အသည်းရောင် အသားဝါ စီရောဂါကို ထိရောက်စွာ ကုသနိုင်မယ့် ဆေးဝါးသစ်


Health Updates Journal No. 103

အသည်းကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ အသည်းရောင်အသားဝါစီရောဂါအတွက် ထိရောက်ပြီး စိတ်ချရတဲ့ သောက်ဆေးနှစ်မျိုးကို သုတေသနတစ်ခုမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တွဲဖက်သောက်သုံးရမယ့် ဆေးဝါးနှစ်မျိုးဖြစ်တဲ့ daclatasvir နဲ့sofosbuvir့ တွေဟာ အပြင်းထန်ဆုံး အသည်းရောင်အသားဝါစီရောဂါကို ကုသနိုင်တယ်လို့ ဓာတ်ခွဲစမ်းသပ်မှုများအရ သိရှိရပါတယ်။


အသုံးပြုနေဆဲ ဆေးသုံးမျိုး ကုသမှု(tel previr,boceprevir,ribavirin)ှုတွေဟာထိရောက်မှု နည်းပါးလာတာကြောင့် ဆေးဝါးတွေကို အပူတပြင်းရှာဖွေနေရပါတယ်။ လေ့လာမှုခေါင်းဆောင် ဂျွန်ဟော့ကင်း ဆေးရုံမှသုတေသီMark Sulkow ski နဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ပေါ် တိုရီကို နိုင်ငံကကျန်းမာရေးစင်တာ ၁၈ခုမှာကုသနေတဲ့ အသည်းရောင် အသားဝါစီလူနာ ၂၁၁ဦးကို လေ့လာခဲ့တာဖြစ်ပါတယ်။ ပါဝင်သူတွေကို daclatasvir ဆေး၆၀မီလီဂရမ်နဲ့ sofosbuvir ဆေး၄၀၀မီလီဂရမ် နေ့စဉ်တိုက်ကျွေးခဲ့ပါတယ်။အဲဒီလို ကုသခဲ့ရာမှာ အသည်းရောင်အသား ၀ါစီရောဂါကိုဆေးသုံးမျိုး ကုသမှုထက်ပိုပြီးရောဂါ လက္ခဏာတွေကို လျော့ပါးသက်သာစေတယ်ဆိုတာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန် FDA ကတော့ dacla tasvir ကို ထောက်ခံချက် မပေးထားသေးပါဘူး။

ဒီလေ့လာမှုကြောင့် သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေတဲ့ ribavirin ဆေးဝါးကို ရှောင်လွှဲနိုင်တော့ မှာဖြစ်ကြောင်း Mark Sulkowskiက ရှင်းပြထားပါတယ်။ ဒီတွေ့ရှိမှုကို New England Journal of Medicine မှာ ဖော်ပြထားတာဖြစ်ပါတယ်။

ငြိမ်းအေး
ref;ANI

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...