နိုင်ငံတကာ စီးပွားရေးစီမံခန့်ခွဲမှုဝင်ခွင့် စတင်လျှောက်ထားနိုင်



စီးပွားရေးနဲ့ စီမံခန့်ခွဲမှုဘွဲ့လွန်ဘာသာရပ် စိတ်ဝင်စားသူတွေ စင်ကာပူနိုင်ငံ ပီအက်ဘီအကယ်ဒမီမှာ တက်ရောက်ပြီးယူကေရှိ အီဒင်ဘာ့ခ်ျနာပီးယား တက္ကသိုလ်ကပေးအပ်တဲ့ Master of Science (International Business Management) ကိုဝင်ခွင့်စတင်လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာအရည်အ ချင်းနဲ့ သတ်မှတ်ပညာအရည်အချင်း ပြည့်မီသူတွေက ပညာသင်ထောက်ပံ့ကြေးစင်ကာပူဒေါ်လာ ၂၀၀၀ ရရှိမှာဖြစ်ပါတယ်။
သည်ပရိုဂရမ်က နိုင်ငံတကာစီးပွားရေးနဲ့ စီမံခန့်ခွဲပုံတွေကို နှံ့နှံ့စပ်စပ်သိရှိလိုသူတွေအတွက် သင့် တော်ပါတယ်။ စီးပွားရေးဆက်ဆံလုပ်ကိုင်တာ၊ ဈေးကွက်ဖော်ဆောင်တာကနေ ခေါင်းဆောင်မှုနည်း ဗျူဟာနဲ့ တီထွင်ကြံဆတာတွေကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာသင်ယူနိုင်ပါတယ်။ အဲသည်ဘာသာရပ် ကိုယူကေရှိ The Chartered Management Institute ကအသိအမှတ်ပြုထားပြီး Edinburgh Napier University ကဆရာတွေကိုယ်တိုင် ပီအက်စ်ဘီမှာ လာရောက်သင်ကြားပေးမှာဖြစ်တယ်လို့ Crown Education ကသိရပါတယ်။

ဝင်ခွင့်အနေနဲ့ ဘွဲ့တစ်ခုခုရရှိထားပြီးသူတွေ သို့မဟုတ် အေဘီအီးလယ်ဗယ်ခြောက်ဒီပလိုမာ သို့မဟုတ် ၎င်းနဲ့ညီမျှတဲ့ ပညာအရည်အချင်းရှိသူတွေ လျှောက်ထားနိုင်ပါတယ်။ အင်္ဂလိပ်စာအရည် အချင်း IELTS 6.0 လိုအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ကြော်ငြာလုပ်ငန်း ပရိုမိုးရှင်း၊ အင်တာနေရှင်နယ် မားကတ်တင်း၊ စီမံခန့်ခွဲမှုလည်ပတ်မှုစတဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးမှာ စီမံခန့်ခွဲသူတစ်ဦးအဖြစ် လုပ်ကိုင်နိုင်တယ်လို့ Crown Education ကတာဝန်ရှိသူတစ်ဦးက ပြောပါ တယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၅)၊ ဖေဖော်ဝါရီ ၇၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...