ကြေကွဲစရာကောင်းခဲ့တဲ့ လက်ထပ်မင်္ဂလာပွဲ


အေသင်အောင်

လက်ထပ်မင်္ဂလာပွဲ အများစုဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးသွားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကတော့ တကယ့်ကို ၀မ်းနည်း ကြေကွဲစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ကင်ဆာ ရောဂါဝေဒနာခံစား နေရတဲ့ သူရဲ့နောက်ဆုံးခရီးကို ဖြောင့်ဖြူး စေဖို့ ကျင်းပပြု လုပ်ခဲ့တဲ့ လက်ထပ် မင်္ဂလာပွဲကြောင့် ဖြစ်ပါတယ်။ အသက် (၂၉) နှစ် အရွယ်ရှိတဲ့ ရိုဒန်ဟာ အသည်း ကင်ဆာရောဂါ ဝေဒနာ ခံစားနေရပါတယ်။ သူရဲ့ဝေဒနာဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး သေ မယ့်ရက်ကို စောင့်ဆိုင်း နေရတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သူ့ရဲ့ချစ်သူ ဖြစ်သူက လက်ထပ် မင်္ဂလာပွဲ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ် မင်္ဂလာပွဲကို မိသားစုတွေအပြင် ဆေးရုံဝန် ထမ်းတွေကလည်း ကူညီမှုတွေ ပေးခဲ့ကြပါတယ်။ ရိုဒန်ဟာ သေအံဆဲဆဲမှာ သူအရမ်းချစ်ရတဲ့ ချစ်သူကို လက်ထပ်ခဲ့ရလို့ အိပ်မက်တွေ အမှန်တကယ်ဖြစ်မြောက် သွားခဲ့ပါတယ်။

ရိုဒန်ဟာ သူ့ရဲ့ချစ်သူနဲ့ ဇူလိုင်လမှာ လက်ထပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မေလအတွင်းမှာ သူ့ရဲ့ ရောဂါဝေဒနာက အဆိုးရွားဆုံး အခြေအနေကို ရောက်လာခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ်မင်္ဂလာပွဲကို ဆေးရုံမှာပဲ ကျင်းပပြုလုပ်ပေး ခဲ့ပါတယ်။ ဒီနောက် ဘုရားကျောင်းမှာလည်း ကျင်းပနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ ဇနီးလောင်းဖြစ်သူဟာ လက်ထက် မင်္ဂလာပွဲမှာ ခင်ပွန်းဖြစ်သူကို ၀မ်းနည်းတဲ့ အကြည့်တွေနဲ့ ကြည့်ရှုခဲ့တာမို့ မြင်ရသူ အပေါင်း ၀မ်းနည်းစရာ ဖြစ်ခဲ့ပါတယ်။ ရိုဒန်ရဲ့ လက်ထပ်မင်္ဂလာပွဲ အခမ်းအနား ကို အစ်ကိုဖြစ်သူက ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးပြီး Youtube ၀က်ဘ်ဆိုက်မှာ ဇွန် (၁၈)ရက် စတင်လွှင့် တင်ခဲ့ရာ ကြည့်ရှုသူ အရေအတွက်က (၄) သန်းကျော်အထိ ရှိသွားခဲ့ပါတယ်။ ရိုဒန်ဟာ လက်ထပ်ပြီး (၁၀) နာရီအကြာမှာ လူ့လောကကြီးကို နှုတ်ဆက် ခွဲခွာသွားခဲ့ပါတယ်။


The Messenger 
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...