ဆွဲအားမဲ့ လေဟာနယ်ထဲ ရောက်သွားသည့် ကိတ်အပ်တန်


ဆွဲအားမဲ့ လေဟာနယ်ထဲ ရောက်သွားသည့် ကိတ်အပ်တန် လုံးကြီးပေါက်လှ အမေရိ ကန် မော်ဒယ်လ် သည် Sports Illustrated မဂ္ဂဇင်း အတွက် အာကာသအတွင်း ဆွဲအား မဲ့နေသော အခြေအနေမျိုး အထူးဖန်တီးမှုများဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့

ကိတ်အပ်တန် အနေဖြင့် ရွှေရောင်ဘီကနီဝတ်ပြီး ကမ္ဘာ့အပြင်ဘက် ထွက်သွားခဲ့ပြီ ဖြစ်သည်။ လုံးကြီးပေါက်လှ အမေရိကန် မော်ဒယ်လ်သည် Sports Illustrated မဂ္ဂဇင်းအတွက် အာကာသအတွင်း ဆွဲအားမဲ့နေသော အခြေအနေမျိုး အထူးဖန်တီးမှုများဖြင့် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့သည်။
အသက်(၂၁)နှစ်ရှိ ကိတ်သည် ရွှေရောင် ဘီကနီ ဒီဇိုင်းအချို့ကို ဝတ်ဆင်ကာ ဖလော်ရီဒါရှိ Space Coast လေဆိပ်မှ ဆွဲအားမဲ့အခန်းထဲတွင် ယင်းကဲ့သို့ ဓာတ်ပုံရိုက်ခဲ့ခြင်း ဖြစ်သည်။ ကိတ်အနေဖြင့် ဆွဲအားမဲ့ လေဟာနယ်ထဲတွင် အသားတကျ ဖြစ်စေရန် ကျွမ်းကျင်သူများက အနီးကပ် အကြံပေး သင်ပြခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ရိုက်ကွင်းကို မှတ်တမ်းယူထားသော ဗီဒီယိုတွင် ကိတ်ခမျာ လေဟာနယ်ထဲ မျောလွင့်ပြီး ဂျွမ်းထိုးမှောက်ခုန် ဖြစ်နေစဉ် ရုန်းထွက်လာတတ်သည့် သူမ၏ စွဲမက်စရာ အမို့အမောက် အဖောင်းအကြွများကို ဘီကနီနှင့် အံဝင်အောင် ပြုပြင်ရင်း အလုပ်များနေသည်ကိုလည်း ရယ်ရွှင်ဖွယ်ရာ တွေ့ရှိရသည်။ အဆိုပါ ဆွဲအားမဲ့ လေဟာနယ်ခန်းသည် Boeing-727 လေယာဉ်တစ်စင်း၏ အတွင်းပိုင်းကို အထူးပြုပြင် စီမံကာ ဖန်တီးထားခြင်း ဖြစ်သည်။

ZERO-Gဟု အမည်ပေးထားသော အဆိုပါ လေယာဉ်သည် အများပြည်သူ ပါဝင်စီးနင်းခွင့် ပေးထားသည့် တစ်ခုတည်းသော ဆွဲအားမဲ့ အတွေ့အကြုံ ရရှိစေမည့် စီးပွားဖြစ် လေကြောင်းလိုင်းလည်းဖြစ်သည်။ ကိတ်သည် Sports Illustrated မဂ္ဂဇင်းတွင် မျက်နှာဖုံးရှင်အဖြစ် နှစ်ကြိမ်ပါဝင်ဖူးသော်လည်း ယခု အထူးထုတ်တွင်မူ ခရစ္စီတီဂန်၊ နီနာအက်ဂ်ဒဲလ်နှင့် လီလီအဲလ်ဒရစ်ဂ်ျတို့ကိုသာ မျက်နှာဖုံးပုံအတွက် ရွေးချယ်ပြီး ကိတ်ကမူ မဂ္ဂဇင်းကျောဖုံးနေရာတွင် ပါဝင်လာကြောင်း သိရှိရသည်။

Planet Myanmar Network.

ဓါတ်ပုံများကြည့်ရန်.. ဒီနေရာမှာသွားပါ..

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...