Fertomid မျိုးဥကြွေဆေး


• Fertomid tablets 50mg ဆေးကို Infertility in women အမျိုးသမီးတွေ ကလေးမရနိုင်သေးတာအတွက် သုံးတယ်။
• တိတိကျကျ ပြောရရင် မျိုးဥမထွက်သူတွေအတွက်သုံးတာ ဖြစ်ပါတယ်။
• မျိုးဥထွက် မမှန်သူတွေ နဲ့ ကိုယ်ဝန်ကြောင့်မဟုတ်ဘဲ ရာသီမလာသူတွေကိုလဲ ပေးနိုင်တယ်။ ဥပမာ ကိုယ်ဝန်တား စာဆေးကြောင့်ဖြစ်ရတာ နဲ့ မျိုးဥအိမ်အကျိတ်တွေရှိသူတွေ။
• ယောက်ျားတွေ သုက်ပိုးအရေအတွက်များစေပြီး ကလေးရလာနိုင်အောင် 25mg ပေးတယ်။
• Fertomid ဆေးထဲမှာ Clomiphene ခေါ်တဲ့ Selective oestrogen receptor modulator ဆေးဖြစ်တယ်။ ဒီဆေးကြောင့် ဦးနှောက်ထဲက (ဟိုက်ပိုသဲလ်မတ်စ်) ထဲမှာ (အီစထိုဂျင် ရီဆက်ပတာ) နဲ့ ပေါင်းစပ်ပြီး (အီစထိုဂျင်) ရဲ့ ပြောင်းပြန်သတ္တိကို တားပေးမယ်။ (အီစထိုဂျင်) နည်းလာရင် (ဟိုက်ပိုသဲလ်မတ်စ်) ကနေ (ပစ်ကျူထရီ-ဂလင်း) ကို (FSH) နဲ့ (LH) ဟော်မုန်းတွေကို ပိုထုတ်ပေးအာင် နိုးဆွပေးမယ်။ ဒီ ဟော်မုန်း ၂ မျိုးဟာ မျိုးဥထွက်ဘို့ လိုအပ်တယ်။

• ဘေးထွက်-ဆိုးကျိုးတွေကတော့ မျက်နှာနီမြန်းခြင်း၊ ဗိုက် နဲနဲအောင့်ခြင်း၊ လေပွခြင်း၊ မျိုးဥအိမ်ကြီးခြင်း၊ မျက်စိ မကြည်လင်ခြင်းတွေ ဖြစ်တယ်။
• နည်းနည်းသာဖြစ်တတ်တာတွေကတော့ ပျို့-အန်ခြင်ဖြစ်ခြင်း၊ စိတ်ကျခြင်း၊ အာယုတ်ခြင်း၊ aခါင်းမူးခြင်း၊ အိပ်မပျော်ခြင်း၊ aခါင်းကိုက်ခြင်း၊ ရင်သားတင်းခြင်း၊ ရာသီများခြင်း၊ ကြားရက်သွေးစို့ခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ အင်ပြင်ထွက်ခြင်း၊ အရေပြား အလာဂျီရခြင်း၊ ဆီးခဏခဏသွားခြင်း နဲ့ ဆံပင်ကျွတ်ခြင်းတွေ ဖြစ်တယ်။
• ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိသူ၊ ရာသီသွေး မမှန်ဘဲ များနေသူ၊ စိတ်ကျရောဂါရှိသူ၊ မျိုးဥအိမ်အကျိတ်ရောဂါမဟုတ်ဘဲ မျိုးဥအိမ်ကြီးနေသူတွေကို မပေးရပါ။

• Fertomid 50mg ကို တခါသောက် ၁ ပြား၊ တနေ့ ၁ ကြိမ်၊ ၅ ရက်၊ ဆေးသောက်ချိန်မှန်မှန်သောက်ပါ။ ရာသီရက် ပဉ္စမနေ့ကနေစသောက်ပါ။
• နောက် ၅ ရက်နေလို့မှ မျိုးဥမထွက်သေးရင် နောက်လတွေဆက်သောက်ဘို့ညွှန်မယ်။ ဒါမှမဟုတ် ဆေးအဆ တိုးပေးမယ်။

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...