Contraceptive IUCD ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း


ကိုယ်ဝန်တားဘို့ သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်း Intra-Uterine Contraceptive Device ကို အတိုကောက် (IUCD) လို့ ခေါ်ရာကနေ ပိုတိုတဲ့ (IUD) လို့ ခေါ်လာတယ်။ အင်္ဂလိပ်စာလုံး (တီ) နဲ့တူတယ်။ (တိုယိုတာ) အမှတ်တံဆိပ်နဲ့ ဆင်တယ်။ အရင်ပေါ်ကာစတုံးက အင်္ဂလိပ် စာလုံး (အက်စ်) နဲ့တူတဲ့ ပလပ်စတစ် ပစ္စည်းလေးက ဆရာဝန်တွေ သုံးတဲ့ မြွေရုပ်လေးနဲ့
တူတယ်။ အောက်ဖျားမှာ နိုင်လွန်ကြိုးလေး ၂ ချောင်းက သားအိမ်ထဲ ထည့်ပြီးနောက် (ဗဂျိုင်းနား) ထဲမှာ တိုတိုလေးကျန်အောင် ဖြတ်ပြစ်ပေးလိုက်တယ်။ ဒီပစ္စည်းလေး ရှိနေ-မနေ စစ်လို့ရအောင်ဖြစ်ပါတယ်။

ဒီလို ပစ္စည်း နှစ်မျိုးနှစ်စားရှိတယ်။

1. Hormonal IUD ဟော်မုန်းပါပစ္စည်း။ Mirena လို့ခေါ်တာထဲမှာ Levonorgestrel ခေါ်တဲ့ Progestin ပါနေတယ်။ နောက်တမျိုးထက် ပိုထိရောက်တယ်။ ဟော်မုန်းပါနေလို့ ဟော်မုန်းသတ္တိနဲ့ ဘေးထွက်-ဆိုးကျိုး တွေတော့ ရှိလိမ့်မယ်။ သားအိမ်ထဲမှာ ၅ နှစ်ကြာ ထားနိုင်တယ်။ သားအိမ်ဝက အချွဲကိုစေးပျစ်စေလို့ သုက်ပိုး ဝင်မလာအောင်လဲ တားပေးနိုင်တယ်။ သားအိမ် အတွင်းနံရံကိုလဲ ပါးလွှာစေလို့ မျိုးစပ်မှုဖြစ်အုံးတော့ တွယ်ကပ်မှု မဖြစ်စေနိုင်ဘူး။ ရာသီဆင်းတာကိုလဲ နည်းစေနိုင်တယ်။ ဗိုက်နာတတ်တာလဲ သက်သာစေမယ်။

2. Copper IUD (ကော်ပါး-တီ) ပစ္စည်း။ လူအများဆုံးသုံးတာဖြစ်တယ်။ Paragard ခေါ်တယ်။ သားအိမ်ထဲမှာ ၁ဝ နှစ်ကြာ ထားနိုင်တယ်။ အရေးပေါ်တားနည်း တခုအနေနဲ့လဲ ဆက်ဆံမှုပြုပြီး ၅ ရက်အတွင်း ထည့်ပေးနိုင်တယ်။ ဟော်မုန်း မပါလို့ ကလေးနို့တိုက်သူတွေနဲ့လဲ သင့်တယ်။ Copper IUD ထဲကပါနေတဲ့ Copper ကြေးနီဓါတ်ဟာ သုက်ပိုးအတွက် အဆိပ်ဖြစ်တယ်။

နှစ်မျိုးလုံးကနေ သုက်ပိုးနဲ့ မ-မျိုးဥ မတွေ့စေအာင်လုပ်ပေးတယ်။ မျိုးဥနဲ့သုက်ပိုး တွေ့ကြအုံးတော့ သားအိမ်အတွင်းနံရံမှာ လာမတွယ်စေနိုင်ဘူး။ ဒီပစ္စည်းရှိနေလို့ သားအိမ်နဲ့ သားအိမ်ပြွန်တွေကနေ အရည်တမျိုးထွက်တယ်။ ဒီအရေထဲမှာ White blood cells သွေးဖြူဥ၊ Copper ions (ကေားပါး)၊ Enzymes (အင်ဇိုင်းမ်) တွေ နဲ့ Prostaglandins ဟော်မုန်းတွေ ပါတယ်။

Insertion ဘယ်အချိန်မှာ သားအိမ်ထဲထည့်ပေးမလဲ
ကိုယ်ဝန်မရှိတာ သေခြာရင် ထည့်နိုင်တယ်။ ကလေးဖွါးဘူးတဲ့ အမျိုးသမီးကို ထည့်ပေးရတာ ပိုလွယ်ကူတယ်။ ထည့်ထားပြီး ၄-၆ ပတ်နေရင် တခါစစ်သင့်တယ်။ ဖြစ်နိုင်ရင် ရာသီတခါဆင်းပြီးတိုင်း စစ်သင့်တယ်။ ဆရာဝန်ဆီ မသွားနိုင်ရင် ကိုယ့်တိုင် ကိုယ့်လက်ချောင်းထည့်ပြီး နိုင်လွန်ကြိုးလေး စမ်းတွေ့-မတွေ့စစ်နိုင်ပါတယ်။

