Women and Weight Training



အမျိုးသမီးတွေ bodybuilding ကစားမယ် ဆိုရင် ကြွက်သား အပြိုင်းပြိုင်းနဲ့ ဖြစ်လာမယ် လို့ထင်ကြ တတ်ပါတယ်။ မိန်း ကလေး တစ်ဦး အလေးမ ခြင်းဟာ အဆိုပါ မိန်းကလေးကို ယောက်ျား ပုံစံ ပေါက်လာစေလား၊ ပိုလှလာ စေလား။

အများအားဖြင့် အမျိုးသမီးတွေ bodybuilding ကစားမယ် ဆိုရင် တွေးမိကြ တာက ဗလတောင့်တောင့် ကြွက်သား အပြိုင်းပြိုင်းနဲ့ ယောက်ျား တစ်ယောက် ပုံစံပေါက် နေတဲ့ မိန်းမကြီး တစ်ဦးကို မြင်ယောင် မိကြမှာပါ။ ဒါဟာ လုံးဝကို မှားယွင်း ပါတယ်။ မိန်းကလေးတွေ အလေးမ ပေ မယ့်လည်း ဒါမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ကဲပါလေ။ မိန်းကလေး တစ်ယောက် အလေးမ ခြင်းဟာ အဆိုပါ မိန်းကလေးကို ယောက်ျားပုံစံမျိုး ပေါက်လာ စေလား၊ ပိုလှလာ စေလားဆိုတာ မငြင်းခုံခင် testosterone ဆိုတဲ့ ကြီးထွား စေတဲ့ ဟော်မုန်းတစ်မျိုး အကြောင်း အရင် လေ့လာ ကြည့်ရအောင်။



The Testosterone Story
Testosterone ဆိုတဲ့ ဟော်မုန်းဟာ အလေးမ ရာမှာ ကြွက်သား ကြီးထွားဖို့ အတွက် အလွန် အရေးပါတဲ့ နေရာကနေ ပါဝင်ပါတယ်။ မိန်းက လေးတွေရဲ့ testosterone level ဟာ အမျိုးသား တွေထက် အလွန်အမင်း နည်းပါး လှပါတယ်။ တိတိကျကျ ပြောရမယ် ဆိုရင် ယောက်ျား တစ်ယောက်ရဲ့ testosterone level ကသဘာဝ အားဖြင့် အနည်းဆုံး 200 ng/dl ကနေ အများဆုံး 1200 ng/dl အထိ ရှိမယ် ဆိုရင် မိန်းမ တစ်ယောက် ကတော့ testosterone level အနည်းဆုံး 15 ng/dl ကနေ အများဆုံး 70 ng/dl အထိပဲ ရှိပါတယ်။ ဒါဟာ တစ်ခြား ကြီးထွား စေမယ့် အထောက်အကူ ဆေးတွေ မသုံးစွဲရင် ရှိတတ်တဲ့ testosterone ပမာဏပါ။ အားလုံး မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ အမျိုးသား တွေက အမျိုးသမီး တွေထက် testosterone level သိသိသာသာ များပြား ပါတယ်။ ယောက်ျား တစ်ယောက်ဟာ testosterone level အနည်းဆုံး အခြေအနေမှာ ရှိနေမယ် ဆိုရင်တောင် သူဟာ testosterone level အမြင့်ဆုံး အခြေအနေမှာ ရှိနေတဲ့ မိန်းမထက် နှစ်ဆ ကျော်ကျော် များနေ ပါသေးတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် အမျိုးသမီး တွေဟာ ကြွက်သား ကြီးထွားဖို့ အတွက် အမျိုးသား တွေလို ဟော်မုန်း အထောက်အကူ မရှိဘူး ဆိုတာ ပါပဲ။ ဒါကြောင့်မို့လို့ Arnold Schwarzenegger အမျိုးသမီး version ဖြစ်လာမှာကို ကြောက်နေတဲ့ အတွေးဟာ လုံးဝ ယုတ္တိ မရှိပါဘူး။



