Serial Killers



ကွင်းဆက် လူသတ်သမား "serial killer" ဆိုတဲ့ အသုံးအနှုန်းနဲ့ လူတွေ ရင်းနှီးကြ ပါတယ်။ ဒီလိုလူတွေ မြောက်မြား စွာကို သွေးအေးအေးနဲ့ သတ်ဖြတ်ဖို့ သူတို့ကို ဘာတွေက လှုံဆော် ခဲ့ပါသလဲ။

The Zodiac Killer. John Wayne Gacy. The BTK Killer. Ted Bundy. Son of Sam. Jeffrey Dahmer စတဲ့ ကွင်းဆက် လူသတ်သမား "serial killer" တွေကို လူတွေက အသံကြား ရုံနဲ့ ကြောက်ရွံ ကြပါတယ်။
ဒီလို ကွင်းဆက် လူသတ်သမား ဆိုတဲ့ နာမည်က တစ်ရက်လောက် ရူးရူးသွပ်သွပ် လူသတ်မိ ရုံနဲ့ ရလာတဲ့ နာမည်တွေ မဟုတ်ပါဘူး။ ဒေါသ အလျောက်၊ စိတ်မထိန်း နိုင်လို့၊ သေရည် သေရက်ကြောင့် စတာတွေ ကြောင့်လည်း မဟုတ်ဘဲ သွေးအေးအေးနဲ့ ရက်၊လ၊နှစ် ကြာရှည် လူသတ် မိအောင် သူတို့ကို ဘာတွေက လှုံဆော် ပေးခဲ့ ပါသလဲ။ "Serial Killer" ဆိုတဲ့ အသုံးအနှုန်းက ၁၉၇၀ ခုနှစ်တွေ လောက်က FBI ရဲ့ Violent Criminal Apprehension Program ကဒါရိုက်တာဟောင်း Robert Ressler ကစပါတယ်။ အဲ့အချိန် တုန်းက အင်္ဂလန်က ရဲတွေက ဒီလို ဆက်တိုက် ကျူးလွန်တဲ့ အမှုတွေကို "crimes in a series" လို့ သုံးနှုန်း ကြပြီး mass murders ဒါမှမဟုတ် stranger-on-stranger crime လို့လည်း ခေါ်ကြပါတယ်။



အမေရိကန် နိုင်ငံ တစ်နိုင်ငံတည်း မှာတင် serial killers ပေါင်း ၄၀၀လောက် ရှိပြီး လူပေါင်း ၃၈၀၀ လောက်ထိက ဓားစာခံ ဖြစ်ခဲ့ ရပါတယ်။ ဒီ serial killers အရေအတွက် ကလည်း နှစ်ပေါင်း ၃၀လောက် အတွင်းမှာ သိသိသာသာ တိုးတက် လာပါတယ်။ ယေဘူယျ အားဖြင့် serial killers ၈၀ရာခိုင်နှုန်းက ယောကျာင်္းတွေ ဖြစ်ပြီး Caucasian တွေများပြီး အသက် ၂၀-၃၀ ပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။ Caucasian ဆို တာက ဥရောပ၊ မြောက်အမေရိက၊ အနောက် အာရှနဲ့ အလယ်ပိုင်းနဲ့ တောင်အာရှ ဘက်က လူတွေကို ခေါ်တာပါ။ Serial Killers တွေက ဥာဏ်ရည် ထက်မြက်တဲ့ သူတွေ ဖြစ်ပြီး Caucasian အမျိုးသမီး တွေကို ပစ်မှတ်ထား လေ့ရှိပါတယ်။ ဒါပေမယ့်လည်း Serial Killers တွေက ခေါင်းမှာ ချိုပေါက်နေတာ မျိုးတွေ မဟုတ်တော့ အပေါ်ယံ အမြင်နဲ့ မသိနိုင် ပါဘူး။ လူအယောက် ၃၀လောက်ကို သတ်ပစ်ခဲ့တဲ့ Ted Bundy ဆိုရင် ရုပ်ဖြောင့်ဖြောင့် အပြောချိုတဲ့ သူတစ်ယောက် ဖြစ်သလို John Wayne Gacy လိုကလေးနဲ့ ယောကျာင်္းပေါင်း ၃၀လောက်ကို သတ်ခဲ့သူ မျိုးဆို သူ့ရဲ့ အသိုင်းအ၀ိုင်းမှာ ထင်ရှားတဲ့ သူတစ်ယောက် ဖြစ်ပြီး သမ္မတ ကတော် Rosalynn Carter နဲ့တောင် အသိအကျွမ်း ရှိသူ တစ်ဦး ပါ။