Hormonal IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၂ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ Copper IUD သုံးတဲ့ အမျိုးသမီး ၁ဝဝဝ ယောက်မှာ ၆ ယောက် ကိုယ်ဝန်ရတာ တွေ့ရတယ်။ အဲလိုဖြစ်ရတာရဲ့ အများဆုံးအကြောင်းရင်းက ပစ္စည်းထွက်ကျတာ မသိလိုက်လို့ဖြစ်တယ်။ မွေးပြီးကာစ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ထည့်ပြီးနောက် တနှစ်အတွင်းမှာ ဖြစ်တာများတယ်။ ကလေး မမွေးဘူးသေးသူတွေလဲ ဖြစ်တယ်။

Hormonal IUD သုံးသူတွေ ၉ဝ% မှာ ရာသီဆင်းတာ နည်းစေမယ်။ ဗိုက်နာတတ်တာလဲ သက်သာမယ်။ တချို့မှာ ရာသီ မဆင်းတာလဲ ရှိတယ်။ ရောဂါမဟုတ်ပါ။ Endometrial hyperplasia သားအိမ်ရောဂါ နဲ့ Endometrial cancer သားအိမ်-ကင်ဆာတွေ ဖြစ်တာ သက်သာစေနိုင်တယ်။ Endometriosis သားအိမ်ရောဂါ ရှိနေသူတွေလဲ ခံစားရတာတွေ သက်သာစေနိုင်တယ်။ Ectopic pregnancy ဖြစ်တာလဲ နည်းတယ်။ Weight gain လူ ပိုမဝစေနိုင်ဘူး။

Risks သတိထားစရာတွေ
• ပိုက်ဆံပိုကုန်ကျတယ်။
• Copper IUD ထည့်ထားသူတွေ ရာသီဆင်းတာ များတတ်တယ်။ တချို့မှာ ဗိုက်နာတာပိုနိုင်တယ်။ ကြားရက် သွေးနဲနဲဆင်းချင်ဆင်းမယ်။
• Perforation လူ ၁ဝဝဝ မှာ ၁ ယောက် သားအိမ်ကနေ ပေါက်ထွက်သွားတတ်တယ်။
• Expulsion လူ ၁ဝဝ မှာ ၂ ယောက်ကနေ ၁ဝ ယောက်လောက် ထွက်ကျတတ်တယ်။ ထည့်ကား ပဌမနှစ်အတွင်း အဖြစ်များတယ်။
• Hormonal IUD သုံးသူတွေမှာ ကင်ဆာမဟုတ်တဲ့ Ovarian cysts မျိုးဥအိမ်-အကျိတ် ဖြစ်နိုင်တယ်။ မခွဲရဘဲ ပျောက်သွားတတ်ပါတယ်။
• Hormonal IUD ကနေ Oral contraceptives တားဆေး-စားဆေးတွေလိုဘဲ ဟော်မုန်းသတ္တိတွေရှိမယ်။ Breast tenderness ရင်သားတင်းတာ-နာတာ၊ Mood swings စိတ်မူပြောင်းတာ၊ ခေါင်းကိုက်တာ နဲ့ Acne ဝက်ခြံ ထွက်တာတွေ ဖြစ်တယ်။ သိပ်မများလှပါ။
• Pregnancy with an IUD တကယ်လို့ ပစ္စည်းထည့်ထားရင်း ကိုယ်ဝန်ရရင် ထုတ်ပြစ်ရမယ်။
• Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း ဖြစ်မလား စိုးရိမ်တာရှိပေမဲ့ ထည့်တုံးက ရှိနေခဲ့လို့ဖြစ်တာများတယ်။
• Sexually transmitted disease (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ရှိနေတုံး မထည့်ပါနဲ့။ STDs တွေကို မကာကွယ်နိုင်ဘူး။

Copper‐bearing IUDs (ကောပါး-တီ) ကို အရေးပေါ်တားနည်းအဖြစ်သုံးနည်း
ကျားသုက်ပိုးနဲ့ မမျိုးဥတွေဆုံပြီးနောက် သားအိမ်နံရံမှာသန္ဓေကပ်ခြင်းဟာ မျိုးဥထွက်ပြီးနောက် ၆ ရက်ကနေ ၁၂ ရက်အတွင်းမှာ ဖြစ်နိုင်တယ်။ IUDs ထည့်တာကို မျိုးဥထွက်ပြီးနောက် ၅ ရက်အတွင်း လုပ်နိုင်တယ်။ မျိုးဥမထွက်ခင် ၃ ရက်လောက်အတွင်း အတူနေခဲ့တာကိုပါ ကာကွယ်မယ်။ အဲဒီရက်ဟာ အတူနေခဲ့ပြီး ၈ ရက်အထိအချိန်ကြာဖြစ်နိုင်တယ်။ ဒါပေမဲ့ မျိုးဥထွက်ရက်ကို မစိမ်းဘဲ မသိနိုင်လို့ အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက် ၅ ရက်အတွင်း IUD ထည့်သင့်တယ်။ WHO ကတော့ ရာသီရက် ၁၂ ရက်မြောက်နေ့အထိသုံးနိုင်တယ်လို့ဆိုတယ်။ Copper IUD ကို ၁၂ နှစ်အထိထားနိုင်တာ ပေါ်လာပြီ။ သတိထားဘို့က (STIs) လိင်ကတဆင့်ကူးစက်ရောဂါ ရှိနေသူတွေမသုံးသင့်ဘူး။

Dr. တင့်ဆွေ
၁၆-၆-၂ဝ၁၂

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...