သွေးချိုဓာတ် တိုင်းတာရာတွင် အသုံးပြုနိုင်သည့် မျက်ကပ်မှန်ကိုgoogle မှတီထွင်နိုင်ခဲ့


Health Updates Journal No. 103

မျက်စိအတွက် smart ကိရိယာများရဲ့ ရှေ့ပြေးအနေနဲ့ google နည်းပညာကုမ္ပဏီဟာ မျက်စိမှန်ဘီလူး (contact lens) အသစ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ ဒီမျက်ကပ်မှန်ဟာ ဆီးချိုသွေးချို ဝေဒနာ ရှင်တွေရဲ့ သွေးအချိုဓာတ် ထိန်းချုပ်ပေးနိုင်မယ်လို့ သိရှိရပါတယ်။


လေ့လာမှု projectရဲ့ ခေါင်းဆောင် Brian Otisက “မျက်ရည်မှာပါဝင်တဲ့ ဂလူးကိုစ့်ပမာဏကို တိုင်းတာနိုင်မယ့် စမတ် contact lens တစ်မျိုးကို တီထွင်နိုင်ခဲ့ပါ တယ်။ ဒီမျက်ကပ်မှန်ကို အမေရိကန် FDA ရဲ့ထောက်ခံချက်လည်း ရရှိပြီးဖြစ် တယ်”လို့ ပြောကြားထားပါတယ်။မျက်ရည်ဆိုတာ စုဆောင်းပြီး လေ့လာဖို့၊ တိုင်းတာဖို့ ခဲယဉ်းပါတယ်။ဒါပေမယ့် သေးငယ်တဲ့ chips လေးတွေ၊ အာရုံခံ sensor လေးတွေကို အသုံးပြုပြီး အခုကိရိယာကို တီထွင်နိုင်ခဲ့ပါတယ်။ သူရဲ့အင်တင်နာကလည်း လူသားတွေရဲ့ ဆံခြည် မျှင်ထက်တောင် ပါးလွှာပါတယ်။ ဒါပေမယ့် မျက်ရည်မှတိုင်းတာနိုင် တဲ့ သွေးအချိုဓာတ် ပမာဏကတော့ သွေးတွင်းမှာတိုင်းတာတဲ့ သွေးအချိုဓာတ် ထက် ပိုတိတိကျကျ တိုင်းတာနိုင်မယ်လို့ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုမှာပါဝင်တဲ့ မျက်ကပ်မှန်ဟာ စက္ကန့်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်မှာဖြစ်ပြီး သွေးတွင်း အချိုဓာတ်ဟာ ကျနေမယ် သို့မဟုတ် တက်နေမယ်ဆိုရင် သတိပေး အလင်းရောင်ငယ်လေးတွေက အချက်ပြမှာ ဖြစ်ပါတယ်။ ဒါဟာ အပြည်ပြည်ဆိုင်ရာ ဆီးချိုသွေးချို ဖယ်ဒရေးရှင်း ရဲ့ သတိပေးမှုနောက်မှာ ထွက်ပေါ် လာခဲ့တဲ့ တီထွင်နိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူသား ၁၉ယောက်မှာ တစ်ယောက်နှုန်းလောက်ဆီးချို သွေးချိုရောဂါ ခံစားနေရတယ်လို့ အဲဒီ အဖွဲ့ကြီးက ခန့်မှန်းထားပါတယ်။

သက်နှင်း
ref;medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...