ပိုလီယိုဖြစ်ပွားနေသော ကမ္ဘာ့အကြီးဆုံးဒေသ


Health Updates Journal No. 103

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးဟာ ပါကစ္စတန်နိုင်ငံရဲ့ အနောက်မြောက်ပိုင်း မြို့တော် Peshawar ၊ပါ့ရှဝါကို ပိုလီယိုဖြစ်ပွားနေသော ဒေသတွေထဲမှာ အကြီးဆုံးလို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီပါ့ရှဝါဒေသမှာ ပါကစ္စတန်နိုင်ငံရဲ့ပိုလီယိုဖြစ်ပွားနေသူ စုစု ပေါင်းရဲ့ ၉၀%ကျော် ရှိနေပါတယ်။

ဒါဟာ အာဖဂန်နစ္စတန်နိုင်ငံက ထွက်ပြေးလာသူတွေ အများဆုံးနေထိုင်ရာဒေသလည်း ဖြစ်ပါတယ်။ ပါကစ္စတန်မှာ ပိုလီယိုဖြစ်ပွားမှုရဲ့ ၈၀%ကျော်ဟာ ဒီပါ့ရှဝါဒေသက ပျံ့ပွားလာတဲ့ ပိုလီယိုဗိုင်းရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

 ပါကစ္စတန် နိုင်ငံဟာအာဖဂန်နစ္စတန်နိုင်ငံ၊ နိုက်ဂျီးရီးယားနိုင်ငံတွေပြီးရင် ပိုလီယိုရောဂါက ကပ်ရောဂါအသွင်နဲ့ ခြိမ်းခြောက်ခံနေရတဲ့ သုံးနိုင်ငံအုပ်စုထဲမှာ ပါဝင်နေပါတယ်။ ပါကစ္စတန် အနောက်မြောက်ပိုင်းမှာ စီးဆင်းနေ တဲ့ မြစ်တွေနဲ့ မိလ’ာစနစ်တွေမှာ ပိုလီယိုဗိုင်းရပ်စ် ပါဝင်မှုတွေကို စစ်ဆေးတွေ့ရှိရကြောင်းကို WHO က ထုတ်ပြန်ထားပါတယ်။

ယခင်နှစ်အတွင်းက ပါ့ရှဝါဒေသမှာ ပိုလီယိုပျော့ခွေ အကြောသေ ကလေးငယ်လူနာပေါင်း ၆၅ဦးအထိ ရှိခဲ့တယ်လို့သိရှိရပါတယ်။ ဒါ့ကြောင့် ကာကွယ်ဆေးတိုက်ကျွေးဖို့၊ ထိုးနှံဖို့ လုပ်သား၊ လှုပ်ရှားမှုများစွာလုပ်ဖို့ အရေးတကြီး လိုအပ်နေပေမယ့် ၂၀၁၂ခုနှစ်၊ ဇွန်လနောက်ပိုင်းမှာ ကာကွယ်ဆေးအဖွဲ့တွေကို တာလီဘန်တွေက တိုက်ခိုက်မှုအပြီးမှာ ကာကွယ်ဆေးအစီအစဉ်တွေ လုံးဝရပ်ဆိုင်းသွားခဲ့ပါတယ်။

ငြိမ်းအေး
ref;PTI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...