ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ဂျပန်တက္ကသိုလ်တစ်ခု ပညာရေးပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုး



ဂျပန်နိုင်ငံရှိ ရီစုမိခန်အာရှပစိဖိတ်တက္ကသိုလ် (APU) သည်ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ပညာရေး ဆိုင်ရာနယ်ပယ်ခြောက်ခုတွင် ပူးပေါင်းဆောင်ရွက်၍ ပံ့ပိုးကူညီမှုပြုလုပ်ရန် သဘောတူလက်မှတ်ရေး ထိုးလိုက်သည်။
မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုနှင့် ပထမဆုံးအကြိမ် သဘောတူလက်မှတ်ရေးထိုးလိုက်သော ဂျပန် တက္ကသိုလ်သည် ပညာရေးကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်ပူးပေါင်းဆောင်ရွက် မည်ဖြစ်သည်။

သင်ကြားရေးဌာနမှ ပါမောက္ခများ၊ ဝန်ထမ်းများ ဖလှယ်ခြင်း၊ ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားဖလှယ် ခြင်း၊ သင်ကြားရေး၊ သင်ထောက်ကူပစ္စည်းနှင့် အခြားပညာရေးနှင့် သုတေသနဆိုင်ရာ သတင်းအ ချက်အလက် ဖလှယ်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ၊ တွေ့ဆုံပွဲနှင့် ကာလတိုသင်တန်းများဆောင်ရွက်ခြင်း၊ သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သင်တန်းအစီအစဉ်များ ပို့ချခြင်းသင်တန်း အစီအစဉ် များပို့ချခြင်းတို့ကို အတူတကွဆောင်ရွက်မည်ဖြစ်ကြောင်း အာရှပစိဖိတ်တက္ကသိုလ်မှ ပါမောက္ခကပြော ကြားသည်။

အာရှပစိဖိတ် တက္ကသိုလ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုသည် ပထမအဆင့်ခြေလှမ်းဖြစ်ပြီး အနာ ဂတ်တွင် မြန်မာနိုင်ငံ၏ပညာရေးအဆင့်မြှင့်တင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာကျောင်းသားများအတွက် ပညာသင်ဆုအခွင့်အလမ်းများ ဖန်တီးပေးထားသော အာရှပစိဖိတ် တက္ကသိုလ်တွင် မြန်မာနိုင်ငံမှဘွဲ့ကြိုကျောင်းသား ၂၁ ဦးနှင့် ဘွဲ့လွန်ကျောင်းသား ၃ ဦးပညာသင်ယူ နေပြီး ကျောင်းသားဟောင်း ၁၀၅ ဦးရှိသည်။

7Day News Journal

Vol.12, No.49, Feb.12, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...