ပဒူကောင် ကိုက်ခံရ၍ လူပေါင်း ၂၁ ဦးသေဆုံး


ပဒူကောင် (ပျားတူ) အကိုက်ခံရမှုကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံ အလယ်ပိုင်းဒေသဆိုင်ရာ ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားသည်။

တရုတ်နိုင်ငံအလယ်ပိုင်း #Shaanxi ပြည်နယ် #Angkang မြို့နှင့် အနီးဝန်းကျင်ဒေသတွင် လူပေါင်း တစ်ရာကျော်မှာ အဆိုပါ အင်းဆက် အကိုက်ခံခဲ့ရသည်။

ထိုဒေသတွင် ယခုလပိုင်းအတွင်း အင်းဆက်များ ရုတ်တရက် စုပြုံရောက်ရှိလာကြောင်း သိရ သည်။ ဒေသခံသတင်းစာ Huashangbao ၏ အဆိုအရမူ ပဒူကောင် အကိုက်ခံရသူ ၂၁ ဦးမှာ ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရသည်။

By Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...