ဒါဆိုရင် ဗလကြီးကြီး ကြွက်သား အပြိုင်းပြိုင်းနဲ့ အမျိုးသမီး bodybuilders တွေကရော?
ဒီတစ်ခါ သင့်အနေနဲ့ မေးခွန်းထုတ် စရာ ရှိလာပါပြီ။ ငါကြွက်သား ပြိုင်းပြိုင်းနဲ့ ယောက်ျား တစ်ယောက် လိုမျိုး အမျိုးသမီး bodybuildersတွေ တွေ့ဖူးတယ်။ သူတို့ တွေကိုရော မင်းဘယ်လို ပြောမလဲ။ ဟုတ်ပါတယ်။ သဘာဝ အားဖြင့် testosterone ဟော်မုန်း အထောက်အကူ မရှိပါဘဲ ကြွက်သား ပြိုင်းပြိုင်းနဲ့ မိန်းမ bodybuilders တွေရှိပါတယ်။ သူတို့တွေ ဒီလို ဖြစ်ရတဲ့ အကြောင်းအရင်း ကတော့ ပြင်ပကနေ testosterone ဟော်မုန်း ထိုးသွင်းခြင်းနဲ့ steroids ကဲ့သို့ ဆေးများ အသုံးပြု ခြင်းကြောင့်ပါ။ ဒီလိုဆေးတွေ အသုံးပြုတဲ့ မိန်းမ တွေဟာ မျက်နှာနဲ့ ရင်ဘတ် တွေမှာ အမွေး အမျှင်တွေ ပေါက်လာ တတ်ပါတယ်။ နောက်ပြီး ကြွက်သား သာမန် ထက်ပိုမို ကြီးထွားလာပြီး မိန်းမတစ်ယောက်ရဲ့ အဆီ သိုလှောင်မှု ပုံစံမှ ယောက်ျား တစ်ယောက်ရဲ့ အဆီသိုလှောင်မှု ပုံစံကို ပြောင်းလဲလာခြင်း၊ ယောက်ျားသံ ပေါက်လာ ခြင်း စတဲ့ တစ်ခြား သင် လိုလားမှာ မဟုတ်တဲ့ အကျိုးဆက်တွေ ရရှိ လာကြမှာပါ။ အဓိက ပြောချင်တဲ့ အကြောင်းအရာ ကတော့ သင်ဟာ အထက်က ဖော်ပြထား တဲ့ ဆေးတွေ မသုံးစွဲ မခြင်း အလေးမ ခြင်းကြောင့် ယောက်ျား တစ်ယောက်လို ပုံစံ ဘယ်လို နည်းနဲ့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါဟာ သင် ကြွက်သား ကြီးထွား လာမှာ မဟုတ်ပါ ဘူးလို့ ပြောခြင်း မဟုတ်ပါဘူး။ သင်ဟာ ယောက်ျား တစ်ယောက်လိုမျိုး ကြွက်သား ပုံစံ ရလာမှာ မဟုတ်ပါဘူး၊ သင်ဟာ ရှိသင့် သလောက် ကြွက်သား ရှိလာပြီး ခန္ဓာကိုယ် တောင့်တောင့် တင်းတင်းနဲ့ အချိုးအစား လှပ လာမှာကို ပြောတာ ပါ။



မိန်းကလေး တွေဟာ အလေး များများ မလို့ မရပါဘူး။ ၂ ပေါင်ခန့် အလေးတွေကို အကြိမ်ရေ များများ မဖို့ပဲ လိုအပ် ပါတယ်။ အူကြောင်ကြား စကားတွေပါ။ သင်ဟာ ခန္ဓာကိုယ် အချိုးအစား လှပပြီး ကောက်ကြောင်း ပြေပြစ်တဲ့ မိန်းမတစ်ယောက် ဖြစ်ချင်တယ် ဆိုရင် လေးလံတဲ့ အ လေး တွေလည်း မဖို့ လိုအပ်ပါတယ်။ သင့်အနေနဲ့ မယုံ ကြည်ဘူး ဆိုရင် အောက်မှာ ကြည့်ကြည့်ပါ။ အလေးမတဲ့ အကြိမ်ရေ ပေါ်မူတည်ပြီး ခ န္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတွေ မတူညီ ကြပါဘူး။

1- 5 reps = Strength (ကြွက်သားခွန်အား)
6-12 reps = Hypertrophy (ကြွက်သားကြီးထွားမှု)
12+ = Endurance (ကြွက်သားခံနိုင်ရည်) (Stamina နဲ့ဆင်တူ ပါတယ်။ သူက ကြွက်သား တွေရဲ့ အလုပ်လုပ် နိုင်ချိန် ကြာမြင့် လာခြင်းပါ။)



ဒီမှာ Hypertrophy ဆိုတာ ကြွက်သား ကြီးထွားစေတဲ့ အဆင့်ပါ။ ဆိုပါစို့။ သင်ဟာ တင်သား လှပချင် တယ်ဆိုရင် ဒီအတိုင်း weight မပါဘဲ Weightless Squat (ထိုင်ထ) လုပ်နေမယ်ဆိုရင် အဆီတော့ ကျမှာပါ။ ဒါပေမယ့် တင်ပါး ကြွက်သား လိုသလောက် ကြီးထွားလာမှာတော့ မဟုတ်ပါဘူး။ သင့်အနေနဲ့ weighted squats တွေလည်း လုပ်ဖို့ လိုအပ် ပါတယ်။ Weight ဘယ်လောက် သတ်မှတ် ရမလဲ မသိဘူး ဆိုရင် သင် ကြိမ်ရေ (rep) ၆ကြိမ် အနည်းဆုံး မနိုင်ပြီး ၁၂ ကြိမ် အများဆုံး မနိုင်တဲ့ အလေးချိန် လောက်ကို အသုံးပြု သင့်ပါတယ်။

ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ နောက်တစ်ခေါက် article တွေမှာ female fitness and weight training အတွက် အစားအသောက် guide lines တွေ၊ လေ့ကျင့်ခန်းတွေနဲ့ အပတ်စဉ် လေ့ကျင့်ရမယ့် plan တွေကိုပါ ထည့်သွင်းပေး သွားမှာပါ။ Never Give Up & Stay Healthy!


Images from eightbench1, buildbodydefinition, sheknows. Source: simplyshredded.com

Author Wai Yan
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...