ပညာရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်လျှောက်ထားနိုင်

 

မြန်မာနိုင်ငံ၌ ဆန်းသစ်တီထွင်သော ပညာရေးနှင့်ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် ရန် Social Enterprise Consultant တွင်ပါဝင်နိုင်မည့် အစီအစဉ်ကို လျှောက်ထားနိုင်ကြောင်း ဗြိတိ သျှကောင်စီက ကြေညာသည်။
ဗြိတိသျှကောင်စီ၏ Social Enterprise Consultant အစီအစဉ်သည် စီးပွားရေးလုပ်ငန်းကျွမ်းကျင်မှု များကို အသုံးပြု၍ မိမိပတ်ဝန်းကျင်နှင့် လူမှုအသိုင်းအဝိုင်းအား အပြုသဘောဆောင်သည့် အပြောင်း အလဲများ ဖန်တီးလိုစိတ် ပြင်းပြသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအနှံ့အပြားရှိ လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုဖြေရှင်းကျော်လွှား နိုင်မည့်ဖြေရှင်းချက်များကို ရှာဖွေဖော်ထုတ်ရန် စိတ်ရော၊ ကိုယ်ပါနှစ်မြှုပ်လုပ်ကိုင်လိုသူများ လျှောက် ထားသင့်ကြောင်း ဗြိတိသျှကောင်စီမှ ယင်းအစီအစဉ် တာဝန်ရှိသူ Tristan Ace ကပြောသည်။

အထက်ပါအစီအစဉ်အတွက် တက္ကသိုလ်မှဘွဲ့ရရှိထားပြီး စီးပွားရေးလုပ်ငန်း (သို့) အစိုးရမဟုတ်သော အဖွဲ့အစည်းတွင်လုပ်ငန်း အတွေ့အကြုံတစ်နှစ် အနည်းဆုံးရှိထားရမည်ဖြစ်ကာ လူတွေ့စစ်ဆေးမှုပြု လုပ်မည်ဖြစ်သည်။

အဆိုပါသင်တန်းကို ယခုနှစ်မတ်လနှင့် ဇွန်လတို့တွင် သက်ဆိုင်ရာအတန်းအလိုက် ခွဲခြားဖွင့်လှစ်သွား မည်ဖြစ်ပြီး www.myanmar-network.net တွင်အသေးစိတ်ဝင်ရောက်ကြည့်ရှု၍ ဖေဖော်ဝါရီ ၂၅ ရက်နောက်ဆုံးလျှောက်ထားရမည်ဖြစ်သည်။

7Day News Journal

Vol.12, No.49, Feb.12, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...