လန်ဒန်တက္ကသိုလ် စီးပွားရေးဘာသာရပ် ရာနှုန်းပြည့်ပညာသင်ဆု ချီးမြှင့်မည်



စင်ကာပူနိုင်ငံ SAA Global Education က ၂၀၁၄ ခုနှစ် ပညာသင်နှစ်အတွက် ထူးချွန်ကျောင်း သား၊ ကျောင်းသူတွေကို ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုတွေနဲ့ တစ်စိတ်တစ်ပိုင်း ပညာသင်ထောက် ပံ့ကြေး တွေ ပေးအပ်မှာဖြစ်လို့ University of London က ချီးမြှင့်မယ့် Diploma in Economic အတွက် ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
အဲသည် ၁၀၀ ရာခိုင်နှုန်းပညာသင်ဆုမှာ နှစ်မျိုးရှိပြီး တစ်မျိုးကကျောင်းလျှောက်တဲ့အခါ ပညာရေး မှတ်တမ်းတွေ ထူးချွန်ရင်ရရှိမယ့်ဆု၊ တစ်မျိုးကတက်ရောက်ပညာသင်ယူနေစဉ်ကာလအတွင်း ထူးချွန် ရင်ကျောင်းလခငွေပြန်လည် ချီးမြှင့်မယ့်ဆု ဖြစ်ပါတယ်။

စင်ကာပူဒေါ်လာ ၂၀၀၀ ပညာသင်ထောက်ပံ့ကြေး ပေးအပ်မယ့်ဘာသာရပ်တွေက စီးပွားရေးအဆင့် မြင့် ဒီပလိုမာ၊ စာရင်းနဲ့ဘဏ္ဍာရေးအဆင့်မြင့် ဒီပလိုမာတို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ အေစီစီအေ၊ အယ်စီစီအိုင်အဆင့် ၃၊ အေဘီအီးနဲ့ တခြားစီးပွားရေးဆိုင်ရာ ဒီပလိုမာ လက်မှတ်ရရှိထားသူတွေက ဘာသာရပ်ကင်းလွတ်ခွင့်တွေ သို့မဟုတ် သတ်မှတ်အရည်အချင်းပြည့်မီ ပါက ယူကေရှိ Plymouth University တို့မှအသိအမှတ်ပြုပေးအပ်တဲ့ Top-Up Degrees ကို တိုက် ရိုက်လျှောက်ထားနိုင်ပါတယ်။

ကျောင်းလျှောက်ထားသူတိုင်းကို လေယာဉ်လက်မှတ်အခမဲ့၊ Plymouth University ရဲ့ဒီဂရီပရိုဂရမ် မှာ First Class Honours (ရမှတ် ၇၀ ရာခိုင်နှုန်းအထက်) ရရှိရင် ကျောင်းလခငွေပြန်အမ်းတာနဲ့ အလုပ် အကိုင်နေရာချထားပေးမယ်လို့ Crown Education ကသိရပါတယ်။

မော်ဒန်သတင်းဂျာနယ်
အမှတ်(၃၉၆)၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၁၄

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...