University of Windsor

အတွဲ (၁၅)၊ အမှတ် (၁၃)


ကနေဒါနိုင်ငံရှိ University of Windsor ကို ၁၈၅၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သည်။ နှစ်ပေါင်း ၁၅၇ နှစ်တိုင်တိုင် အစဉ်အလာ မပျက် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် လမ်းကြောင်းမှန် ရရှိအောင် စွမ်းဆောင်ပေးနေသော ကျောင်းဟု ဆိုလျှင်လည်း မမှားချေ။ ယခုအခါ University of Windsor တွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၃၁၀၀၀ ကျော် တက်ရောက် ပညာသင်ကြားလျက် ရှိသည်။

University of Windsor Campus သည် ကနေဒါနိုင်ငံရှိ Windsor မြို့တွင် တည်ရှိပြီး Detroit မြစ်ကမ်း နားဘေးတွင် တည်ရှိသည်။ မြို့တွင်းနှင့် မိနစ်အနည်းသာ ကွာဝေးသည်။ ကျောင်းသား၊ ကျောင်းသူများ အတွက် သာယာလှပသော ရှုခင်းများ၊ Music နှင့် လည်ပတ်စရာ နေရာအနှံ့အပြား ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ကို နုပျို လန်းဆန်းနေစေလိမ့်မည် ဖြစ်သည်။

လက်ရှိ သင်ကြားနေသော ဘာသာရပ်များ

Accounting
Business
MedicineEconomics
Nursing
Psychology Art and Education
Architecture
Finance
Computer Sciences
General Science

Aerospace Engineering Program များအနေဖြင့် Undergraduate Program, Graduate Program Certificate and Diploma Program ဟူ၍ ခွဲခြားထားသည်။ Undergraduate Program အတွက် ကျောင်းဝင်ခွင့်မှာ အနည်းဆုံး ဒုတိယနှစ် တက်ရောက်နေသူများ၊ Diploma Advanced Diploma GCE A Level တက်ရောက်နေသူများ ဖြစ်ရမည်။ ကျောင်းဝင်ခွင့်အမှတ်မှာ IELTS 6.5 နှင့်အထက် (သို့) TOEFL (IBT) ရမှတ် ၈၃ မှ TOEFL (PBT) 560 နှင့် အထက် ရရှိရမည်ဖြစ်သည်။ Undergraduate Program ပြီးဆုံးပါက Bachelor Degree ကို ရရှိမည် ဖြစ်သည်။

Graduate Program အတွက် ကျောင်းဝင်ခွင့်များ IELTS 7 နှင့်အထက် (သို့မဟုတ်)TOEFL IBT ရမှတ် ၈၃ နှင့်အထက် IBT 560 နှင့် အထက် ရှိရမည်။ Graduate Program ကို တက်ရောက်မည် ဆိုပါက ဘာသာရပ် ၁၂၀ ကို စိတ်ကြိုက်ရွေးချယ် တက်ရောက်နိုင်မည်ဖြစ်သည်။ Graduate Program ပြီးဆုံးပါက Master/Ph.D Degree ကို ရရှိမည် ဖြစ်သည်။ University of Windsor အတွက် တစ်နှစ်တာ ကျောင်း စရိတ်မှာ ပျမ်းမျှအားဖြင့် ကနေဒီယမ် ၂၀၀၀၀၊ မြန်မာငွေ ကျပ်သိန်း ၁၈၀ ဝန်းကျင်ခန့် ရှိပြီး ကျောင်းတက်ရက်မှာ Spring, Summer, Fall ဖြစ်ကာ လျှောက်လိုသည့် လအတွက် ၅ လ ကြို လျှောက်ထားရန် လိုအပ်သည်။

ကျောင်းအကြောင်း စုံစမ်းနိုင်မည့် လိပ်စာ

Grace Education Servicesအမှတ် ၁၉၀၊ ပထမထပ်၊ ၂၈ လမ်း၊ အပေါ်ဘလောက်၊
ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း-၃၇၂၃၅၇၊ ၀၉-၅၁၄၀၈၀၂

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...