သူတို့ရဲ့ အပြုအမူကို လေ့လာမယ် ဆိုရင် ကလေးဘ၀က စပါတယ်။ ကွင်းဆက် လူသတ်သမား တွေရဲ့ ကလေးဘ၀က မလှပ ပါဘူး။ မိဘ တွေရဲ့ အိမ်ထောင်ရေး အဆင်မပြေ ကွဲသွားတဲ့ သူတွေ၊ လျစ်လျူရူ ခံရသူ၊ အနိုင်ကျင့် ခံရသူ တွေပါ။ စိတ်ထွက်ပေါက် အဖြစ် သတ္တ၀ါလေး တွေကို နှိပ်စက်တာ၊ အကြောင်းမရှိ မီးရှို့တာ မျိုးတွေ လုပ်တတ် ပါတယ်။ တော်တော် များများက ကျိတ်ပုန်းလေး တွေနဲ့ ရှက်တတ် သူတွေ ပေမယ့် ဆန့်ကျင်ဘက် တချို့လည်း ရှိပါတယ်။ ကောက်ချက် ဆွဲလို့ ရတာကတော့ သူတို့ရဲ့ အခံစိတ်က ကလေးဘ၀ရဲ့ ဒဏ်ရာ ဒဏ်ချက် က စတယ် ဆိုတာပါပဲ။ ကလေးဘ၀က မိသားစု ၀င်တွေရဲ့ နှိပ်စက်တာ ခံရတာ၊ ဒါမှမဟုတ် နှိပ်စက် ခံရတာ တွေကို မြင်ရပြီး ကြီးပြင်းလာ တာတွေဟာ သူတို့အတွက်ပဲ ကြည့်ပြီး သူများအတွက် ထည့်မစဉ်းစားတဲ့ စိတ်ဓာတ် တွေကို မျိုးစေ့ချ ပေးခဲ့ ပါတယ်။ ကလေးဘ၀ တိုးတက်မှု ဖြစ်စဉ်မှာ ကလေးတွေဟာ အချစ်၊ ယုံကြည်မှု၊ ကိုယ်ချင်းစာ တရား၊ စာနာစိတ်နဲ့ လူတွေကို ဘယ်လို ဆက်ဆံ ရမလဲ ဆိုတာတွေကို သင်ယူ ရမယ့် အရေးကြီးတဲ့ အချိန်တွေမှာ မသင်ယူ ခဲ့မိဘူး ဆိုရင် ကြီးလာတဲ့ အခါမှာ ပြန်လည် သင်ယူဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် ပါဘူးလို့ စိတ်ပညာရှင် တွေက ဆိုပါတယ်။



ဒါပေမယ့် ငယ်ဘ၀ မလှပတဲ့ သူတိုင်းက serial killers တွေဖြစ်လာတာ မဟုတ်ပါဘူး။ ဒါဆို သူတို့ကို စိတ်ကျန်းမာရေး ချို့ယွင်းသူတွေ၊ ရူး နေသူ တွေလို့ ဆိုရမလား။ သူအမှုကို ကျူးလွန်တဲ့ အချိန်တုန်းက စိတ်က ပုံမှန်မဟုတ်ဘဲ ကျူးလွန် မိတာလို့ ချေပလို့ မရပါဘူး။ ဒါပေမယ့် ဒီ အကြောင်းပြချက်နဲ့ လွတ်သွားတဲ့ လူသတ်သမား ၂ယောက်တော့ ရှိခဲ့ဖူး ပါတယ်။ နောက်ထပ် သီအိုရီ တစ်ခုက သူတို့ရဲ့ ဦးနှောက်ကိုယ် နှိုက်ကိုက ပျက်စီး နေတာလို့ ဆိုပါတယ်။ ဦးနှောက်ရဲ့ frontal lobe နေရာမျိုး ပျက်စီး နေတာဟာ ရန်လိုတာ၊ ထိန်းချုပ် မရတာ၊ အကျိုး ကြောင်း ဆင်ခြင်နိုင်စွမ်း ကင်းမဲ့တာနဲ့ အကြမ်းဖက်မှု တွေကို ဖြစ်ပေါ် စေပါတယ်။ ကလေး ဘ၀က နှိပ်စက်ခံ ရတာ၊ အရက် အလွန် အကျူး သောက်တာ၊ အာဟာရ မပြည့်ဝ တာတွေက ဒီလို ပျက်စီးမှုရဲ့ အဓိက အကြောင်းပြ ချက်တွေပါ။ လူ၁၁ယောက်ကို သတ်ခဲ့တယ် လို့ ၀န်ခံခဲ့တဲ့ Henry Lee Lucas ဟာအလားတူ ပြဿနာကို ခံစားနေရ သူပါ။ Arthur Shawcross ကလည်း တူတူပါပဲ။ သူဟာ အကျဉ်းထောင်မှာ နေ တုန်း ကလည်း မကြာခဏ ခေါင်းကိုက်တယ် ဆိုပြီး အော်နေသူပါ။ လူ၉ယောက် ကိုသတ်ခဲ့တဲ့ Bobby Joe Long ကသူသေသွားရင် သူ့ဦး နှောက်ကို ခွဲကြည့်ပါ။ တစ်ခြမ်းက မည်းခြောက် နေပြီး သေနေတယ် ဆိုတာ တွေ့ရမှာပါ လို့ဆိုခဲ့ ပါတယ်။



ဒါတွေက သူတို့ကို ကွင်းဆက် လူသတ်သမား Serial Killer တွေဖြစ်လာ စေတဲ့ အကြောင်းပြချက် တွေပါပဲ။ MYMHOT နောက်တစ်ပုဒ်မှာ သူတို့ကို ဘယ်လို ဖော်ထုတ် မလဲဆိုတာ ဆက်ရေး ပေးသွား ပါမယ်။

Images from thebiographychannel, nydailynews, foxnews, sonymoviechannel, chasingthefrog. Source: people.howstuffworks.com

Author Arr Luu
Myanmar Youth Media Club

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...