ပညာရေးတက္ကသိုလ်၊ ကောလိပ်များတွင် အင်္ဂလိပ်ဘာသာစကားသင်ကြားရေး ကန်ဒေါ်လာ ခြောက် သန်းကျော် ဗြိတိန်ထောက်ပံ့မည်



သမ္မတဦးသိန်းစိန်၏ သီးခြားမေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်၊ ကောလိပ်များ၌ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးအတွက် အမေရိကန်ဒေါ်လာ ခြောက်သန်းထောက်ပံ့မည်ဖြစ် ကြောင်း အာရှရေးရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟူဂိုဆွိုင်းကပြောသည်။
ဗြိတိသျှကောင်စီသည် အင်္ဂလိပ်ဆရာ၊ ဆရာမများအား မြန်မာနိုင်ငံရှိ ပညာရေးတက္ကသိုလ်၊ ကောလိပ် များသို့ယခုနှစ်အတွင်းစေလွှတ်၍ အင်္ဂလိပ်ဘာသာစကားသင်ကြားမှုများ စတင်ဆောင်ရွက်ရန် စီစဉ် နေပြီဖြစ်သည်။

"သမ္မတရဲ့ သီးခြားမေတ္တာရပ်ခံချက်အရ ဗြိတိသျှကောင်စီက ဒီနိုင်ငံရဲ့ပညာရေးတက္ကသိုလ်၊ ကော လိပ်တွေအားလုံးမှာ အင်္ဂလိပ်ဘာသာစကားသင်ကြားရေးအတွက် အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ သန်းထောက်ပံ့ဖို့ရှိတယ်လို့ ဒီနေ့ပြောကြားနိုင်တဲ့အတွက် ကျွန်တော်ဝမ်းသာဂုဏ်ယူမိပါတယ်" ဟု အာရှရေးရာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွိုင်းက ဇန်နဝါရီ ၃၀ ရက်တွင်ဗြိတိသျှကောင်စီ (မြန်မာ) ၌ပြောသည်။

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်ရောက်ရှိလာသော ဗြိတိန်ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်း ပြောရန် ကြေညာခဲ့သော်လည်း ထိန်းချုပ်ရန်မစွမ်းသာသော အကြောင်းများအကြောင်း ဗြိတိသျှ ကောင်စီ (မြန်မာ) တွင်နေရာရွှေ့ပြောင်း၍ မိန့်ခွန်းပြောကြားခဲ့ရကြောင်း သတင်းထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံမှ အင်္ဂလိပ်စာ ဆရာ၊ ဆရာမ ၄၅ ဦးသည်ပြည်တွင်းရှိ ပညာရေးတက္ကသိုလ်၊ ကောလိပ်များ ၌ ကာလရှည်လာရောက်သင်ကြားပို့ချမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ပြောထားသည်။

မြန်မာနိုင်ငံတွင် အခြေခံပညာမူလတန်းအဆင့်မှစ၍ တက္ကသိုလ်မှဘွဲ့ရရှိသည်ထိ အင်္ဂလိပ်ဘာသာ စကားကို နှစ်ပေါင်းများစွာသင်ယူခဲ့သော်လည်း ကျောင်းသား၊ ကျောင်းသူများ၏ အင်္ဂလိပ်ဘာသာ စကား စွမ်းရည်နိမ့်ကျနေခြင်းကြောင့် အစိုးရသစ်ကနိုင်ငံတကာအကူအညီဖြင့် အစီအစဉ်သစ်များ ဆောင်ရွက်နေသည်။

7Day News Journal

Vol.12, No.49, Feb.12, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...