ရလဒ်များအား စောင့်ကြည့်ခဲ့သည်။

ထိုအခါ UVA နှင့် ထိတွေ့သည့်အဖွဲ့မှာ အရေပြားမှ Nitric Oxide (NO) မော်လီကျူးများ ကို သွေးလှည့် အဖွဲ့အစည်းထဲသို့ ပို့လွှတ်ပေးပြီး ယင်း NO မှာ သွေးကြောများကို ကျယ်စေ၍ သွေးပေါင်ချိန် ကျစေကြောင်း တွေ့ခဲ့ရသည်။

ထိုကဲ့သို့ သွေးပေါင်ချိန်ကျစေသောကြောင့် နှလုံးရောဂါ (Heart attack)နှင့် လေဖြတ်ခြင်းတို့အား သက်သာစေကြောင်း တွေ့ရသည်။ ဥရောပမြောက်ပိုင်းမှ လေ့လာမှုများအရ အရေပြားကင်ဆာကြောင့် လူတစ်ယောက်သေဆုံးတိုင်း သွေးတိုး၊ လေဖြတ်နှင့် နှလုံးရောဂါကြောင့် လူခြောက်ဆယ်မှ လူတစ်ရာကြား သေဆုံးကြောင်း တွေ့ရသည်။

ဖိုးသောကြာ
ref:Netdoctor.co.uk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...